top of page

မျက်ရည်သွန်လို့ ဘဝင်ညှိုးဇူလိုင် တစ်ဆယ့်ကိုး



ငယ်ငယ်က အတန်းထဲမယ် ကျက် ဆိုလို့ကျက်। ဆို ဆိုလို့လိုက်ဆို। ရေး ဆိုလို့ လိုက်ရေးခဲ့ရတဲ့ကဗျာ တစ်ပုဒ်။ ကျောင်းမှာသင်တဲ့ ကဗျာများစွာထဲက ကဗျာ တစ်ပုဒ်ထက်မပိုခဲ့ဘူး। စိတ်ဝင်စားမှုနဲ့ အနက်အဓိပ္ပါယ်ကိုပြောတာ။


တဖြည်းဖြည်းနဲ့ စဥ်းစားတွေးခေါ်နိုင်တဲ့အသိ နဲ့ အရွယ်ရလာတော့ ဒီဟာက ကဗျာသက်သက် အလွတ်ကျက်အော်ဖို့ အမှတ်ရနိုင်ဖို့ ငါတို့သင်ခဲ့ ကျက်ခဲ့ရတာမဟုတ်ပါလား। ငါတို့နိုင်ငံရဲ့ သမိုင်း। ဝမ်းနည်းစရာ အဖြစ်အပျက်। ပြည်ထောင်စု မြန်မာနိုင်ငံတော်ရဲ့ ကျေးဇူးရှင် အာဇာနည် တစ်ဦး အကြောင်း।


မွေးတဲ့နေ့ကနေ အသတ်ခံရတဲ့နေ့အထိ အတိုဆုံး ရေးဖွဲ့မှတ်တမ်းပြုထားတဲ့ ကဗျာ ပါလားဆိုတာ သိလိုက်ရတယ်။ ဘယ်တော့မှမမေ့မဲ့ တန်ဖိုးရှိလှတဲ့ ကဗျာ တစ်ပုဒ်ပါ။


ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးသွားသော အာဇာနည် ခေါင်းဆောင်များကို ဦးညွတ် လေးစားလျက်....


ကသမန

19 July 2020

 
 
 

Comments


bottom of page