ထိုင်း Land "လွတ်လပ်သောမြေ" and King Naresuan
- ကသမန
- Nov 28, 2020
- 1 min read

King Naresuan ကို ၁ ကနေ ၄ အထိကြည့်ပြီးပြီ ရုပ်ရှင်ကိုအခြေခံပြီး မြင်မိတာလေးတွေပြောရမယ်ဆိုရင်
-ထိုင်း ဆိုတာ လွတ်လပ်မှု လွတ်လပ်ရေး လို့ အဓိပ္ပါယ်ရပါသတဲ့ ဒါကြောင့်အရင်က အယုဒ္ဓယ မြန်မာအခေါ်ယိုးဒယားကနေ thailand, ထိုင်း land "လွတ်လပ်သောမြေ" မြန်မာတွေလက်မှလွတ်လပ်သွားသည်ဟု အဓိပ္ပါယ်ပေါက်ပါတယ်
-ဟံသာဝတီ လက်အောက်ခံကနေ လွတ်လပ်ပြီလို့ကြေငြာနိုင်ခဲ့တာ နရဲစွမ်း မင်းသားက ကြေငြာခဲ့လို့ပါ ထိုင်းတွေရဲ့လွတ်လပ်ရေးဖခင်ဟာ နရဲစွမ်း ဖြစ်ပုံရပါတယ်( သမိုင်းကိုမလေ့လာထားပဲ ရုပ်ရှင်အရသာပြောခြင်းပါ မှားနိုင်ပါတယ်)
-ထိုင်းတွေဟာ ဘုရင့်နောင်ကို အင်မတန်.ချစ် ကြောက် ရိုသေ တာကို သိရပါတယ် (မင်းကျင့်တရားနှင့်ပြည့်စုံပြီး လက်ရုံးရည်သာမက နှလုံးရည်နှင့်ပါပြည့်စုံ၍ဖြစ်မည်)
-မင်းရဲကျော်စွာက racist ဖြစ်ပုံရပြီး အင်းဝရှာပုံတော်စာအုပ်မှာတော့ ၁၆ နှစ်နဲ့ တိုက်တိုင်းအောင် စစ်သရဲတစ်ယောက်အဖြစ်ရေးသားထားပြီး ထိုင်းတွေကတော့ လူယုတ်တစ်ယောက်သဖွယ် ပုံဖော်ထားပါတယ်
-ဘုရင့်နောင်မကွယ်လွန်ခင် တိုင်းပြည်ကို ထိုင်းတွေ လက်ထဲ ထည့်လိုခဲ့တယ် လို့ ထိုင်းတွေကယူဆထားပါတယ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ် နန္ဒဘုရင်ကြောင့် ဟံသာဝတီ အင်ပါယာကြီးအများကြီး မှေးမှိန်သွားခဲ့လို့ပါ
-ထိုစဥ်က ဇင်းမယ်(ချင်းမိုင်) က ဟံသာဝတီပိုင်ဖြစ်ပြီး ထိုင်းဟာ မြန်မာလက်အောက်ခံဘဝမှ လွတ်မြောက်ပြီဟုကြေငြာချိန်မှာလဲ ဟံသာဝတီပိုင်အဖြစ်တည်ရှိနေပြီး ထိုင်းနဲ့နဲနဲမှသက်ဆိုင်ခြင်းမရှိပါဘူး
-ဟံသာဝတီသားများကို ဗမာ ရာမန် လို့ခေါ်ကြတာဟာ အဲ့ဒီရာမန် ဆိုတာ wiki ခေါက်ရင်တော့သိနိုင်ချင်သိနိုင်ပေမဲ့ သိသူများ ရှင်းပြသွားကြပါဦး
-နန္ဒမင်သားဟာ နရဲစွမ်းရဲ့အမဖြစ်သူ ထိုင်းမင်းသမီး ကို ထိုင်းဘုရင် (ဘုရင့်နောင်၏ဘုရင်ခံ)မှ ဘုရင့်နောင်အား ဆက်သလိုက်ချိန်ကတည်းကနှစ်သက်ခဲ့တယ်လို့ ပြထားပါတယ်
-ဘုရင့်နောင်ဟာ.ထိုင်းမင်းသမီးကို ချစ်ခင်ပေမဲ့ မိဖုရားအရာမထားခဲ့ပါဘူး။ ထိုစဥ်က ယောကျ်ားတွေက အဓိက ဖြစ်ကာ.မိန်းကလေးများအတွက်မူ ထားရာနေစေရာသွား အဖြစ် ယောကျ်ားများကိုပါရမီဖြည့်ဖို့သက်သက်ဆိုပေမဲ့ ရခိုင်လူမျိုးများအဖို့မှာတော့ ယောကျ်ားတွေနဲ့ ရင်ပေါင်တန်းကာ ရှေ့တန်းထွက်စစ်တိုက်ကြတဲ့ အမျိုးသမီးစစ်သူရဲကောင်းတွေရှိကာ တိုးတက်တဲ့အမြင်များရှိခဲ့တာကို.တွေ့ရပါတယ်
-မင်းရဲကျော်စွာဟာ သူ့ရဲ့သူလျှိုကိုအသုံးချပြီး နရဲစွမ်မင်းသားကို အဆိပ်ခပ်လုပ်ကြံဖို့ နန္ဒဘုရင်ကိုတိုက်တွန်းခဲ့ပေမဲ့ နန္ဒဘုရင်ဟာ ကောက်ကျစ်တဲ့နည်းလမ်းကို မသုံးဖို့တားမြစ်ခဲ့တာကိုပြထားတဲ့အတွက် ထိုင်းတွေဟာ ဗမာတွေအပေါ် အထင်ကြီးလေးစားမှုရှိတာအမှန်ပါပဲ
-ထိုခေတ်က နိုင်ငံတစ်နိုင်ငံကိုသိမ်းယူသည်ဆိုရာမှာ ကိုယ်နှင့်အဆင်မပြေသော ခေါင်းဆောင်အားဖြုတ်ချခဲ့ပြီး ကိုယ့်အားသစ္စာပြုသော သူအားတင်မြှောက်ကာပြန်လာခဲ့လိုက်တာဖြစ်တယ် ဗမာတပ်များတပ်စွဲထားခြင်း ဘာခြင်းများမရှိပဲ ကိုယ့်တိုင်းကိုယ့်ပြည် လွတ်လပ်စွာနေထိုင်နိုင်ပြီး ဘဏ္ဍာပုံမှန်ဆက်သခြင်း စစ်အင်အားတောင်းခံချိန်တွင် စေလွှတ်အားဖြည့်တိုက်ခိုက်ပေးရခြင်း တို့သာရှိလို့ အင်္ဂလိပ် နှင့်ဂျပန်တို့ မြန်မာကို သိမ်းယူခဲ့တာမျိုး နှင့် ပုံစံခြင်းလုံးဝမတူပေ
-တကယ်တော့ တစ်ချို့တွေက အသေးစိပ်ကာ ဘယ်ဇာတ်ကွက်မှာဘယ်လို ထိုင်းတွေ သမိုင်းလိမ်တယ် ဘာဖြစ်တယ်ညာဖြစ်တယ် အစရှိသဖြင့် ငြင်းခုံနေကြပေမဲ့ ဇာတ်လမ်း စ ဆုံး ခြုံငုံကြည့်ရင် ဗမာကို ဗီလိန် အနေနဲ့ ပြထားတာ မင်းရဲကျော်စွာတစ်ယောက်လောက်ပဲရှိတာကို တွေ့ရမှာပါ
-ဗမာတွေကို ကြောက်ရွံ့စရာအဖြစ်ပြထားပေမဲ့ ရွံရှာစရာများအဖြစ်ပြမထားပါဘူး (သီဟတင်စိုးနဲ့ဂျပန်ကင်ပေတိုင်များလို )
ဒီကားကိုကြည့်ပြီး တစ်ချိန်က ခမ်းနားလှပြီး အင်အားတောင့်တင်းလှတဲ့ ဗမာ.စစ်တပ်ကြီးနဲ့ သူရဲကောင်းကို မြတ်နိုးတတ်တဲ့စစ်သူရဲကောင်းတွေကို လေးစားအားကျမိတဲ့စိတ်တွေဖြစ်ပေါ်လာပြီး.ထိုင်းတွေရဲ့ ဗမာမုန်းတီးရေးကားလို့ ကိုယ့်အနေနဲ့တော့မယူဆမိပါကြောင်း
(ထိုစဥ်က ထိုင်းများလွတ်လပ်ရေးရခဲ့ခြင်းမှာ ဗမာစစ်တပ်အနေနဲ့ ယခုခေတ်လိုခြင်းကျားကြီးများအသုံးမပြုခြင်း အသုံးပြုသော်လည်းဆေးမှုတ်မထားခြင်း အစရှိသဖြင့် အင်အားမပြည့်စုံခဲ့လို့ လို့စာရေးသူအနေနဲ့ သုံးသတ်မိပါတယ် ဤကားစကားချပ်)
ရွှေရောင်တောက်ပခဲ့တဲ့အတိတ်တို့ကိုပုံဖော်ထားတဲ့ King Naresuan ဇာတ်ကား ၆ ကားဟာ လက်မလွတ်တန်းကြည့်ရှုသင့်တဲ့ရုပ်ရှင်ဖြစ်ပါကြောင်း
နောက်မှ သတိရတာလေးတွေထပ်တင်ပါဦးမည်။
သူပြည့်
Comments