ချစ်လား မချစ်လား ကိုယ့်ဟာကိုယ်သေချာအောင်လုပ်
- ကသမန
- Nov 26, 2020
- 1 min read

တကယ်တော့
ချစ်ခြင်းမေတ္တာဆိုတာ လျော့ချစ်တယ်တို့ ပိုချစ်တယ်တို့ဆိုတာမရှိဘူး
သူကကိန်းသေပဲ
ချစ်တာ နဲ့ မချစ်တာပဲ
နည်းနည်းချစ်တယ်ဆိုတာမရှိဘူး ချစ်တယ်ဆို နည်းတာများတာမရှိဘူး
ဒါပေမဲ့ မချစ်တော့ဘူးတို့ အရင်လိုမချစ်ဘူး တို့ဆိုတာ ဆက်ဆံရေးတစ်ခုအဆင်မပြေကြရာမှ ဖြစ်လာတဲ့နေ့တစ်ဒူဝ အကြောင်းအရာ အပြောအဆို တွေပဲ။
နည်းနည်းပဲချစ်တော့တာမဟုတ်ဘူး ချစ်တာကချစ်တယ် အဆင်မပြေလွန်းလို့ အဆင်ပြေမဲ့နည်းနဲ့နေလိုက်တာ။ ပြဿနာတွေဖြစ်စေမဲ့ ဆက်ဆံရေးကိုလျော့ချလိုက်တာ။ အဲ့တော့ နည်းတာများတာတွေထား ချစ်တယ်ဆိုတာနဲ့ မချစ်တော့ဘူးဆိုတာ သိ သာတဲ့ Contrast ပဲ။
တစ်ခုပဲ လူနှစ်ယောက်ချစ်တယ်ဆိုတာ လမ်းတစ်ခုခုကိုအတူတူလျောက်ကြမယ်လို့သဘောတူကြတာ ပန်းတိုင်တူကြတာ။
အဲ့တော့ ဘယ် ညာ လှမ်းတဲ့သဘောပဲ။ ဘယ်လှမ်း ညာလှမ်း ဒါဆိုပန်းတိုင်ဆီအချိန်မှန်ရောက််မယ်။ ပန်းတိုင်တူပါတယ် လမ်းတစ်ခုအတူတူလျောပ်ချင်ပါတယ်ဆိုပြီး ဒရွတ်တိုက်လိုက်နေရင်တော့ လှမ်းရတဲ့သူလည်းမောတယ် ဒရွတ်တိုက်လိုက်ရတဲ့သူလည်း ထိမယ်။
ချစ်လား မချစ်လား ကိုယ့်ဟာကိုယ်သေချာအောင်လုပ်ပါ။ ဒရွတ်တိုက်လိုက်နေရင်လည်းအဆင်ပြေမနေဘူး။ တစ်ဘက်တည်းလှမ်းနေရရင်လည်းအဆင်မပြေဘူး။
( တရွတ်တိုက်လိုက်ရုံမကဘူး တစ်ခါတစ်ခါသူများလမ်းသွားလျောက်တတ်ကြသေးတယ် )
ချစ်ခင်လျက်
ကသမန
Comments