top of page

Search Results

32 results found with an empty search

  • ထိုင်း Land "လွတ်လပ်သောမြေ" and King Naresuan

    King Naresuan ကို ၁ ကနေ ၄ အထိကြည့်ပြီးပြီ ရုပ်ရှင်ကိုအ​ခြေခံပြီး မြင်မိတာလေးတွေပြောရမယ်ဆိုရင် -ထိုင်း ဆိုတာ လွတ်လပ်မှု လွတ်လပ်ရေး လို့ အဓိပ္ပါယ်ရပါသတဲ့ ဒါကြောင့်အရင်က အယုဒ္ဓယ မြန်မာအခေါ်ယိုးဒယားကနေ thailand, ထိုင်း land "လွတ်လပ်သောမြေ" မြန်မာတွေလက်မှလွတ်လပ်သွားသည်ဟု အဓိပ္ပါယ်ပေါက်ပါတယ် -ဟံသာဝတီ လက်အောက်ခံကနေ လွတ်လပ်ပြီလို့ကြေငြာနိုင်ခဲ့တာ နရဲစွမ်း မင်းသားက ကြေငြာခဲ့လို့ပါ ထိုင်းတွေရဲ့လွတ်လပ်ရေးဖခင်ဟာ နရဲစွမ်း ဖြစ်ပုံရပါတယ်( သမိုင်းကိုမလေ့လာထားပဲ ရုပ်ရှင်အရသာပြောခြင်းပါ မှားနိုင်ပါတယ်) -ထိုင်းတွေဟာ ဘုရင့်နောင်ကို အင်မတန်.ချစ် ကြောက် ရိုသေ တာကို သိရပါတယ် (မင်းကျင့်တရားနှင့်ပြည့်စုံပြီး လက်ရုံးရည်သာမက နှလုံးရည်နှင့်ပါပြည့်စုံ၍ဖြစ်မည်) -မင်းရဲကျော်စွာက racist ဖြစ်ပုံရပြီး အင်းဝရှာပုံတော်စာအုပ်မှာတော့ ၁၆ နှစ်နဲ့ တိုက်တိုင်းအောင် စစ်သရဲတစ်ယောက်အဖြစ်ရေးသားထားပြီး ထိုင်းတွေကတော့ လူယုတ်တစ်ယောက်သဖွယ် ပုံဖော်ထားပါတယ် -ဘုရင့်နောင်မကွယ်လွန်ခင် တိုင်းပြည်ကို ထိုင်းတွေ လက်ထဲ ထည့်လိုခဲ့တယ် လို့ ထိုင်းတွေကယူဆထားပါတယ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ် နန္ဒဘုရင်ကြောင့် ဟံသာဝတီ အင်ပါယာကြီးအများကြီး မှေးမှိန်သွားခဲ့လို့ပါ -ထိုစဥ်က ဇင်းမယ်(ချင်းမိုင်) က ဟံသာဝတီပိုင်ဖြစ်ပြီး ထိုင်းဟာ မြန်မာလက်အောက်ခံဘဝမှ လွတ်မြောက်ပြီဟုကြေငြာချိန်မှာလဲ ဟံသာဝတီပိုင်အဖြစ်တည်ရှိနေပြီး ထိုင်းနဲ့နဲနဲမှသက်ဆိုင်ခြင်းမရှိပါဘူး -ဟံသာဝတီသားများကို ဗမာ ရာမန် လို့ခေါ်ကြတာဟာ အဲ့ဒီရာမန် ဆိုတာ wiki ခေါက်ရင်တော့သိနိုင်ချင်သိနိုင်ပေမဲ့ သိသူများ ရှင်းပြသွားကြပါဦး -နန္ဒမင်သားဟာ နရဲစွမ်းရဲ့အမဖြစ်သူ ထိုင်းမင်းသမီး ကို ထိုင်းဘုရင် (ဘုရင့်နောင်၏ဘုရင်ခံ)မှ ဘုရင့်နောင်အား ဆက်သလိုက်ချိန်ကတည်းကနှစ်သက်ခဲ့တယ်လို့ ပြထားပါတယ် -ဘုရင့်နောင်ဟာ.ထိုင်းမင်းသမီးကို ချစ်ခင်ပေမဲ့ မိဖုရားအရာမထားခဲ့ပါဘူး။ ထိုစဥ်က ယောကျ်ားတွေက အဓိက ဖြစ်ကာ.မိန်းကလေးများအတွက်မူ ထားရာနေစေရာသွား အဖြစ် ယောကျ်ားများကိုပါရမီဖြည့်ဖို့သက်သက်ဆိုပေမဲ့ ရခိုင်လူမျိုးများအဖို့မှာတော့ ယောကျ်ားတွေနဲ့ ရင်ပေါင်တန်းကာ ရှေ့တန်းထွက်စစ်တိုက်ကြတဲ့ အမျိုးသမီးစစ်သူရဲကောင်းတွေရှိကာ တိုးတက်တဲ့အမြင်များရှိခဲ့တာကို.တွေ့ရပါတယ် -မင်းရဲကျော်စွာဟာ သူ့ရဲ့သူလျှိုကိုအသုံးချပြီး နရဲစွမ်မင်းသားကို အဆိပ်ခပ်လုပ်ကြံဖို့ နန္ဒဘုရင်ကိုတိုက်တွန်းခဲ့ပေမဲ့ နန္ဒဘုရင်ဟာ ကောက်ကျစ်တဲ့နည်းလမ်းကို မသုံးဖို့တားမြစ်ခဲ့တာကိုပြထားတဲ့အတွက် ထိုင်းတွေဟာ ဗမာတွေအပေါ် အထင်ကြီးလေးစားမှုရှိတာအမှန်ပါပဲ -ထိုခေတ်က နိုင်ငံတစ်နိုင်ငံကိုသိမ်းယူသည်ဆိုရာမှာ ကိုယ်နှင့်အဆင်မပြေသော ခေါင်းဆောင်အားဖြုတ်ချခဲ့ပြီး ကိုယ့်အားသစ္စာပြုသော သူအားတင်မြှောက်ကာပြန်လာခဲ့လိုက်တာဖြစ်တယ် ဗမာတပ်များတပ်စွဲထားခြင်း ဘာခြင်းများမရှိပဲ ကိုယ့်တိုင်းကိုယ့်ပြည် လွတ်လပ်စွာနေထိုင်နိုင်ပြီး ဘဏ္ဍာပုံမှန်ဆက်သခြင်း စစ်အင်အားတောင်းခံချိန်တွင် စေလွှတ်အားဖြည့်တိုက်ခိုက်ပေးရခြင်း တို့သာရှိလို့ အင်္ဂလိပ် နှင့်ဂျပန်တို့ မြန်မာကို သိမ်းယူခဲ့တာမျိုး နှင့် ပုံစံခြင်းလုံးဝမတူပေ -တကယ်တော့ တစ်ချို့တွေက အသေးစိပ်ကာ ဘယ်ဇာတ်ကွက်မှာဘယ်လို ထိုင်းတွေ သမိုင်းလိမ်တယ် ဘာဖြစ်တယ်ညာဖြစ်တယ် အစရှိသဖြင့် ငြင်းခုံနေကြပေမဲ့ ဇာတ်လမ်း စ ဆုံး ခြုံငုံကြည့်ရင် ဗမာကို ဗီလိန် အနေနဲ့ ပြထားတာ မင်းရဲကျော်စွာတစ်ယောက်လောက်ပဲရှိတာကို တွေ့ရမှာပါ -ဗမာတွေကို ကြောက်ရွံ့စရာအဖြစ်ပြထားပေမဲ့ ရွံရှာစရာများအဖြစ်ပြမထားပါဘူး (သီဟတင်စိုးနဲ့ဂျပန်ကင်ပေတိုင်များလို ) ဒီကားကိုကြည့်ပြီး တစ်ချိန်က ခမ်းနားလှပြီး အင်အားတောင့်တင်းလှတဲ့ ဗမာ.စစ်တပ်ကြီးနဲ့ သူရဲကောင်းကို မြတ်နိုးတတ်တဲ့စစ်သူရဲကောင်းတွေကို လေးစားအားကျမိတဲ့စိတ်တွေဖြစ်ပေါ်လာပြီး.ထိုင်းတွေရဲ့ ဗမာမုန်းတီးရေးကားလို့ ကိုယ့်အနေနဲ့တော့မယူဆမိပါကြောင်း (ထိုစဥ်က ထိုင်းများလွတ်လပ်ရေးရခဲ့ခြင်းမှာ ဗမာစစ်တပ်အနေနဲ့ ယခုခေတ်လိုခြင်းကျားကြီးများအသုံးမပြုခြင်း အသုံးပြုသော်လည်းဆေးမှုတ်မထားခြင်း အစရှိသဖြင့် အင်အားမပြည့်စုံခဲ့လို့ လို့စာရေးသူအနေနဲ့ သုံးသတ်မိပါတယ် ဤကားစကားချပ်) ရွှေရောင်တောက်ပခဲ့တဲ့အတိတ်တို့ကိုပုံဖော်ထားတဲ့ King Naresuan ဇာတ်ကား ၆ ကားဟာ လက်မလွတ်တန်းကြည့်ရှုသင့်တဲ့ရုပ်ရှင်ဖြစ်ပါကြောင်း နောက်မှ သတိရတာလေးတွေထပ်တင်ပါဦးမည်။ သူပြည့်

  • သူမ

    အစက တော့ ကိုယ် သူမက အဆုံး သတ် သွား ခဲ့...။ ကသမန

  • ချစ်လား မချစ်လား ကိုယ့်ဟာကိုယ်သေချာအောင်လုပ်

    တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတာ လျော့ချစ်တယ်တို့ ပိုချစ်တယ်တို့ဆိုတာမရှိဘူး သူကကိန်းသေပဲ ချစ်တာ နဲ့ မချစ်တာပဲ နည်းနည်းချစ်တယ်ဆိုတာမရှိဘူး ချစ်တယ်ဆို နည်းတာများတာမရှိဘူး ဒါပေမဲ့ မချစ်တော့ဘူးတို့ အရင်လိုမချစ်ဘူး တို့ဆိုတာ ဆက်ဆံရေးတစ်ခုအဆင်မပြေကြရာမှ ဖြစ်လာတဲ့နေ့တစ်ဒူဝ အကြောင်းအရာ အပြောအဆို တွေပဲ။ နည်းနည်းပဲချစ်တော့တာမဟုတ်ဘူး ချစ်တာကချစ်တယ် အဆင်မပြေလွန်းလို့ အဆင်ပြေမဲ့နည်းနဲ့နေလိုက်တာ။ ပြဿနာတွေဖြစ်စေမဲ့ ဆက်ဆံရေးကိုလျော့ချလိုက်တာ။ အဲ့တော့ နည်းတာများတာတွေထား ချစ်တယ်ဆိုတာနဲ့ မချစ်တော့ဘူးဆိုတာ သိ သာတဲ့ Contrast ပဲ။ တစ်ခုပဲ လူနှစ်ယောက်ချစ်တယ်ဆိုတာ လမ်းတစ်ခုခုကိုအတူတူလျောက်ကြမယ်လို့သဘောတူကြတာ ပန်းတိုင်တူကြတာ။ အဲ့တော့ ဘယ် ညာ လှမ်းတဲ့သဘောပဲ။ ဘယ်လှမ်း ညာလှမ်း ဒါဆိုပန်းတိုင်ဆီအချိန်မှန်ရောက််မယ်။ ပန်းတိုင်တူပါတယ် လမ်းတစ်ခုအတူတူလျောပ်ချင်ပါတယ်ဆိုပြီး ဒရွတ်တိုက်လိုက်နေရင်တော့ လှမ်းရတဲ့သူလည်းမောတယ် ဒရွတ်တိုက်လိုက်ရတဲ့သူလည်း ထိမယ်။ ချစ်လား မချစ်လား ကိုယ့်ဟာကိုယ်သေချာအောင်လုပ်ပါ။ ဒရွတ်တိုက်လိုက်နေရင်လည်းအဆင်ပြေမနေဘူး။ တစ်ဘက်တည်းလှမ်းနေရရင်လည်းအဆင်မပြေဘူး။ ( တရွတ်တိုက်လိုက်ရုံမကဘူး တစ်ခါတစ်ခါသူများလမ်းသွားလျောက်တတ်ကြသေးတယ် ) ချစ်ခင်လျက် ကသမန

  • ခါးတယ်

    ခါး တယ် မင်း မ ကြိုက်တဲ့ ဘီယာ သောက် တာ ခါး တယ် ခါး တယ် မင်းကြိုက် တဲ့ ကော် ဖီ သောက် လည်း ခါးတယ် ခါး တယ် မင်း ကြိုက် ခြင်း မ ကြိုက် ခြင်း မသိရတဲ့ နေ့ ည တွေ က ခါး တယ် ....။ ကသမန

  • နင်‌‌ပျော်နေမယ်ဆို

    နင်‌‌ပျော်နေမယ်ဆို နင်ရှိတဲ့အရပ်မှာ ပန်းတွေပွင့်ပါစေ....။ ကသမန

  • သို့ မပုန်းရည်। ခေတ္တ နတ်ရေကန်ရွာ

    ရာမ ခင်ခင်ထူးခေါ်လို့ မတ္တရာမြို့နယ်ထဲက နတ်ရေကန်ရွာလေး ရောက်သွားတယ် ရွာဓလေ့ ရွာထုံးတွေကို အလေးထားပြီး မြင်အောင်ဖွဲ့နိုင်တဲ့ ပြောနိုင်တဲ့ ဆရာနေဝင်းမြင့် တို့ ဇနီးမောင်နှံကို သဘောကျမိတာကြာပြီ။ ဆရာမရဲ့ မအိမ်ကံကို PDF အနေနဲ့ ၁/၃ ပုံလောက်ဖတ်ဖူးပေမဲ့ အခုထိမပြီးသေးဘူး။ အဲ့ကတည်းက ဆရာမရဲ့အာဘော်နဲ့ ရွာဓလေ့ ရွာထုံးတွေကို ဗဟုသုတရစရာအဖြစ် မှတ်ယူမိတယ်။ မအိမ်ကံ ဝတ္တုကထူးခြားပြီး ဖတ်လို့ကောင်းပေမဲ့ ရွာကမြန်မာအမျိုးသမီးတွေကိုကိုယ်စားပြုပြီး မိန်းမတွေရဲ့စိတ်တွေ အတွေးတွေ အိမ်မက်တွေက်ုချည်းဖတ်နေရသလိုခံစားမိတယ်။ အဆင်သင့်ရင်တော့ ပြီးအောင်ဖတ်ဖို့ကြံရွယ်ထားပေမဲ့အခုထိတော့မဖတ်ဖြစ်သေးဘူး။ အခုဒီစာအုပ်ကတော့ ၂ ပတ်အတွင်းပြီးသွားခဲ့တယ်။ စာလေးလို့ဖတ်မကောင်းလို့ စိတ်မဝင်စားလို့မဟုတ်ပဲ စာဖတ်နှေးတာရယ် မအားတာရယ်နဲ့ကြာသွားတာ။ ဒါပေမဲ့ အချိန်ရတာနဲ့ပြေးကိုင်မိတဲ့စာအုပ်။ ဆရာမ မပုန်းရည်ကို စာဖတ်ရင်းကြိုက်သွားတာလည်းဖြစ်နိုင်တယ်။ နတ်ရေကန်ရွာကိုရောက်သွားတာလည်းဖြစ်နိုင်တယ်။ ရန်ကုန်မှာမွေးဒီအရွယ်ရောက်လာတော့ ရွာဆိုတဲ့ဓလေ့ကို ခဏတာသာယာသွားတာလည်းဖြစ်နိုင်တယ်။ ဇာတ်လမ်းက မဆန်းဘူး။ ဇာတ်ကောင်ကလည်းမဆန်းဘူး။ မြန်မာ ဝတ္တု। ရုပ်ရှင် ဇာတ်လမ်းတော်တော်များများမှာတွေ့ရတဲ့ အရာတွေပဲ။ မြို့ကဆရာမ ရွာသေးရွာငယ် ကိုရောက်ပြီး ကြုံရဆုံရတဲ့ ပျော်စရာ ငိုစရာတွေ။ ချစ်သူရည်းစား ကိစ္စအချိပ်အဆက်တွေ ပဲဆိုပါတော့။ ဒါပေမဲ့ ဖတ်စေတယ်။ ဖတ်စေတယ်ဆိုတာ ဖတ်ခိုင်းတာမဟုတ်ပဲ သိသိကြီးနဲ့ကိုဖတ်ချင်စိတ်ဖြစ်စေတာ။ ဇာတ်လမ်း နဲ့ ဇာတ်ကောင် သပ်သပ်ကြီးဖြစ်မနေပဲ ကိုယ်ပါဇာတ်လမ်းထဲကတစ်နေရာရာရောက်နေသလိုကြီး। အထူးသဖြင့်တော့ ဆရာမ မပုန်းရည် ကို ကြိုက်သွားတဲ့ရွာသားတစ်ဦးလိုဖြစ်နေရော။ ဆရာမ မပုန်းရည်ကို အပြင်သက်ရှိမိန်းမတစ်ယောက်အနေနဲ့ ပုံဖေါ် စိတ်ကူးမိတာလည်းမရှိဘဲကို ကြိုက်သွားတာ။ လေးစားနေတာ। သဘောကျနေတာ။ အဓိကပြောချင်တာအခုမှ ဒီဝတ္တုနဲ့ပတ်သတ်ပြီး ကြိုက်သူ သဘောကျသူ များစွာရှိမှာပါ။ ဆရာမ ခင်ခင်ထူးရဲ့ စာပေအရေးအသားအဆင့်အတန်း ကို လေးစားသူ နှစ်သက်သူများစွာလည်းရှိပါတယ်။ အနုပညာ ကလောင်စွမ်းကဘယ်လောက်ထက်လည်းဆိုတာကိုယ်တိုင်ခံစားမိတဲ့ခံစားမှုတစ်ခုကိုပြောပြချင်လို့ပါ။ ဒီဝတ္တုကိုဖတ်နေရင်းမှာပဲ အသက် ၆၀ ကျော်လူကြီးများအတွက် အိမ်တိုင်ယာရောက်မဲ့ကောက်ပေးတဲ့ UEC ရဲ့အစီအစဥ်အရ ကျွန်တော်တို့ရပ်ကွက်မှာလည်း ရပ်ကျေး। UEC နဲ့ တာဝန်ကျအဖွဲ့တွေအိမ်တိုင်ယာရောက်မဲလာကောက်ကြပါတယ်။ ကျွန်တော့တိုက်မှာလည်း လူကြီးတွေရှိလို့ အုပ်စုလိုက်ကြီးရောက်လာပြီး တိုက်အောက်မဆင်းနိုင်တဲ့ လူကြီးတွေကို တိုက်ပေါ်တက်ပြီးမဲကောက်ကြပါတယ်။ အခုပြောနေတာ UEC တို့ ပါတီတို့နဲ့မသက်ဆိုင်ပါဘူး။ ပြောချင်တာက UEC နဲ့အတူပါလာတဲ့ မဲရုံတာဝန်ခံဆရာမတွေပါ။ သူငယ်တန်းကနေ ဆယ်တန်းထိ ၁၀ နှစ်လောက်နီးပါးကျောင်းသားဖြစ်ခဲ့တဲ့ ကျွန်တော့်အတွက် အဖြူအစိမ်းဝတ်ဆရာမတွေ ဆရာတွေဆိုတာ ဘာမှထူးဆန်းတာမဟုတ်ဘူး။" ကျန်းမာရွှင်လန်းပါစေဆရာမ" ဆိုတဲ့ နှုတ်ဆက်စကားပြောပြီး ဒီဆရာ ဆရာမတွေသင်ပေးတဲ့ပညာနဲ့လူဖြစ်လာရတာ။ အန္တကိုင်းဝင် ဆရာ ဆရာမများကို ငယ်ငယ်ထဲက ချစ်ကြောက်ရိုသေခဲ့တာ။ အိမ်မှာအတူနေအဖေ့ညီမ က လည်း ကျောင်းဆရာမ။ ဘာမှထူးဆန်းတဲ့ လူတွေ အမြင်တွေ မဟုတ်ဘူး။ ဒါပေမဲ့ ဒီဝတ္တုကိုဖတ်နေရင်း ဆရာမ မပုန်းရည်နဲ့ ကျေးရွာက ကျောင်းလေးကိုရောက်နေရင်း နေရင်းထိုင်ရင်းကိုဖြစ်လာတဲ့စိတ်။ UEC နဲ့အတူပါလာတဲ့ မဲကောက်တဲ့တာဝန်ခံ အဖြူအစိမ်းဝတ်ဆရာမတွေကိုတွေ့လိုက်ရတော့ စိတ်ထဲသ ဘောကျတာ ချစ်တာဆိုတာ။ ကိုယ့်ထက်ကြီးတဲ့ဆရာမကြီးတွေပါသလို ငယ်တဲ့ဆရာမလေးတွေပါပါတယ်။ မပုန်းရည်ကိုသဘောကျနေတုန်း အဖြူအစိမ်းဝတ်ဒီကဆရာမတွေတွေ့တော့ တကယ်ကြီးကိုရင်ခုန်သလိုလိုဘာလိုလိုနဲ့။ မဟုတ်တာတွေးပြီးဖွန်ကြောင်တာမဟုတ်မှန်းကိုယ့်ဟာကိုယ်သိပေမဲ့ ဒီလိုရေးပြတော့ တစ်မျိုးထင်ကြဦးမယ်။ ထားပါ ကိုယ်မှအဲ့လိုမဟုတ်တာ။ အဲ့တော့ စာပေ ဂီတာ ပန်းချီ ဓါတ်ပုံ. ရုပ်ရှင် စတဲ့ လူ့စိတ်နဲ့ လူအတွေးတွေကို ကြမ်းရာကနု နုရာကကြမ်းစေနိုင်တဲ့ အစွမ်းထက်လှတဲ့အနုပညာကိုပိုအံ့သြနှစ်သက်မိတယိ။ ကိုယ်လုပ်နေတဲ့အနုပညာလုပ်ငန်းမှာလည်း ကောင်းသောရည်ရွယ် တင်ပြမှုနဲ့ ကောင်းသောခံစားမှုရသပေးနိုင်အောင် သတိထားမိတယ်။ အခုတော့ နတ်ရေကန်ရွာက ကိုကြာစွယ်ကြီးနဲ့အတူ မပုန်းရည်ကိုလွမ်းမိရင်း( မပုန်းရည် ကအင်ဂျင်နီယာနဲ့ဇာတ်သိမ်းမှာကြိုက်သွားတာကိုးး) ချစ်ခင်လျက် ကသမန

  • အမှတ်တရဖြစ်စေခဲ့သော အကြောင်းတရားများ | The Memories |

    ကျွန်တော်တို့ ဘဝတွေမှာတွေ့ကြုံခဲ့ကြတဲ့ အကြောင်းတရားအဖြစ်အပျက်များကို စိတ်ထဲမှာ စွဲမြဲ မှတ်သားမိနေတတ်ကြတာသဘာဝပါ၊ ပျော်ခဲ့၊ ငိုခဲ့၊ ပြည့်စုံခဲ့၊ ချို့တဲ့ခဲ့၊ အေးချမ်းခဲ့၊ ပူလောင်ခဲ့၊ ချစ်ခဲ့၊ မုန်းခဲ့။ " ခဲ့ "ဆိုတဲ့ ဝိသေသအတိုင်း လက်ရှိ ပစ္စုပန်မဟုတ်ပဲ ကျော်လွန်ခဲ့တဲ့ စက္ကန့်၊ နာရီ၊ နေ့လနှစ် တွေလို့ အဓိပ္ပါယ်သက်ရောက်စေတဲ့ အတိတ်က အကြောင်းတရားတွေပါ။ ဘဝ ဆိုတဲ့တိုတောင်းလှတဲ့ ခရီးတစ်ခုမှာ ကျွန်တော်တို့ အတွက် Memories ( အမှတ်တရဖြစ်စေခဲ့သောအကြောင်းတရားများ) များစွာရှိကြပါတယ်။ ခါးသီးတဲ့နေ့ရက်အတွေ့အကြုံတွေနဲ့ ဖြတ်သန်းခဲ့ကြဖူးကြမှာ သေချာသလို၊ ပျော်ရွှင်ကြည်နူးခဲ့ရတဲ့အခိုက်အတန့်ပေါင်းများစွာလည်းရှိခဲ့ကြမှာဆသချာပါတယ်။ Expectations ( မျော်လင့်ခြင်းများ) များစွာနဲ့ အဲ့ဒီ မျော်လင့်ခြင်းတွေမှာ ပျော်ရွှင်ဖွယ်၊ သာယာကြည်နူးဖွယ်တွေကိုသာဖန်တီး မြင်ယောင်ကြည့်ကြရင်း လက်တွေ့ တွေ့ကြုံနေရတဲ့ အခိုက်အတန့်ရဲ့ အဆင်မပြေမှု့တွေကြုံတွေ့ရတဲ့အခါ သောက ဆိုတဲ့လောကဓံတရားကိုခံစားကြရပါတယ်၊ ဒီနေ့ဆိုတာမနေ့ကအတွက်မျော်လင့်ချက်လို့ တွေးလို့ရသလို မနေ့ကဆိုတာ ဒီနေ့အတွက်အတိတ်ပါပဲ။ အတိတ်မှာဖြစ်ခဲ့၊ ကြုံခဲ့တဲ့အကြောင်းတရားတွေများစွာထဲက ခါးသီးတဲ့ ၊ မိမိအတွက်အကျိုးမဲ့စေခဲ့တဲ့ အကြောင်းတရားတွေကို မှတ်မိနေတတ်ကြပြီး တစ်ခါတစ်ရံ လက်ရှိအခြေအနေနဲ့ ချိန်ထိုးတိုင်းတာပြီး လက်ရှိအချိန်ရဲ့ အေးချမ်းမှု့တွေကိုပါ ဖျက်ဆီးစေခဲ့ပါတယ်။ ဘဝရဲ့ အမှတ်တရပေါင်းများစွာ ထဲက ပျော်ရွင်ကြည်နူးခဲ့တဲ့ အမှတ်တရတွေဆိုတာ ပြန်လည်မှတ်မိခဲ့ရင်တောင် အရင်အချိန်ကလိုမျိုး ခံစားမှု့အပြည့်အဝပြန်လည်ခံစားမိဖို့ ခက်ခဲတတ်ကြပါတယ်၊ နာကျင်ခါးသီးတဲ့အတွေ့အကြုံဆိုတာ ဘဝမှာသံမှိ ုရိုက်ထားသလို ၊ ဖာထေး ချုပ်နှောင်ထားရသလို စွဲမြဲနေတတ်ကြပြီး မေ့ပျောက်ဖို့ခက်ခဲတတ်ပါတယ်၊ လက်ရှိအချိန်မိမိကိုယ်တိုင် ရော မိမိနှင့်ပတ်သတ်နေသူတွေကိုပါ ခါးသီးတဲ့အကြောင်းတရားအဖြစ်အပျက်များစွာက မသိစိတ်မှာရော သိစိတ်မှာပါ လိုက်နှောက်ယှက်နေတတ်ကြပြီး ပကတိအချိန်အတွက်ဆုံးဖြတ်ချက်အမှားတွေဆီတွန်းပို့တတ်ကြပါတယ်။ ပျော်တလှဲ့ ငိုတလှဲ့ ဆိုတဲ့သဘာဝတရားကြီးရဲ့ အဖြစ်နဲ့အပျက်ကြားမှာ လောဘ၊ဒေါသ၊ မောဟတရားတွေကြီးစိုး ခဲ့ကြပြီး အေးချမ်းပျော်ရွှင်ဖွယ် နေ့ရက်တွေကိုပါ ဖျက်ဆီးပစ်တတ်ကြပါတယ်၊ အရာအားလုံးတစ်နေ့မှာချန်ထားခဲ့ရမဲ့ ဘဝမှာ လက်ရှိအချိန်အကောင်းဆုံးဖြစ်စေပြီး မနက်ဖြန်အတွက် ဒီနေ့အဖြစ်အပျက်တွေက ပျော်ရွှင်ရတဲ့အတိတ်တစ်ခုအဖြစ် အမှတ်ရချင်ပါတယ်။ ဒီနေ့ဆိုတာမနေ့ကအတွက်မျော်လင့်ချက်ပါ... ချစ်ခြင်းများစွာဖြင့် ကသမန #Memories

  • လိုက်နိုင်ရဲ့လား?

    ပညာရေးနဲ့ ပတ်သက်ပြီး ကျတော့် အမြင်လေး တစ်ခုပြောချင်လို့ပါ ကျတော်တို့ ကျောင်းသားဘဝ တလျှောက်မှာ အမေးခံရတဲ့ မေးခွန်းတစ်ခုက “စာလိုက်နိုင်ရဲ့လား?” ဆိုတာပါ။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း နောက်တော့ တက္ကသိုလ်… အဲ့မှာ ရပ်သွားလားဆိုတော့ မရပ်သေးပါဘူး။ ကျောင်းတွေပြီးသွားတော့ ပြင်ပပညာရေးအတွက် သင်တန်းတွေ၊ ဒီပလိုမာတွေ အစုံလိုက်တက်လေ့လာရတာပါပဲ။ အဲ့ဒီ့အချိန်ထိ “စာလိုက်နိုင်ရဲ့လား?” ဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုကိုယ် ပြန်မေးနေရဆဲပါ။ ငယ်ငယ်ထဲက ကျတော်တို့ ဘာသာစုံကျောင်းစာတွေနောက်ကို လိုက်နေတာပဲ၊ လိုက်လို့မှီတဲ့ဘာသာရှိတယ်၊ လိုက်လို့ မမှီတဲ့ဘာသာရှိတယ်၊ အတန်းပညာနောက်ပိုင်း တခြားသင်တန်းတွေ၊ ကိုယ်တိုင်မဖြစ်မနေလေ့လာရတဲ့ ပညာရပ်တွေလဲ ရှိလာပါတယ်။ အဲ့အချိန်ထိ ယက်ကန်ယက်ကန် ဖြစ်နေတော့တာပဲ။ အဲ့ဒီမှာ ငါကတော့ ဒီပညာမှာ အားနည်းတယ်၊ ဉာဏ်မမှီဘူး၊ ဒီဘာသာကတော့ ငါ့အတွက်ခက်တယ် ဆိုပြီး ဖြစ်လာရော၊ အဲ့တော့ သင်တန်းတစ်ခုကနေ နောက်တစ်ခုကို ပြောင်းတက်တယ်။ အဲ့လိုနဲ့ပဲ ငါနဲ့မကိုက်ပြန်ဘူးလေဆိုပြီး ပညာရေးကိုလက်လျော့လိုက်ပြီး ဘဝရပ်တည်မှုအတွက် စီးပွားရေးလုပ်မှပဲဆိုပြီး ဖြစ်သွားတဲ့သူတွေ အများအပြားပဲ။ ဘဝရပ်တည်မှုလုပ်တော့လဲ လေ့လာသင်ကြားမှုက လိုအပ်လာတာပဲလေ။ ဒီလိုဆို မေးခွန်းကိုနည်းနည်းပြင်မေးမယ်ဗျာ... ဘဝမှာရော ကျတော်တို့ “လိုက်နိုင်ကြရဲလား ???” ခက်ခဲတိုင်း လက်လျော့ပြီး လွယ်တာတွေပြောင်းလုပ်ရင်းနဲ့ လုံးလည်ချာလည် လိုက်နေပြီလား? ဒီရက်ပိုင်း ကျတော့်ရဲ့ ၁၀ နှစ်မပြည့်သေးတဲ့ ကျတော့်တူလေးတွေနဲ့ အွန်လိုင်းကနေ ဂိမ်းဆော့ဖြစ်တယ်၊ နောက်တစ်ခုက ကျတော်မသိသေးတဲ့ အကြောင်းအရာတွေကို Website တွေကတဆင့် လေ့လာဖြစ်တယ်။ ကျတော့်တူ၊ တူမတွေက တခြားနိုင်ငံမှာပါ၊ သူတို့ရဲ့ ပညာသင်ကြားလေ့လာမှုပုံစံက ကျတော်တို့နဲ့မတူတော့ဘူး၊ စာပဲဖြစ်ဖြစ်၊ ဂိမ်းအသစ်တစ်ခုကို ကစားတာပဲဖြစ်ဖြစ် သူတို့သင်ယူပုံက ဘယ်သူ့မှအားမကိုးဘူး။ ၁၀ နှစ်သာ မပြည့်သေးတယ် သူတို့ ဦးနှောက်ဖွံ့ဖြိုးမှုက ကျတော်တို့လုပ်ငန်းခွင်ဝင်တဲ့ ကျတော်တို့အရွယ်တွေနဲ့ တွေးခေါ်ပုံကိုနားလည်ပြီး လိုက်လျောညီထွေ ဆက်ဆံနိုင်တယ်။ ကျတော်တို့ မသိတဲ့အကြောင်းအရာတွေကို သူတို့က နားလည်လွယ်အောင် ပြန်ရှင်းပြနိုင်တယ်။ သူတို့က ကျတော်တို့ကို လိုက်နိုင်တယ်ပေ့ါဗျာ။ တခြားနိုင်ငံက ကလေးတွေက လိုက်ရလွယ်တဲ့ ကိစ္စတွေကို ကျတော်တို့ ဘာကြောင့် လိုက်ရမလွယ်လဲ ဆိုတဲ့ မေးခွန်း ကျတော့်မှာရှိလာပြီ။ အစောပိုင်းကပြောခဲ့သလို ကျတော်တို့ ပညာရပ်တွေ အများကြီးသင်တယ်၊ သင်တန်းတွေ၊ ကျောင်းတွေတတ်တယ်၊ Self-study လုပ်သင့်တယ်ဆိုတာ သိတယ်။ ဒါပေမဲ့ ကျတော်တို့ လိုက်မမှီနိုင်ဘူး၊ မလိုက်နိုင်ဘူးဆိုတာတွေ ရှိလာတယ်။ နောက်တစ်ချက်က ကျတော် Website က လေ့လာမိတဲ့ အကြောင်းတစ်ခုပေါ့... Study Skills ဆိုတာကြီးပဲ... ကျောင်းသားဘဝ စာသင်ခန်းတွေမှာ ကျတော်တို့ Study Skills ဆိုတာကို သင်ဖူးကောင်းလဲ သင်ဖူးခဲ့မှာပါ၊ ကိုယ်တိုင်ရှာဖွေတွေ့ရှိခဲ့တဲ့ နည်းလမ်းတွေလဲ ရှိခဲ့မှာပါ။ ဒါပေမဲ့ ကျတော်တို့ Study Skills ကို စနစ်တကျ ပြုစုပျိုးထောင်ဖူးတာမျိုး အားနည်းခဲ့လိမ့်မယ်လို့ ကျတော်ယူဆတယ်။ Study Skills ဆိုတာ ကျတော်တို့လေ့လာသင်ယူဖို့ ကြိုးစားနေတဲ့အချိန်မှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေက ပညာရေးစနစ်တွေက နေ့စဥ်ဘဝမှာထည့်သွင်းပြီးသားဖြစ်နေတော့ ကလေးတွေကအလိုလို တတ်မြောက်နေတာမျိုး ဖြစ်နေရော၊ အဲ့ဒါ မျိုးဆက်ကွာခြားချက်ပဲ။ Study Skills ဆိုတာ အရေးကြီးတယ်၊ ဥပမာ ကွန်ပြူတာသင်မယ်၊ အင်္ဂလိပ်စာသင်မယ်၊ စီးပွားရေးပညာသင်မယ် ဆိုတာမျိုးတွေ မလုပ်ခင်မှာ Study Skills ဆိုတာကို အရင်သင်ယူလေ့လာသင့်တယ်။ ဒါမှ ပညာရပ်တစ်ခုခု၊ သင်တန်းတစ်ခုခုကို လေ့လာတဲ့အခါမှာ “လိုက်နိုင်မှာပေါ့” ပြောရရင် Study Skills (လေ့လာသင်ယူခြင်းဆိုင်ရာ ကျွမ်းကျင်မှုများ) ဆိုတာ စာဖတ်တတ်အောင် သင်သလိုပဲ၊ စာမှမဖတ်တတ်ရင် ကြိုက်တဲ့စာအုပ်ကိုင်၊ ကမ္ဘာကျော်အောင် ကောင်းတဲ့စာအုပ်ကြီးပဲ ကိုင်ထား ကိုင်ထား... လက်ထဲမှာစာအုပ်အလေးချိန်ကလွဲရင် ဘာမှမထူးခြားဘူး၊ အဲ့စာအုပ်ကလဲ ကိုယ့်အတွက် အသုံးမဝင်ဘူး။ ကားမောင်းသင်သလိုပဲ... လေးဘီးကား B600, Manual Gear နဲ့ ကားမောင်းသင်ဖူးရင်၊ ကြိုက်တဲ့ Manual Gear ကားတက်မောင်းကြည့် မောင်းလို့ရတယ်၊ Auto Gear ကားသစ်တွေလာရင်လဲ မောင်းဖို့ မခက်တော့ဘူး။ ကားမောင်းမှမတတ်ရင်တော့ ကိုယ့်အရှေ့မှာ BMW ကားကြီးရှိလဲ အလှထိုင်ကြည့်ချင်ကြည့်၊ ဒါမှမဟုတ် ရောင်းစားပေါ့... ကားအကြောင်းနားမလည်ရင် ဈေးကောင်းတော့ ရချင်မှ ရပေမပေါ့ဗျာ...။ အခြေခံပညာရေးစနစ်မှာ ဘာသာရပ်ဆိုင်ရာတွေမသင်ခင် Study Skills တွေကို အရင်ထက်ပိုအလေးပေး သင်ကြားစေချင်တယ်ဗျာ...။ ဒါမှပဲ “လိုက်နိုင်မှာပေ့ါ”။ ကျတော့် တွေးမိတာလေးကို ချရေးလိုက်တာဖြစ်လို့ မှန်တယ်၊ မှားတယ်၊ ပြည့်စုံတယ်၊ မပြည့်စုံဘူးဆိုတဲ့အပေါ် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။ ပြည့်ဖြိုး အောက်တိုဘာ (၆) ၂၀၂၀၊ နေ့လယ် ၂:၀၀ #OnePage

  • မျက်ရည်သွန်လို့ ဘဝင်ညှိုးဇူလိုင် တစ်ဆယ့်ကိုး

    ငယ်ငယ်က အတန်းထဲမယ် ကျက် ဆိုလို့ကျက်। ဆို ဆိုလို့လိုက်ဆို। ရေး ဆိုလို့ လိုက်ရေးခဲ့ရတဲ့ကဗျာ တစ်ပုဒ်။ ကျောင်းမှာသင်တဲ့ ကဗျာများစွာထဲက ကဗျာ တစ်ပုဒ်ထက်မပိုခဲ့ဘူး। စိတ်ဝင်စားမှုနဲ့ အနက်အဓိပ္ပါယ်ကိုပြောတာ။ တဖြည်းဖြည်းနဲ့ စဥ်းစားတွေးခေါ်နိုင်တဲ့အသိ နဲ့ အရွယ်ရလာတော့ ဒီဟာက ကဗျာသက်သက် အလွတ်ကျက်အော်ဖို့ အမှတ်ရနိုင်ဖို့ ငါတို့သင်ခဲ့ ကျက်ခဲ့ရတာမဟုတ်ပါလား। ငါတို့နိုင်ငံရဲ့ သမိုင်း। ဝမ်းနည်းစရာ အဖြစ်အပျက်। ပြည်ထောင်စု မြန်မာနိုင်ငံတော်ရဲ့ ကျေးဇူးရှင် အာဇာနည် တစ်ဦး အကြောင်း। မွေးတဲ့နေ့ကနေ အသတ်ခံရတဲ့နေ့အထိ အတိုဆုံး ရေးဖွဲ့မှတ်တမ်းပြုထားတဲ့ ကဗျာ ပါလားဆိုတာ သိလိုက်ရတယ်။ ဘယ်တော့မှမမေ့မဲ့ တန်ဖိုးရှိလှတဲ့ ကဗျာ တစ်ပုဒ်ပါ။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးသွားသော အာဇာနည် ခေါင်းဆောင်များကို ဦးညွတ် လေးစားလျက်.... ကသမန 19 July 2020

  • ကျွန်တော်ရဲ့ နည်းပညာနိဒါန်း (၂)

    ကျွန်တော်ရဲ့ နည်းပညာနိဒါန်း (၂) သည်နေ့ နေ့လယ် ထမင်းစားချိန်မှာ ရုံးက အကိုတစ်ယောက်နဲ့ စကားပြောဖြစ်တော့ လုပ်ငန်းခွင်က အဖြစ်အပျက်လေးတွေအကြောင်း၊ အလွဲလေးတွေအကြောင်း၊ သဘောထားအမြင်တွေအကြောင်း (၁၅) မိနစ်လောက် အားလူးဖုတ်ဖြစ်ကြတာပေါ့ဗျာ… သည်လိုပြောရင်းနဲ့ တစ်ချိန်က ကျွန်တော် ခုံခုံမင်မင်လေ့လာသင်ယူပြီး အလုပ်လုပ်ခဲ့ဖူးတဲ့ ကွန်ပြူတာ (Computer) အလုပ်နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို ပြန်ပြောပြဖြစ်တယ်။ ကျွန်တော်တို့အလွယ်ခေါ်ကြတာတော့ IT Field ပေါ့။ Computer ပညာရပ်တွေကို စပြီး သင်ယူဖြစ်တော့ အသက် (၁၆) နှစ်မှာပေါ့ ဆယ်တန်းစာမေးပွဲ ဖြေပြီးပြီးချင်းဆိုပါတော့… ကွန်ပြူတာပိုးစဝင်ပြီလို့ ကျွန်တော့် ဆရာမတွေကပြောကြတာပေါ့… တစ်နေ့တစ်နေ့ KMD Computer Center မှာပဲအချိန်ဖြုန်း သင်တန်းတွေတက်၊ သိချင်တာတွေကို တွေ့သမျှ ဆရာတွေကို လိုက်မေး။ Computer ဆိုတာကြီးက ကျွန်တော့်အတွက် အရမ်းထူးဆန်းနေခဲ့တာပေါ့။ နောက်တော့လဲ သင်တန်းတွေပြီးတော့ KMD မှာပဲ အလုပ်ဆက်ဝင်ပြီး ဆက်လေ့လာတယ်။ အသက် (၁၆) နှစ်မှာပဲ သင်တန်းတွေမှာ အကူဆရာအဖြစ်ဝင်လုပ်ခဲ့တယ်။ လေး ငါးလကြာတော့ ကွန်ပြူတာ Hardware စနစ်တွေအကြောင်း စပြီးရင်းနှီးလာတယ်။ နောက်ပိုင်းတော့ ကိုယ့်ကိုကိုယ် ကျွမ်းကျင်တယ်လို့ လက်ခံနိုင်လာတဲ့ အဆင့်ထိဖြစ်လာတယ်။ အလုပ်ခွင်ထဲမှာ Senior အကို အမတွေ၊ ဆရာ ဆရာမတွေ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း လေးလေးစားစား ဆက်ဆံသင်ယူခဲ့တယ်။ ဒါပေမယ့် ကျွန်တော်က သည်ပညာကို အရမ်း သိချင်တတ်ချင် အလေးထားလွန်းလို့လား မသိဘူး… လူမှုဆက်ဆံရေးမှာ ပြေပြေပြစ်ပြစ်ဆက်ဆံတက်မှု အားနည်းတယ်။ တစ်ခုခုကို အလေးအနက် စဉ်းစားပြီး လုပ်နေပြီဆိုရင် တစ်ယောက်ယောက်က လာခေါ်ပြီဆိုရင် မကြိုက်တော့ဘူး။ ထမင်းစားဖို့မေ့သွားတတ်တယ်။ တစ်ခါတစ်လေ အော်မိတယ်။ ကိုယ်တိုင်ကတော့ မသိဘူး ဘယ်လိုတုံ့ပြန်မိတယ်ဆိုတာကိုပေ့ါ။ ဒါပေမဲ့ ဘယ်သူကို ဘာပြန်ပြောမိတယ်ဆိုတာလဲ မမှတ်မိဘူး ပြောပြီးပြီးချင်းပဲ အာရုံက စဉ်းစားနေတဲ့ အကြောင်းအရာထဲပြန်ရောက်သွားတယ်။ ကိုယ်တိုင် အဲ့လို့ဖြစ်တက်တော့ Senior တွေအလုပ်လုပ်နေပြီဆို ဘာမှသွားမမေးတော့ဘူး အနားကပဲ ထိုင်ကြည့်နေတတ်တယ်။ သိချင်ရင် လက်ထဲက မှတ်စုစာအုပ်လေးနဲ့ မှတ်ထားတယ်။ လက်ဖက်ရည်သောက်ချိန်ဆိုရင်တော့ Senior တွေ နာဖို့သာပြင်တော့ တရစပ်ကို မေးတာပဲ။ မရှင်းသေးရင် Computer ရှေ့ရောက်တာနဲ့လက်တွေ့သင်ပေးဖို့သာ ပြင်ပေတော့ပဲ။ အဲ့လိုလဲ Senior တွေ၊ ဆရာ ဆရာမတွေကို ကျွန်တော် နှိပ်စက်ခဲ့ပါသေးတယ်။ အရမ်းချစ်စရာကောင်းတာက မေးလွန်းလို့ စိတ်ပျက်တာမျိုးထက် ပြန်သင်ပေးရတာကို သူတို့ အရမ်းသဘောကျကြတယ်။ တစ်ခါတစ်လေ မစဉ်းစားခဲ့မိတာတွေကအစ ရှာဖွေတွေ့ရှိသွားတာမျိုးပေါ့။ အဲ့သည့်အချိန်က Internet ဆိုတာ ဘယ်သူမှ လက်တွေ့ မသုံးဖူးကြသေးတဲ့အချိန်လေ။ Project တစ်ခုလုပ်ပြီဆိုရင် Coding တွေရေးကြပြီဆိုပါတော့ Supervisor တွေက အရမ်းချစ်စရာကောင်းတာက ငါ့ Code တွေ သူယူရေးတယ်၊ ငါ Style သူကူးတယ် ဆိုတာမျိုးလုံးဝမရှိဘူး။ Supervisor အချင်းချင်း “မင်းအခက်အခဲရှိရင် သည်လိုရေးကြည့်ပါလား၊ ဟိုလိုလေးရေးကြည့်ပါဦး” ဆိုတာမျိုး၊ “ငါ Project ရေးနားတဲ့ အချိန် မင်း Project Error ကို ငါကူရှာပေးမယ်” ဆိုတာမျိုး၊ “ငါ Software အသစ်ရလို့ သုံးရတာ အဆင်ပြေတယ်၊ မင်းတို့ စမ်းသုံးကြည့်ဦး”၊ “ငါတို့ error တွေကို ဖြေရှင်းလို့ရမဲ့ Solution အသစ်တွေတွေ့ထားတယ် မင်းတို့အသုံးတည့်နိုင်တယ် ဆိုတာမျိုး”၊ အသစ်အဆန်းတစ်ခုခုတွေရင် အားလုံးပေါင်းပြီး Develop လုပ်ကြတာမျိူးတွေပေါ့…. အရမ်းချစ်စရာကောင်းတဲ့ လုပ်ငန်းခွင်၊ မိသားစု လုပ်ငန်းခွင်ဆိုတာမျိုးပေါ့။ နောက်တော့ ကျွန်တော်တို့ လေ့လာသင်ယူမှုတွေအတွက် အခွင့်အလမ်းသစ်တွေပေါ်လာတာက MICT Park (Myanmar Info-Tech) ပေါ်လာပြီး နှစ်ပတ်လည်နေ့တွေ၊ ICT Fair တွေ၊ Software ပြိုင်ပွဲတွေ၊ Seminar တွေလုပ်နဲ့ ကျွန်တော့်အတွက် အချိန်ကို အကျိုးရှိရှိ ဖြုန်းစရာနေရာပေါ့။ ပြည်ပက ပညာရှင်တွေ၊ အလုပ်လုပ်ပြီး ပြန်လာသူတွေ ရဲ့ ဗဟုသုတတွေကို ရနိုင်တဲ့ ဆိတ်ငြိမ်တဲ့နေရာတစ်ခုဖြစ်လာတယ်။ အဲသည့်နေရာကို ရောက်ရင် ကိုယ့်ကိုကိုယ်လေပေါ်မြောက်နေသလိုခံစားရတယ်။ သူငယ်ချင်းတွေလဲ အများကြီး ရှိတယ်။ မြန်မာပြည်က နာမည်ကြီး IT Company က ပညာရှင်အစုံရှိတယ်။ MICT Park (Myanmar Info-Tech) မှာ အားလုံးကိုယ့်အလုပ်ကိုယ့်လုပ်ကြတယ်။ ပညာရှင်ခြင်း လေးလေးစားစားဆက်ဆံကြတယ်။ IT Field ထဲမှာ အသက်အရွယ်၊ အတွေ့အကြုံဘယ်လောက်ရှိတယ်ဆိုတာက အဓိကမကျဘူး။ ကျွန်တော်တကယ်ပြောချင်တာက သည်အကြောင်းပါ။ ဆိုကြပါစို့ အတွေ့အကြုံတွေထဲက တစ်ခုကို ပြောပြပါမယ်။ သည်အတွေ့အကြုံက ကျွန်တော်တစ်ယောက်ထဲကြုံတာမဟုတ်သလို လူတိုင်းကြုံဖူးတယ်။ လူတိုင်းလဲလက်ခံထားတဲ့ အကြောင်းအရာတစ်ခုပါ။ IT Field ထဲမှာ တစ်ဦးနဲ့တစ်ဦး လေးစားတာ၊ ပညာရပ်တွေအပေါ်၊ လူတွေအပေါ်မှာ ခွဲခြားမှုတွေမရှိရခြင်းရဲ့ ရှူ့ထောင့်တစ်ခုကို ထုတ်ဖော်ပြချင်တာပါ။ Seminar တွေမှာ ပညာရှင်ဆိုတဲ့သူတွေက အသက်ဘယ်လောက်တွေ၊ အတွေ့အကြုံဘယ်လောက်ရှိတယ်၊ နိုင်ငံတကာကလက်ခံတဲ့ Certificate တွေဘယ်လောက်ရထားမယ် လို့ထင်သလဲဗျ? အလယ်တန်းကျောင်းသား အရွယ်ကနေ၊ အသက်ငါးဆယ်ကျော်တွေအထိပါတယ်၊ အတွေ့အကြုံကွဲပြားမှုကလဲ အစုံပဲ၊ လက်မှတ်မရှိတဲ့ လူကနေ လက်မှတ်ပေါင်းများစွာကိုင်ထားပြီး နိုင်ငံတကာကသိတဲ့လူတွေတောင်ပါသေး…။ သည်လောက်ကွဲပြားနေတဲ့ လူတွေဘာလို့တစ်ဦးကိုတစ်ဦး လေးလေးစားစားဆက်ဆံလဲဆိုတဲ့ အဖြေကတော့…. အတွေ့အကြုံ အနှစ်နှစ်ဆယ်လောက်ရှိတဲ့လူက မသိတဲ့အချက်ကို အလယ်တန်းကျောင်းသား Computer မြင်ဘူးတာ နှစ်နှစ်လောက်ပဲရှိတဲ့ ပညာရှင်ပေါက်စလေး သိနေတာမျိုးလဲရှိတယ်။ ပညာရှင်ပေါက်စလေး မှာ မရှိနိုင်တဲ့ တွေ့အကြုံတွေကို ပညာရှင်ကြီးတွေက ပိုင်ဆိုင်ထားနိုင်တယ်ဗျာ။ Seminar တစ်ခုမှာ တကယ့် ပညာရှင်ကြီးတွေက လူတိုင်းနားလည်လွယ်အောင် မရှင်းတတ်တာမျိုးကို လူငယ်တစ်ဦးက ကူညီပြီး ရှင်းပြသွားတာမျိုးလဲရှိတယ်။ လေ့လာသင်ယူတဲ့ လမ်းကြောင်း ကိုင်တွယ်အသုံးပြုတဲ့ Application, Software, Tool လဲ မတူနိုင်တာတွေကြောင့် လူတစ်ဦးက အလုံးစုံ မသိနိုင်၊ မဖြေရှင်းနိုင်တာတွေလဲရှိတယ်ဗျာ။ ကျွန်တော်ထပ်ပြောပြရရင် နိုင်ငံတကာ IT လုပ်ငန်းခွင်တွေက လက်ခံတဲ့ တကယ့် Certificate တွေကို ပညာရှင်ကြီးတွေက ကိုင်ထားနိုင်သလို၊ ချာတိတ်လေးတွေကလဲ ပိုင်ဆိုင်ထားနိုင်ကြလို့ပဲ။ ဒါကြောင့် တစ်ဦးမသိနိုင်တာကို တစ်ဦးက သိနိုင်တယ်။ ဘယ်သူမှ မပြည့်စုံနိုင်ဘူး။ Seminar တစ်ခုမှာဘေးခြင်းယှဉ်ထိုင်နေတာက ကလေးဖြစ်လို့ လူကြီးဖြစ်လို့ဆိုပြီး မလေးမစားလုပ်လို့မရဘူး။ ကိုယ့်ဘေးကလူက ကိုယ်ထက် ပညာပိုင်း၊ တွေးခေါ်မှုပိုင်း၊ တစ်နေရာရာမှာ ကိုယ့်ထက်သာနေနိုင်တယ်၊ ကိုယ့်ထက်သိနေနိုင်တယ်ဆိုတာကို IT Field ထဲက လူတိုင်းလက်ခံထားပြီး အားလုံးကို အမြဲ လေးလေးစားစား ဆက်ဆံကြတယ်။ အသိပညာတွေ၊ အတတ်ပညာတွေကို ဝေမျှကြတယ်။ Knowledge Sharing ပေါ့ဗျာ။ သည်ဓလေ့တွေကို IT Field ကလာတာ မဟုတ်သူတွေ တချို့ နားမလည်နိုင်ကြဘူး။ ကျွန်တော်နဲ့ လက်တွဲလုပ်ခဲ့ကြတဲ့ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေဆိုရင် ညီအကိုရင်းတွေလိုပဲ။ သည်နေ့သည်အချိန်ထိ ဘယ်နေရာရောက်ရောက် ကျွန်တော်တို့ကြားမှာ အဆင့်အတန်း၊ ပညာ၊ အသက်အရွယ်၊ အတွေ့အကြုံ၊ ကုန်ကုန်ပြောရရင် ဘာတွေနဲ့မှ ခွဲခြားမဆက်ဆံကြဘူး။ ညီအကို မောင်နှမအရင်းတွေလိုပဲ… သည်လိုစိတ်ဓာတ်မျိုးကို Professional စိတ်ဓာတ်လို့ခေါ်မလားတော့ ကျွန်တော် မပြောတက်ဘူးဗျာ… ဝမ်းနည်းစရာကောင်းတာကတော့ တခြားလူမှုအသိုင်းအဝန်းတွေမှာ သည်လိုလေးစားမှုမျိုး၊ စိတ်ဓာတ်မျိုး သိပ်မတွေ့ရဘူးဗျာ…… Pyae Phyo 28 March 2014 3:11 PM #OnePage

  • ကျွန်တော်ရဲ့ နည်းပညာနိဒါန်း (၁)

    ကျွန်တော်ရဲ့ နည်းပညာနိဒါန်း (၁) ကျွန်တော်တို့ အလယ်တန်းကိုစတက်တဲ့ အချိန် ရန်ကုန်မြို့ကျောင်းတွေမှာ ကွန်ပြူတာခန်းတွေ အပြိုင်အဆိုင်ဖွင့်ကြတဲ့အချိန်ပါ။ အဲ့သည့်တုန်းက ကွန်ပြူတာခန်းကို ကျွန်တော်တစ်ခါမှ မရောက်ဖူးခဲ့ဘူး။ ဝင်ခွင့်မရခဲ့လို့ပါ။ ကျွန်တော့် အကိုကတော့ ကျွန်တော့်ထက်သာပါတယ်။ သူ့ရဲ့ သူငယ်ချင်းကောင်းမှုနဲ့ ကွန်ပြူတာခန်းထဲဝင်ကြည့်ခဲ့ဖူးပါတယ်။ ဈေးနှုန်း အရမ်းကြီးမြင့်တဲ့ စက်တစ်လုံးဆိုတော့ သူ ကိုင်တွယ်မကြည့်ရဲခဲ့ဘူး။ တစ်ပတ်တစ်ကြိမ် အိမ်ရောက်တိုင်း ကွန်ပြူတာခန်းထဲရောက်ခဲ့တိုင်း သူ တွေ့ခဲ့မြင်ခဲ့သမျှ အထူးအဆန်းတွေကို အားတက်သရော မနားထောင်ချင်လဲမရရအောင် ပြောပြခဲ့တယ်။ အဲ့သည့်အချိန်ထဲက ကျွန်တော့်ဆီမှာကွန်ပြူတာနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေ၊ နည်းပညာတွေ၊ မှော်ဆန်တဲ့ လုပ်ဆောင်ချက်တွေရဲ့ပိုးက ကူးစက်စပြုလာပါတယ်။ ဒါပေမယ့် ရပ်ကွက်တစ်ခုမှာ ကွန်ပြူတာပိုင်တဲ့ အိမ်သုံးလေးအိမ်ပဲရှိတဲ့ခေတ်မှာ ကျွန်တော်တို့ နီးစပ်ခွင့်မရခဲ့ပါဘူး။ အဲ့သည့် အားမလို အားမရစိတ်၊ မခံချင်စိတ်ကပဲ ကျွန်တော့်ကို ဆယ်တန်းဖြေအပြီး ကွန်ပြူတာသင်တန်းတွေတက်တဲ့အချိန်မှာ တစ်ကိုယ်လုံးကိုဖမ်းစားပြီး ကွန်ပြူတာရူး၊ နည်းပညာရူး တစ်ယောက်လိုဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော့်အကို အလယ်တန်းကျောင်းသားဘဝကနေ အထက်တန်းကျောင်းသားဘဝ ကူးတဲ့အချိန်ကစပြီး သူ့ကိုဖမ်းစားခဲ့တဲ့ ကွန်ပြူတာနဲ့ နီးစပ်ခွင့်မရခဲ့တဲ့အပြင်အထက်တန်းပညာရေးကြောင့် သူဆက်လေ့လာခွင့်မကြုံခဲ့ပါဘူး။ လျှပ်စစ်ပညာ ကျွမ်းကျင်တဲ့ သူ့ရဲ့သူငယ်ချင်းအိမ်ကိုတော့ သူအမြဲသွားခဲ့ပြီး ကြုံရင်ကြုံသလို လေ့လာခဲ့ပေမယ့် အရမ်းအလှမ်းဝေးတဲ့ပစ္စည်းတစ်ခုကို ချဉ်းကပ်ဖို့ သူ့မှာအင်အားမရှိခဲ့ပါဘူး။ စိတ်ကူးလဲဆက်မယဉ်တော့တာပါ။ ကျွန်တော်ကတော့ စူးစမ်းလိုစိတ်ရော၊ သိချင်တက်ချင်စိတ်နဲ့ မခံချင်စိတ်ပါ ပေါင်းပြီးကွန်ပြူတာနည်းပညာကို အတိုင်းအတာတစ်ခုထိ နက်နက်နဲနဲ သိမြင်တက်ကျွမ်းခဲ့ပါတယ်။ ကျွန်တော်ဝမ်းနည်းတာက ကျောင်းတွေမှာအပြိုင်အဆိုင်ဖွင့်ကြတဲ့ ကွန်ပြူတာခန်းဆိုတာ ပကာသနပစ္စည်းတစ်ခုဖြစ်နေပြီး ထိတွေ့ကိုင်တွယ်ခွင့်မရခဲတာကြောင့်ကျွန်တော်အကိုလို ကျောင်းသားပေါင်း လေ့လာစူးစမ်းဖို့ ဘယ်လောက်တောင် အခွင့်အရေးဆုံးရှူံးခဲ့မလဲ? အဲ့သည့်လိုသာမဖြစ်ခဲ့ရင်ကျွန်တော်တို့နိုင်ငံမှာ Steve Jobs (Apple), Steve Wozniak (Apple), Jonathan Ive(Apple), Larry Page (Google), Sergey Brin (Google), Bill Gates (Microsoft),Paul Allen (Microsoft), Steve Ballmer (Microsoft), Micheal Dell (Dell), MarkZuckerberg (Facebook) တို့လို နည်းပညာရှင်တွေ တီထွင်မှု ပါရမီရှင်တွေ ဘယ်လောက်တောင်ထွက်ခဲ့မလဲလို့ပါ???? “ကျွန်တော်တို့က ခေတ်နောက်ကိုလိုက်တဲ့သားကောင်တွေ ဖြစ်နေပြီး ခေတ်တစ်ခုကို မဖန်တီးနိုင်သေးပါဘူး” ဘာပဲပြောပြောပါ ကျွန်တော်သိခဲ့တဲ့ဗဟုသုတတွေနဲ့ အကို့ကြောင့် ကျွန်တော် သည်လမ်းကြောင်းပေါ်ကနေတစ်ဆင့် လျှောက်လှမ်းနိုင်ခဲ့တဲ့အတွက် တစ်သက်တာ ကျေးဇူးတင်နေမိပါတယ်။ Pyae Phyo 22 October 2013 6:59 AM #OnePage

  • တရားဝင်ကျောင်းပြေး

    ကျောင်းသားဘဝမှာ အလယ်တန်းတုန်းက ရှားရှားပါးပါး တစ်ခါကျောင်းပြေးဖူးတယ်။ အဲ့ဒီ့နေ့က ဥပုသ်နေ့အစား ကျောင်းပြန်တက်ရတာ။ တခြားပိတ်ရက်တစ်ရက်နဲ့လဲဆုံတော့ A, B, C သုံးခန်းပေါင်းမှ ကျောင်းသားက ၄၀ မပြည့်ချင်ဘူး။ ဒါနဲ့ အခန်းသုံးခန်းပေါင်းထိုင်ရရောလေ။ အဲ့မှာ စတာပဲ။ သုံးခန်းလုံးက အချောအလှလေး စာဂျပိုးမလေးတွေက တစ်ယောက်မှ ကျောင်းမတက်ဘူးလေ (ပြောတော့စာဂျပိုးတဲ့၊ ကျောင်းတက်လဲမမှန်ဘူး)။ လူနည်းတော့ စာကလဲ ဟုတ်တိပတ်တိ မသင် (ကျတော်တို့က စာကြိုးစားတဲ့ ကလေးတွေပါ အယ့်လယ်)။ ဒါနဲ့ မရှိမဲ့ရှိမဲ့ (B ခန်းကိုယ်စားပြု) ဘော်ဒါသုံးယောက်စုပြီး “ငါတို့ ဒိုးကျမယ်” ဆိုတိုင်ပင်ကြရော။ အဲ့အချိန်မှ အလျှိုလျှို အခန်းထဲက လစ်ထွက်တဲ့သူကထွက်ပြီးနေကြပါပြီ (ဆရာမလစ်တုန်း)။ ပြဿနာက အဲ့မှာစတာ… ပထမပြဿနာက... ကျောင်းကနေ ဂိတ်တံခါးရောက်ဖို့ ဘောလုံးကွင်းအကျယ်ကြီးကို ဖြတ်ရတယ်။ စာသင်ချိန်ဆိုတော့ အဲ့အချိန်ကွင်းထဲဖြတ်ပြေးရင် လယ်ပြင်မှာ ဆင်သွားသလို ရှင်းရှင်းကြီး (ပစ်မလွဲကြီးပေါ့ဗျာ)။ ဒုတိယပြဿနာက… ကျောင်းဂိတ်ဝက ဗိုလ်တဲမှာ ကျောင်းစောင့်က အမြဲရှိတယ်။ ပြဿနာအစွယ်အပွားက သူပြောတဲ့စကားက ဝဲတယ်၊ ကိုယ်ပြောရင် သူနားမထောင်၊ သူပြောရင် ကိုယ်နားမလည်ပဲ၊ မိလို့ကတော့ ဂုတ်ကဆွဲပြီး ကျောင်းအုပ်ကြီးဆီတန်းပို့မှာ (ဘယ်အတန်းပိုင်ဆီမှ အရင်မရောက်ဖူး၊ ကျောင်းအုပ်ပြီးရင် သူ့အကြောက်ရဆုံး)။ တတိယပြဿနာက… ကျောင်းကလွတ်ရင် ဘယ်သွားကြမလဲဆိုတာ? ရောက်ချင်ရာရောက်ကွာ စာမသင်ရမဲ့တူတူ ကျောင်းမှာမနေဘူးလို့ ဆုံးဖြတ်လိုက်ကြတယ် (ကျတော်တို့ဟာ စာကြိုးစားတဲ့ ကလေးတွေပါ၊ ဒါဒုတိယအကြိမ် ပြောပြတာ မေ့သွားမှာစိုးလို့)။ နောက်ဆက်တွဲ ပြဿနာအသေးလေးတွေရှိသေးတယ်… ကျောင်းကလစ်ရင် အတို့အထောင်လုပ်မဲ့ အခန်းထဲက သာလိကာမလေးတွေရယ်၊ မုန့်ဖိုးဘယ်လောက်ပါသလဲဆိုတာရယ်၊ စာသင်ခန်းထဲမှ အလိမ္မာဆုံး (ဆရာမက ဆုံးမရင် ကိုယ်တွေနာမည်တပ်တပ်ပြီး ပြောရတယ်) ဆိုတဲ့ နာမည်ကောင်းလေးတွေရယ် (ပြောသားပဲ စာကြိုးစားတဲ့ လူလိမ္မာလေးတွေပါဆို)။ အလယ်တန်းကျောင်းသာဘဝ တစ်လျှောက်လုံး နာမည်ကောင်းက ဒီတစ်ချက်ထဲနဲ့ အငွေ့ပျံရုံမကဘူး၊ နာမည်ဆိုးနဲ့ကျော်ကြားပြီး ကျောင်းရဲ့ ဆယ်လီဖြစ်လာမှာလဲရှိသေး။ ကျန်သေးတယ်… ကျောင်းနဲ့ အိမ်ကဝေးရှာတယ်… အိမ်ကနေ ခဲနဲ့ပေါက်ရင် တောင်ကျောင်းစောင့်နဖူး ပစ်မလွဲကိုဝေးတာ (ဒါတောင် တစ်ခါတစ်ခါ ကျောင်းချိန် သိပ်မှီတာမဟုတ်ဖူး)။ ပြီးတော့ ကိုယ့်အဖေနဲ့ အကိုနာမည်ပြောရင် မူလတန်းပြဆရာမကနေ ကျောင်းနာယကလောက်ထိပဲ သိကြတာပါ၊ ဘယ်သူသားလေ… ဘယ်သူညီလေ… ဆိုတာမျိုး။ ဒါတောင် အဲ့ကျောင်းမှာ အဆိုးဆုံး၊ အရိုက်အကြမ်းဆုံးလို့ မူလတန်းကျောင်းသားကအစ သတ်မှတ်ထားတဲ့ ဆရာမရှိတယ်၊ အဲ… အဲ့ဆရာမလက်မြှောက်ထားရတဲ့ ညီတော်မောင်ရဲ့ နာမည်ထုတ်မပြောသေးဘူး (သူကတော့ တကယ့်ကို ကျောင်းရဲ့ ငယ်မွေးခြံပေါက် ဆယ်လီပါ)။ ကဲကျောင်းဆက်ပြေးကြစို့… ကျောင်းဝင်းထဲက ထွက်ဖို့လမ်း နှစ်လမ်းရှိတယ်။ (၁) ဘောလုံးကွင်းကိုဖြတ်ပြေး၊ (၂) ကျောင်းအဆောင်ပြတင်းပေါက်ကခုန်ချ (မမြင့်ပါ)၊ သံစူးကြိုးကြားက ကျော်ဝင်၊ ဒါဆို ရပ်ကွက်ရုံးထဲ တန်းရောက်တယ်။ မဲမခွဲတော့ဘူး တစ်ညီတစ်ညွတ်ထဲ နံပါတ် (၂) လမ်းကို ရွေးလိုက်တယ်။ လူကောင်သေးသေးလေးတွေဆိုတော့သံဆူးကြိုးလဲ မညှိဘူး အေးဆေးပဲ၊ ရပ်ကွက်ရုံးထဲကဖြတ်၊ တွေ့တဲ့သူနှုတ်ဆက်၊ မှင်သေသေပဲ အိမ်ကိုအရင်သွား၊ ရေလေးဘာလေးသောက်တာပေါ့။ ပြီးတော့ အဖေ့ကိုပြောလိုက်တယ်၊ သားတို့ ကျောင်းမပြေးဘူးလို့ တစ်ခါလောက်ပြေးကြည့်ကြမလို့လို့ပြောတာပေါ့ (ပြောသားပဲ လူလိမ္မာလေးတွေပါ ခွင့်တောင်းပြီးမှ လုပ်တာပါဆို)။ သားအဖတွေ သိပ်ညှိရနှိုင်းရခက်တာပဲ။ အဖေက အေး… ဟုတ်ပြီ မုန့်ဖိုးယူသွားဦးမလား၊ လွယ်အိတ်တွေထားခဲ့၊ အဝတ်အစားလဲသွားလေတဲ့ (ဒါက အမေပြောတာ) နေပူထဲလျှောက်မသွားနဲ့ ဦးထုပ်ယူသွားတဲ့… ကျတော်တို့ကလဲ ပြောပါတယ်… ဟာ အဖေကလဲ ကျောင်းပြေးပါမယ်ဆိုမှ ကျောင်းဝတ်စုံလဲမလဲဘူး၊ လွယ်အိတ်မပြောနဲ့ စာအုပ်တစ်အုပ်တောင် မထားခဲ့ဖူး၊ မုန့်ဖိုးလဲထပ်မယူတော့ဘူး သဘာဝကျကျကျောင်းပြေးပါရစေတို့ ဘာညာပေါ့ဗျာ။ ပြီးတော့ အိမ်နားက ကစားကွင်းနားမှာရှိမယ် ကျောင်းဆင်းချိန်ပြန်လာပါမယ်ပေါ့… (ဒါတော့ပြောရမယ်လေ… ကျောင်းချိန်မှာ ကျောင်းဝတ်စုံတွေနဲ့ ကစားကွင်းထဲရောက်နေရင် လူကြီးတစ်ယောက်ယောက်က ပြန်ဆွဲခေါ်လာရင် ကျောင်းပြေးတဲ့ အစီအစဉ်ပျက်မှာပေါ့။ ပြီးတော့ သွားမဲ့နေရာက ပညာရေးမှူးရုံးနဲ့ ကပ်ရပ်ကစားကွင်းလေ အဖေသိထားတော့ကောင်းတာပေါ့နော်။ ဒါနဲ့ ကစားကွင်းရောက် စုထားတဲ့ ပိုက်ဆံအသစ်လေးတွေနဲ့ မုန့်စား၊ အကြွေစေ့တွေလဲ ဂိမ်းဆော့ပေါ့။ မှတ်မိသေးတယ် အဲ့တုန်းက သုံးလိုက်တဲ့ ပိုက်ဆံထဲမှ ၁၅ ကျပ်တန် အသစ်လေးတွေတောင်ပါသေး (ခုခေတ် မမြင်ရတော့ဘူး)။ ဒါနဲ့ ပိုက်ဆံလဲကုန်၊ အချိန်လဲကုန် ကျောင်းဆင်းချိန်ကြတော့ ကျောင်းကပဲ ပြန်လာသယောင်ယောင်ပေါ့ဗျာ။ ဒါက မှတ်မှတ်ရရ ဘဝမှာ တစ်ခါပဲ လုပ်ဖူးတဲ့ တရားဝင်ကျောင်းပြေးဖူးတာပေါ့ဗျာ (ဘယ်လိုလဲ အစီအစဉ်ချတာ ကောင်းတယ်မလား?) ဒီလိုပဲ စိတ်ကူးထဲ ပေါ်လာလို့ ချရေးလိုက်တာ အမှတ်ရစရာလေးတွေပေါ့…။ ပြည့်ဖြိုး အောက်တိုဘာ (၁၇) ၂၀၁၈၊ ည ၁၀း၄၂ #OnePage

  • ဆုံစည်းခြင်း

    “ဆုံစည်းပြီးရင် ခွဲခွာရမှာ ကြောက်တယ်” စကားတစ်ခု ကြားဖူးတယ်… တွေ့ကြဆုံကြ၊ ချစ်ခင်ကြ၊ ခွဲခွာကြရတာတွေဟာ လူ့ဘဝမှာ ဝမ်းနည်းစရာအကောင်းဆုံးပဲတဲ့။ လူ့တွေဟာ ကိုယ်ပိုင်ခရီးရှည်တစ်ခုကိုသွားနေကြတာပါ။ အဲဒီ့ခရီးက မြစ်တွေလို အကွေ့အကောက်တွေလဲ ရှိတယ်၊ ဒါကြောင့် ဘဝတစ်ဆစ်ချိုးလို့ သုံးနှုန်းကြတယ်ထင်တာပဲ။ တောင်ပေါ်ခရီးစဉ်တွေလို အနိမ့်အမြင့်တွေလဲ ရှိတယ်၊ ဒါကတော့ ငြင်းစရာမလိုပါဘူးနော်။ ဘဝခရီးမှာ အရှေ့ဘက်ကို သွားနေရင်း တစ်ဆစ်ချိုးတော့ အနောက်ဘက်ကို လှည့်လိုက်ရတဲ့ အခိုက်အတန့်တွေ ရှိတာပဲ။ အဲဒီ့မှာ ပိုကောင်းသွားတယ် ပိုဆိုးသွားတယ် ပြောနေကြတာပဲ။ ဟုတ်မှာပါ… အရှေ့ဆက်နင်းစရာ လမ်းမှမရှိတော့ပဲ၊ ဒါ့ကြောင့် အနောက်ဘက်လှည့်ရတာပေါ့၊ မြစ်ကြောင်းတွေလိုပဲ။ တောင်ပေါ်ခရီးစဉ်တွေကရောလို့ မေးလာရင်… အကောင်းအဆိုးတွေလိုပေ့ါလို့ပဲ ဖြေပါရစေ။ ခင်ဗျား တောင်ပေါ်ခရီးစဉ်တွေ သွားဖူးလား? မသွားဖူးရင်လဲ ကျတော် ပြောပြပါရစေ။ ခရီးတစ်ခုသွားရင် လူအများစုက စိတ်အားထက်သန်မှုတွေ ရှိကြတယ်ဗျ။ ဘာလိုမယ် ဘာတွေယူသွားမယ် ဆိုပြီး ပြင်ဆင်ကြတာပဲလေ၊ လမ်းမှာတွေ့တဲ့ သူတွေနဲ့ မိတ်ဖွဲ့မယ်၊ အတွေ့အကြုံသစ်တွေ ရှာဖွေမယ်၊ အရာရာကို စူးစမ်းချင်နေကြမယ်၊ ကလေးတွေလိုပေါ့။ တောင်ပေါ်ခရီးစဉ်တွေကတော့ စိတ်လှုပ်ရှားစရာကောင်းတယ်၊ လိုအပ်တာတွေ မပါသွားရင် နောင်တရတတ်တယ်၊ ဇွဲမရှိရင်လဲ မရဖူး၊ လမ်းတစ်ဝက်လောက်မှ ဒီခရီးကို စမိတာမှားပြီဆိုရင်တော့ သေချာတယ် ခင်ဗျား အချိန်၊ ငွေ၊ စိတ်အားထက်သန်မှုတွေ၊ စွမ်းအားတွေကို ဖြုန်းမိပြီလို့ပဲ ပြောပါရစေ။ ဒါဆို ခင်ဗျားဘာဆက်လုပ်မလဲ? ရွေးချယ်စရာ နှစ်ခုရှိတယ်။ ပထမတစ်ခုက ဆက်မသွားချင်တော့တာ သေချာရင် ပြန်လှည့်လိုက်၊ ကိုယ့်ကိုကိုယ်လဲ အပြစ်မတင်နဲ့၊ အနည်းဆုံးတွေ ကိုယ်ဘာကြိုက်တယ် ဘာမကြိုက်ဖူးဆိုတာ သိလိုက်ရတဲ့ ကောင်းကွက်လေးတစ်ခုရှိတယ်ဗျ။ ဒုတိယတစ်ခုက ဇွဲနည်းနည်းရှိလိုက်ဗျာ၊ စထားပြီးတဲ့လမ်း ဆုံးအောင်လျှောက်မယ်လို့။ ဒါဆို ခင်ဗျား ခြေလှမ်းတွေအတွက် အင်အားတွေရှိလာမယ်။ ပတ်ဝန်းကျင်ကို စူးစမ်းရင်း လေအေးအေးလေးတွေ၊ ရှူခင်းတွေ၊ သဘာဝအငွေ့အသက်တွေ ခံစားမိလာမယ်၊ နောက်ပြန်ဆုတ်ချင်တဲ့ စိတ်တွေ ခြေလှမ်းတိုင်းမှာ ကျန်ခဲ့လိမ့်မယ်၊ လမ်းသွားရင်း လူတွေကို ပြုံးပြတတ်လာမယ်၊ တစ်ခရီးထဲသွား မိတ်ဆွေသစ်တွေ ရချင်ရလာမှာပေ့ါဗျာ။ တောင်တစ်လုံးကို စတက်မယ်၊ တက်နေရင်း ပျော်လာမယ်၊ အမြင့်ဆုံးရောက်ရင် အလှဆုံးအရာတွေကို ခံစားမိလာမယ်။ ဒါပေမဲ့ အမြင့်ဆုံးရောက်ပြီးရင် အနိမ့်ဖက်ကို ခြေလှမ်းတွေပြန်လှည့်ရမယ်။ အကောင်းတွေပြီးရင် အဆိုးတွေလာမယ်လို့တော့ မပြောချင်ဘူးဗျာ။ အကောင်းတွေ အရောင်ဖျော့လာမယ်လို့ပဲ ပြောပါရစေ။ နောက်ထပ် နားနေစခန်းတစ်ခုရောက်ရင် နောက်ခရီးတစ်ထောက်အတွက် ခင်ဗျားပြန်ပြင်ဆင်ပေါ့ဗျာ၊ရေတို့စားစရာတွေလို လိုတာတွေထပ်ဖြည့်ပေါ့၊ နောက်တစ်ထောက်မှာ ဘယ်လိုမိတ်ဆွေသစ်တွေ ဘယ်လိုအတွေ့အကြုံသစ်တွေ ထပ်ရမလဲ ဆိုတာတော့ ဝှက်ဖဲတစ်ချပ်ပေါ့ဗျာ၊ ခင်ဗျားလို ဆက်သွားချင်တဲ့သူရှိမယ်၊ ဒါမှမဟုတ် အခုနားနေရာမှာပဲ ခရီးစဉ်ကို အဆုံးသတ်လိုက်မဲ့သူတွေလဲ ရှိတယ်။ ဒီတော့လဲ ပြီးခဲ့တဲ့ ခရီးက မိတ်ဆွေတွေကို ပွေ့ဖက်နှုတ်ဆက်ပြီး ဆက်သွားပေ့ါဗျာ။ ခြေလှမ်းတွေ လှမ်းတဲ့အခါ ဘယ်ပြီးရင် ညာလှမ်းရတယ်၊ ကပ်သတ်ပြောရအောင်… ခြေတစ်ဖက်ထဲခုန်သွားမယ်လို့၊ ရပါတယ် ခုန်ပါဗျာ၊ ခင်ဗျားလေ့ကျင့်ထားရင်တော့ ဝေးဝေးခုန်သွားနိုင်မှာပေါ့။ လူ့ဘဝခရီးရှည်တွေမှာ အလှည့်အပြောင်းတွေ ရှိနေတယ်ဗျ။ မြစ်တွေလို ဘယ်ကွေ့ညာကွေ့တွေ၊ တောင်တွေလို အတက်အဆင်းတွေ၊ ခြေလှမ်းတွေလို ဘယ်ညာတွေပေါ့ဗျာ…။ ကျတော်ငယ်ငယ်ကတော့ ခွဲခွာရခြင်းတွေရဲ့ ဝေဒနာတွေကို မလိုချင်လို့ ဆုတောင်းပြည့်တယ်ဆိုတဲ့ နေရာတွေရောက်ရင် ဆုတောင်းလေ့ရှိခဲ့ဖူးတယ်၊ “သံယောဇဉ်ကြောင့်၊ ချစ်ခြင်းမေတ္တာကြောင့် ပူလောင်ခြင်းတွေ ကင်းဝေးရပါစေ” လို့ပေ့ါ။ ကလေးဘဝတွေမှာ ဆုတောင်းရင်း ပြည့်တတ်တာလား? ဆုတောင်းပြည့်တယ်ဆိုတဲ့ နေရာတွေကြောင့်လား? ခွဲခွာခြင်းတွေ များခဲ့လို့ အရေထူသွားလား? ကျတော် မပြောတတ်တာ အမှန်ပါ။ ဒါပေမဲ့ အတိုင်းအတာတစ်ခုထိ ဆုတောင်းပြည့်ခဲ့ပါတယ်။ ဝမ်းနည်းစရာအကောင်းဆုံးဆိုတဲ့ အရာကတော့ ကျတော့်ကို ရာနှုန်းပြည့် မစွမ်းဆောင်နိုင်ဖူးပေါ့ဗျာ…။ ငယ်ငယ်က Game ကစားရင် အပြီးတိုင် နောက်ဆုံးခန်းက Boss ကို အနိုင်ရပြီး ကစားဖော်တွေကြားမှာ “ငါ ဒီ Game ကို အဆုံးထိ Game ပြီးပြီ” လို့ပြောလေ့ရှိကြတယ်။ ဒါဆိုတစ်ယောက်ယောက်က ပြောလိမ့်မယ့် “င့ါမှာ ဂိမ်းအသစ်ရှိတယ်၊ မင်းဆော့ကြည့်လေ” တဲ့။ အရွယ်ရောက်လာမှ ခံစားမိလာတယ်။ Game Over က အဓိကမဟုတ်ပါဘူး၊ Game Play ကသာ အရသာအစစ်ပါ၊ ကစားနေရတဲ့ အချိန်တွေကို အမြန်မပြီးချင်ပါနဲ့ဗျာ။ တစ်ကယ်တော့ ကျတော်ဟာ Game ထဲက ခရီးသွားတစ်ယောက်မျှသာ… ပြည့်ဖြိုး မတ် (၁၉) ၂၀၁၈၊ ညနေ ၄း၁၈ #OnePage

bottom of page