top of page

အမှတ်တရဖြစ်စေခဲ့သော အကြောင်းတရားများ | The Memories |




ကျွန်တော်တို့ ဘဝတွေမှာတွေ့ကြုံခဲ့ကြတဲ့ အကြောင်းတရားအဖြစ်အပျက်များကို စိတ်ထဲမှာ စွဲမြဲ မှတ်သားမိနေတတ်ကြတာသဘာဝပါ၊


ပျော်ခဲ့၊ ငိုခဲ့၊ ပြည့်စုံခဲ့၊ ချို့တဲ့ခဲ့၊ အေးချမ်းခဲ့၊ ပူလောင်ခဲ့၊ ချစ်ခဲ့၊ မုန်းခဲ့။


" ခဲ့ "ဆိုတဲ့ ဝိသေသအတိုင်း လက်ရှိ ပစ္စုပန်မဟုတ်ပဲ ကျော်လွန်ခဲ့တဲ့ စက္ကန့်၊ နာရီ၊ နေ့လနှစ် တွေလို့ အဓိပ္ပါယ်သက်ရောက်စေတဲ့ အတိတ်က အကြောင်းတရားတွေပါ။


ဘဝ ဆိုတဲ့တိုတောင်းလှတဲ့ ခရီးတစ်ခုမှာ ကျွန်တော်တို့ အတွက် Memories ( အမှတ်တရဖြစ်စေခဲ့သောအကြောင်းတရားများ) များစွာရှိကြပါတယ်။


ခါးသီးတဲ့နေ့ရက်အတွေ့အကြုံတွေနဲ့ ဖြတ်သန်းခဲ့ကြဖူးကြမှာ သေချာသလို၊ ပျော်ရွှင်ကြည်နူးခဲ့ရတဲ့အခိုက်အတန့်ပေါင်းများစွာလည်းရှိခဲ့ကြမှာဆသချာပါတယ်။


Expectations ( မျော်လင့်ခြင်းများ) များစွာနဲ့ အဲ့ဒီ မျော်လင့်ခြင်းတွေမှာ ပျော်ရွှင်ဖွယ်၊ သာယာကြည်နူးဖွယ်တွေကိုသာဖန်တီး မြင်ယောင်ကြည့်ကြရင်း လက်တွေ့ တွေ့ကြုံနေရတဲ့ အခိုက်အတန့်ရဲ့ အဆင်မပြေမှု့တွေကြုံတွေ့ရတဲ့အခါ သောက ဆိုတဲ့လောကဓံတရားကိုခံစားကြရပါတယ်၊


ဒီနေ့ဆိုတာမနေ့ကအတွက်မျော်လင့်ချက်လို့ တွေးလို့ရသလို

မနေ့ကဆိုတာ ဒီနေ့အတွက်အတိတ်ပါပဲ။


အတိတ်မှာဖြစ်ခဲ့၊ ကြုံခဲ့တဲ့အကြောင်းတရားတွေများစွာထဲက ခါးသီးတဲ့ ၊ မိမိအတွက်အကျိုးမဲ့စေခဲ့တဲ့ အကြောင်းတရားတွေကို မှတ်မိနေတတ်ကြပြီး တစ်ခါတစ်ရံ လက်ရှိအခြေအနေနဲ့ ချိန်ထိုးတိုင်းတာပြီး လက်ရှိအချိန်ရဲ့ အေးချမ်းမှု့တွေကိုပါ ဖျက်ဆီးစေခဲ့ပါတယ်။


ဘဝရဲ့ အမှတ်တရပေါင်းများစွာ ထဲက ပျော်ရွင်ကြည်နူးခဲ့တဲ့ အမှတ်တရတွေဆိုတာ ပြန်လည်မှတ်မိခဲ့ရင်တောင် အရင်အချိန်ကလိုမျိုး ခံစားမှု့အပြည့်အဝပြန်လည်ခံစားမိဖို့ ခက်ခဲတတ်ကြပါတယ်၊


နာကျင်ခါးသီးတဲ့အတွေ့အကြုံဆိုတာ ဘဝမှာသံမှိ ုရိုက်ထားသလို ၊ ဖာထေး ချုပ်နှောင်ထားရသလို စွဲမြဲနေတတ်ကြပြီး မေ့ပျောက်ဖို့ခက်ခဲတတ်ပါတယ်၊


လက်ရှိအချိန်မိမိကိုယ်တိုင် ရော မိမိနှင့်ပတ်သတ်နေသူတွေကိုပါ ခါးသီးတဲ့အကြောင်းတရားအဖြစ်အပျက်များစွာက မသိစိတ်မှာရော သိစိတ်မှာပါ လိုက်နှောက်ယှက်နေတတ်ကြပြီး ပကတိအချိန်အတွက်ဆုံးဖြတ်ချက်အမှားတွေဆီတွန်းပို့တတ်ကြပါတယ်။


ပျော်တလှဲ့ ငိုတလှဲ့ ဆိုတဲ့သဘာဝတရားကြီးရဲ့ အဖြစ်နဲ့အပျက်ကြားမှာ လောဘ၊ဒေါသ၊ မောဟတရားတွေကြီးစိုး ခဲ့ကြပြီး အေးချမ်းပျော်ရွှင်ဖွယ် နေ့ရက်တွေကိုပါ ဖျက်ဆီးပစ်တတ်ကြပါတယ်၊


အရာအားလုံးတစ်နေ့မှာချန်ထားခဲ့ရမဲ့ ဘဝမှာ လက်ရှိအချိန်အကောင်းဆုံးဖြစ်စေပြီး မနက်ဖြန်အတွက် ဒီနေ့အဖြစ်အပျက်တွေက ပျော်ရွှင်ရတဲ့အတိတ်တစ်ခုအဖြစ် အမှတ်ရချင်ပါတယ်။

ဒီနေ့ဆိုတာမနေ့ကအတွက်မျော်လင့်ချက်ပါ...


ချစ်ခြင်းများစွာဖြင့်

ကသမန


 
 
 

Comentarios


bottom of page