top of page

Search Results

32 results found with an empty search

  • Q&A on Coronaviruses (Covid-19) အမေးများတဲ့ မေးခွန်း (Part :2)

    Q. Coronavirus နဲ့ Covid-19 တူပါသလား? ဒီအခေါ်အဝေါ်တွေကို ဘယ်လိုရလာပါသလဲ? Coronavirus နဲ့ Covid-19 က မတူပါဘူး၊ ဒါပေမဲ့ တစ်ခါတရံ ဒီအခေါ်အဝေါ်တွေကို အပြန်အလှန်သုံးနိုင်ပါတယ်။ အခု novel coronavirus ဟာ အသစ်ဖြစ်ဖြစ်သလို ၂၀၁၉ ခုနှစ်ကစပြီး လူတွေမှာ တွေ့ရတာပါ။ လူကို ကူးစက်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ် စုစုပေါင်း ၇ မျိုးရှိပါတယ်။ ဥပမာ SARS တို့၊ MERS တို့လိုပါ။ သရဖူပုံစံ အဆူးလေးတွေမျက်နှာပြင်ပေါ်မှာပါလို့ ကိုရိုနာဗိုင်းရပ်စ်လို့ အမည်ပေးထားတာပါ။ ဒီဗိုင်းရပ်စ်ရဲ့ သိပ္ပံနာမည်က SARS-CoV-2 ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ အသက်ရှူလမ်းကြောင်းကို ဆိုးရွားပြင်းထန်စွာထိခိုက်စေတဲ့ ကိုရိနာဗိုင်းရပ်စ် ရောဂါ ၂ လို့ခေါ်ပါတယ်။ Covid-19 ဆိုတာကတော့ ကိုရိုနာက Co, Virus က vi, ရောဂါ disease က d ရယ်၊ 2019 က 19 ကိုယူပြီးခေါ်ဆိုတာပါ။ Q. ကိုရိုနာဗိုင်းရပ်စ်ဟာ တစ်ကြိမ်ထက်ပိုပြီး ကူးစက်နိုင်ပါသလား? ရောဂါကိုခံနိုင်ရည်ရှိသွားတဲ့သူဟာ အချိန်ကြာကြာဗိုင်းရပ်စ်ကို ခုခံနိုင်တဲ့ ကိုယ်ခံစွမ်းအား ရနိုင်ပါသလား? အခုအထိတော့ အတိအကျပြောနိုင်ဖို့ စောပါသေးတယ်။ ဒါပေမဲ့ အအေးမိစေတဲ့ တခြား ကိုရိုနာဗိုင်းရပ်အမျိုးအစားတွေကနေတော့ သဲလွန်စတွေရနိုင်ပါတယ်။ ပုံမှန်အအေးမိစေတဲ့ ကိုရိုနာဗိုင်းရပ်စ်တွေအတွက် ကြာရှည်ခံနိုင်တဲ့ ကိုယ်ခံစွမ်းအား မရှိကြပါဘူး။ ဒါ့ကြောင့် ဒီမေးခွန်းအတွက် အဖြေမသိသေးပါဘူး။ ဒါဟာ ဆေးဖော်စပ်ရာမှာ ကိုယ်ခံစွမ်းအားကို ဘယ်လောက်ကြာကြာရနိုင်မလဲဆိုတဲ့ အပေါ် စိန်ခေါ်မှုတစ်ခုဖြစ်လာပါတယ်။ Q. တစ်ခါသုံးလို ပြန်လျှော်လို့မရတဲ့ နှာခေါင်စည်း မျက်နှာစည်း mask တွေကို အန္တရာယ်ကင်းအောင် ပြန်အသုံးပြုနိုင်ပါသလား? ပြန်သုံးနိုင်ပါတယ်လို့ Yale ဆေးပညာကျောင်းက ပါမောက္ခ ဒေါက်တာ Joseph Vinetz (ဂျိုးဇက် ဗိုင်းနက်ဇ်) ကပြောပါတယ်။ လျှော်လို့မရတဲ့ mask တွေကို ပိုးကင်းစင်စေဖို့ သန့်ရှင်းပြီး လုံခြုံတဲ့ အိမ်ရဲ့တစ်နေရာမှာ ရက်အနည်းငယ်လောက်ထားလိုက်ပါ။ ဒါဆိုရင်တော့ ရောဂါမကူးစက်နိုင်တော့ပါဘူး။ ကိုရိုနာဗိုင်းရပ်စ်ဟာ မာကြောတဲ့ မျက်နှာပြင်တဲ့ မျက်နှာပြင်တွေပေါ်မှာ ၃ ရက်လောက်အထိပဲ နေနိုင်တယ်လို့ သိထားပါတယ်။ အဝတ်နဲ့ပြုလုပ်ထားတဲ့ mask တွေလဲ ပြန်လျှော်ပြီး အပူချိန်မြင့်မြင့်နဲ့ အခြောက်ခံပြီး သုံးနိုင်ပါတယ်။ Q. စီးပွားရေးလုပ်ငန်းတွေ ရပ်နားရတဲ့အထိ ကိုရိုနာဗိုင်းရပ်စ်ဟာ ဘာတွေထူးခြားနေတာလဲ? SARS နဲ့ ဝက်တုတ်ကွေးတုန်းကာတောင် မလုပ်ခဲ့ပဲ အခုဘာကြောင့် လူမှုအကွာအဝေးထားဖို့ လိုတာလဲ? အခု ကိုရိုနာဗိုင်းရပ်စ်ဟာ SARS တို့ ဝက်တုတ်ကွေးတိုနဲ့ မတူပါဘူး။ အခုဗိုင်းရပ်စ်ဟာ ကူးစက်နှုန်းမြင့်သလို သေဆုံးနှုန်းလဲ မြင့်ပါတယ်။ SARS ဟာလဲ ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားပဲ ဖြစ်သလို အဲ့ဒီ့ရောဂါဖြစ်ပွားချိန်က ကမ္ဘာတစ်ဝှမ်း ကူးစက်သူ ၈,၀၀၀ နဲ့ သေဆုံးသူ ၈၀၀ ဝန်းကျင်ရှိခဲ့ပါတယ်။ သေဆုံးနှုန်းမြင့်ပေမဲ့ ကူးစက်နှုန်းမမြင့်ပါဘူး။ H1N1 ဝက်တုတ်ကွေးဟာ ကူးစက်နှုန်းအရမ်းမြင့်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လူပေါင်း သန်း ၆၀ လောက်ကို တစ်နှစ်အတွင်းကူးစက်ခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ပုံမှန်တုတ်ကွေးရောဂါထက် သေဆုံးနှုန်း ၃ ပုံ ၁ ပုံပဲ ရှိပါတယ်။ အခု ကိုရိုနာဗိုင်းရပ်စ်အသစ်ဟာ ကူးစက်မှုမြင့်သလို တုပ်ကွေးထက် သေဆုံးနှုန်းလဲမြင့်ပါတယ်။ Q. ကိုရိုနာကူးစက်ခံရတဲ့ လူငယ်ပိုင်းတွေဟာ သွေးခဲတာနဲ့ လေဖြတ်တာတွေ ဖြစ်တတ်တယ်ဆိုတာ မှန်ပါသလား? မှန်ပါတယ်။ အရွယ်ရောက်ပြီး လူငယ်လူရွယ်တွေဟာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံရပြီး လေဖြတ်တာမျိုးရှိပါတယ်။ အခုဗိုင်းရပ်စ်ဟာ သွေးလွှတ်ကြောထဲမှာ သွေးခဲမှုပိုမြင့်စေပါတယ်၊ အဲ့ဒါဟာ ပြင်းထန်တဲ့လေဖြတ်ဝေဒနာကို ဖြစ်စေပါတယ်။ အစီရင်ခံစာတွေအရ လူငယ်တွေမှာ ရုတ်တရက် လေဖြတ်နိုင်ခြေ ၇ ဆလောက် ပိုတိုးလာစေတယ်လို့ သိရပါတယ်။ အစီရင်ခံစာထဲမှာပါတဲ့ လူနာတွေဟာ ရောဂါလက္ခဏာ အပျော့စားပြတဲ့ သူတွေနဲ့ လုံးဝ မပြတဲ့ ကူးစက်သူ ၂ ယောက်ပါဝင်ပါတယ်။ လူနာတစ်ယောက် သေဆုံးပြီး၊ ကျန်လူနာတွေကို ပြန်လည်ထူထောင်ရေး အထောက်အပံ့တွေ၊ အရေးပေါ်ကြပ်မတ်ကုသတာ၊ လေဖြတ်မှုကုသရေးတွေပေးထားရ သူတွေပါ။ တစ်ယောက်ကတော့ အိမ်ပြန်ခွင့်ရပြီး အနီးကပ်စောင့်ကြည့်ကုသခံနေရတယ်လို့ သိရပါတယ်။

  • Q&A on Coronaviruses (Covid-19) အမေးများတဲ့ မေးခွန်း (Part :1)

    ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းတွေကို တင်ဆက်ပေးပါမယ်။ Q. လက်သန့်ဆေးရည်အစား Vodka အရက်ကို သုံးလို့ရလား? ကျေးဇူးပြုပြီး မသုံးပါနဲ့။ လက်သန့်ဆေးတွေမှာ Alcohol ပမာဏ အနည်းဆုံး ၆၀% ပါရမယ်လို့ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟို CDC က အကြံပြုထားပါတယ်။ Vodka အရက်ဟာ အများအားဖြင့် Alcohol ပမာဏ ၃၅% ကနေ ၄၆% ပဲ ပါဝင်တာပါ။ Q. တုပ်ကွေးက ကိုရိုနာဗိုင်းရပ်စ်ထက် လူပိုသေစေသလား? မသေစေပါဘူး၊ အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာကြောင့် ဖေဖော်ဝါရီလက သေဆုံးတဲ့ အရေအတွက်ဟာ၊ တုပ်ကွေးကြောင့် အောက်တိုဘာလထဲက သေဆုံးတဲ့ အရေအတွက်ထက်များပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ သေဆုံးသူအရေအတွက်များစေရုံသာမက၊ ပိုပြီးမြန်မြန်သေဆုံးစေနိုင်ပါတယ်။ တုပ်ကွေးကြောင့် သေဆုံးသူ အရေအတွက်ဟာ အမေရိကန်ပြည်ထောင်စုမျာ မနှစ်အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ၂၄,၀၀၀ ကနေ ၆၂,၀၀၀ အတွင်း ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဟာ အခုနှစ် ဖေဖော်ဝါရီလက စရေတွက်ရင် ၆၃,၀၀၀ ကျော်သွားပါပြီ။ ကိုရိုနာဗိုင်းရပ်က တုပ်ကွေးထပ် ပိုပြီး အန္တရာယ်ရှိတဲ့ အချက်တွေကတော့ တုပ်ကွေးထပ် ၂ ဆ ပိုပြီးလွယ်လွယ်ကူကူ ကူးစက်နိုင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ မသိပဲ ရက်ပေါင်းများစွား ကူးစက်ပျံ့နှံ့နေနိုင်ပါတယ်။ တုပ်ကွေးအတွက် ကုသဖို့ဆေးရှိပေမဲ့ ကိုရိုနာအတွက် ကုသဆေးဟာ သေသေချာချာ မရှိသေးပါဘူး။ Q. ကိုရိုနာဗိုင်းရပ်စ်ဟာ ရေထဲကနေပျံ့နှံ့နိုင်ပါသလား? ဥပမာ ရေကူးကန်နဲ့ ရေချိုးကန်တွေကလိုမျိုး ကူးစက်နိုင်ပါသလား? အခုလက်ရှိအချိန်ထိတော့ ရေကူးကန်နဲ့ ရေချိုးကန်တွေကနေ ကူးစက်တဲ့ အထောက်အထားတော့မရှိသေးပါဘူးလို့ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟို CDC ကပြောထားပါတယ်။ ကောင်မွန်းတဲ့ ထိန်းသိမ်းစောင့်ရှောက်မှုတွေဖြစ်တဲ့ ကလိုရင်း၊ ဘရိုမင်း တို့ကို အသုံးပြုခြင်းဟာ ရေကူးကန်နဲ့ ရေချိုးကန်တွေကနေ ဗိုင်းရပ်စ်ကို ဖယ်ရှားစေပါတယ်။ အသက်ရှူလမ်းကြောင်းကကူးစက်တဲ့ ရောဂါဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး ၆ ပေ အကွာကနေဖို့ ကျန်းမာရေးတာဝန်ခံတွေကတော့ အကြံပြုထားပါတယ်။ တနည်းအားဖြင့်တော့ ကိုရိုနာဗိုင်းရပ်စ်ကို ရေထဲကနေ မကူးနိုင်ပေမဲ့ ရေထဲမှာ တစ်ယောက်ယောက်နဲ့ နီးကပ်နေရင်တော့ ကူးစက်နိုင်ပါတယ်။ သောက်သုံးရေနဲ့ ပတ်သတ်ရင်တော့ မြူနီစပယ်က ဖြန့်ဝေတဲ့ သောက်သုံးရေနဲ့ ဘုံဘိုင်ဟာ များသောအားဖြင့် ဗိုင်းရပ်စ်မရှိအောင် ပြုလုပ်ထားပြီးသား ဖြစ်ပါတယ်လို့ ဆရာဝန်တွေက ပြောထားပါတယ်။ Q. ကိုရိုနာဗိုင်းရပ်စ်ဟာ လေထဲမှာ ပျံ့နှံ့နေနိင်ပါသလား? လမ်းလျှောက်ထွက်တာ၊ ပြင်ပလေ့ကျင့်ခန်းလုပ်တာတွေဟာ လုံခြုံမှုရှိပါသလား? ကိုရိုနာဗိုင်းရပ်စဟာ လေထဲမှာ ဝေးဝေးမသွားနိုင်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ကပြောထားပါတယ်။ ရောဂါပိုးရှိတဲ့သူရဲ့ ချောင်းဆိုး၊ နှာချေ၊ စကားပြောရာက ထွက်တဲ့ အစက်အမှုန်တွေကနေပဲ အဓိက ကူးစက်တာပါ။ အဲ့ဒီ့အစက်အမှုန်တွေဟာ များသောအားဖြင့် လေးလံပြီး ဝေးဝေးလံလံ မသွားနိုင်သလို့ မြေကြီးထဲ စိမ့်ဝင်သွားတာပါလို့ WHO က ပြောပါတယ်။ လေထဲကထက် တချို့မသန့်ရှင်းတဲ့ မျက်နှာပြင်တွေက ပိုပြီး အန္တရာယ်ရှိပါတယ်။ အသက်ရှူလမ်းကြောင်းထဲကထွက်လာတဲ့ အစက်အမှုန်တွေက စားပွဲ၊ တံခါးလက်ကိုင်၊ လက်ရမ်းလို့ပေါ်ကို ကြပြီး အဲ့နေတွေကို ထိကိုင်မိတာကတဆင့် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်ကို ထိတွေ့ကိုင်တွယ််ရင် ကူးစက်နိုင်ပါတယ်။ ဒါကြောင့် နှာခေါင်း၊ မျက်နှာစည်းတွေက ကိုရိုနာဗိုင်းရပ်စ်ကနေ မကာကွယ်နိုင်ပေမဲ့ သင်ဖျားနာနေရင်တော့ တခြားသူတွေဆီ မပျံ့နှံ့အောင် တားဆီးပေးနိုင်တာပါ။ Q. မျက်ကပ်မှန်နဲ့ မျက်မှန်တွေကို တပ်တာကို ရပ်လိုက်သင့်သလား? အဲ့လိုလုပ်ခြင်းဟာ ရောဂါကူးစက်တာကို လျော့ချပေးနိုင်မလား? မျက်မှန်တပ်သူတွေထပ် မျက်ကပ်မှန်သမားတွေက ပိုအန္တရာယ်များတယ်ဆိုတဲ့ အထောက်အထားတော့ မရှိသေးပါဘူး။ ဒါပေမဲ့ မျက်ကပ်မှန်သုံးတာဟာ မျက်လုံးကို ရောဂါပိုးဝင်ဖို့ပိုပြီး အခွင့်အရေးပိုများပါတယ်။ ဒါကြောင့် မျက်ကပ်မှန်သုံးသူတွေအနေနဲ့ လက်သေချာဆေးဖို့ လိုအပ်ပါတယ်လို့ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟို CDC ကပြောထားပါတယ်။

  • Our Planet ကျွန်တော်တို့ကမ္ဘာ (ဂြိုလ်)

    Our Planet ကျွန်တော်တို့ကမ္ဘာ (ဂြိုလ်) :::::::::::::::::::::::::::::::::::::::::::: ကျွန်တော်အပါအဝင် ဒီအကြောင်းအရာကိုဖတ်နေတဲ့မိတ်ဆွေတို့ရော। မိတ်ဆွေတို့ရဲ့ မိသားစု သူငယ်ချင်းအပေါင်းအဖော်တို့အားလုံးလည်း ဒီကမ္ဘာကြီးပေါ်နေထိုင်ရှင်သန်နေကြရတာပါ။ ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီးရှင်သန်ကျန်းမှာမှလည်း အခုလိုကပ်ဆိုးတွေ। သဘာဝဘေးအန္တရာယ်တွေကင်းဝေးနိုင်မှာပါ။ ဒီကမ္ဘာကြီးပေါ်အမှီသဟဲပြုရှင်သန်နေကြတာ လူသားမျိုးနွယ်တစ်ခုတည်းမဟုတ်ပဲ လူ। တိရစ္ဆာန်। သစ်ပင်। ပိုးမွှား( Insect)। တောတောင်। ရေ। လေ। မြေကြီးတို့ အားလုံးအပါအဝင်ပါ। သက်ရှိရယ်သက်မဲ့ရယ်လို့ခွဲခြားနိုင်သော်လည်း အဆိုပါ သဘာဝအရင်းအမြစ်များစွာက တစ်ခုကိုတစ်ခု မှီတင်းအကျိုးပြုနေထိုင်ကြရတယ်ဆိုတာ သေချာသထက်သေချာလာတဲ့ လေ့လာစမ်းသပ်မှုတွေနဲ့အတူ သက္ကရာဇ် ၂၀၂၀ ဆိုတဲ့ လူ့သမိုင်းတစ်ခုရောက်ရှိလာခဲ့ပါပြီ။ လူ। တိရစ္ဆာန်। သဘာဝပတ်ဝန်းကျင်( ရေ। လေ।မြေ) တို့အားလုံး သဟဇာတဖြစ်မှုလိုအပ်သလို ထိန်းသိမ်းစောင့်လျောက် ဖို့လည်းလိုအပ်ပါတယ်။ အခုလက်ရှိဖြစ်နေတဲ့ သဘာဝဘေးအန္တရာယ်တွေ। ကပ်ရောဂါတွေက သတိပေးနေခဲ့တာ အချိန်တစ်ခုရှိလာပါပြီ။ ကမ္ဘာကြီးကျန်းမာဖို့လိုပါတယ်။ ကမ္ဘာကြီး ကျန်းမာဖို့အတွက် ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိသက်မဲ့တွေအားလုံးရဲ့တာဝန်ပါ। အထူးသဖြင့် သက်မဲ့သဘာဝအရင်းအမြစ်တွေကိုသုံးစွဲနေတဲ့ သက်ရှိတွေရဲ့ အဓိကတာဝန်ပါ။ ကျန်းမာတဲ့ သဟဇာတဖြစ်တဲ့ ကမ္ဘာကြီးဖြစ်ဖို့ နိုင်ငံအတော်များများက အဖွဲ့အစည်းများစွာကြိုးစားနေခဲ့ပေမဲ့ ချို့ယွင်းပျက်စီးလာမှုပမာဏကို ပြုပြင်ထိန်းသိမ်းနိုင်မှုပမာဏအချိုးအစားမညီမျှခြင်းတွေရှိနေသေးတာကြောင့် ကျွန်တော်တို့ကမ္ဘာမြေကြီး ကျန်းမာရေးချို့တဲ့လာနေပါပြီ။ ခေတ်အဆက်ဆက်က သိပ္ပံပညာရှင်တွေ। သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းတွေများစွာကြိုးစား ထိန်းသိမ်းနေကြပေမဲ့ ကမ္ဘာပေါ်ရှိ အသိဥာဏ်ရှိသော သက်ရှိလူသားဦးရေတိုးပွားလာမှု များပြားလာပြီး အသိဥာဏ်မဲ့စွာ သဘာဝပတ်ဝန်းကျင်ကိုဖျက်စီးနေတဲ့ လူသားတွေကြောင့်မဖြစ်သင့်တာ မလုပ်သင့်တာတွေလုပ်နေကြရင်း အခုလိုအခြေအနေဆိုးများကြုံတွေ့နေခြင်းဖြစ်ပါတယ်။ လူသားတစ်ဦးတစ်ယောက်ချင်းစီက သဘာဝပတ်ဝန်းကျင်। လူ တိရစ္ဆာန်। ပိုးကောင်( insect) တွေရဲ့ ပတ်သတ်ဆက်နွယ် အကျိုးပြုမှု( ဂေဟစနစ်) ဆိုတာအရေးတကြီး စောင့်လျောက်ထိန်းသိမ်းရမည်ဆိုသည်ကို သိရှိနားလည်မှသာ တစ်ဦးတစ်ယောက်ရဲ့ ဆင်ခြင်နိုင်စွမ်းတွေနဲ့ ကျွန်တော်တို့ကမ္ဘာကြီး ပြန်လည်ကျန်းမာလာနိုင်မှာပါ။ ဒီနေရာမှာ မသိကျိုးကျွန်နေခဲ့မိတဲ့ လူသားတွေ। သိရက်နဲ့ ပြုမူနေထိုင်ကြတဲ့ လူသားတွေ ရဲ့ ခေတ်ပေါင်းများစွာကျော်ဖြတ်လာခဲ့ပြီးပါပြီ။ ဆက်လက်ရှင်သန်နေရမဲ့ ကမ္ဘာကြီးအတွက်အနာဂတ်ကိုဦးဆောင်မဲ့ မျိုဆက်သစ် ကလေးငယ်တွေ। လူငယ်လူရွယ်တွေကသာ ရှေးလူကြီးတွေလုပ်မိခဲ့တဲ့( သိလို့ဖြစ်စေ। မသိလို့ဖြစ်စေ) သဘာဝပတ်ဝန်းကျင်အရင်းအမြစ် တွေကိုဖျက်စီးမှုတွေ। ပျက်စီးနေမှုတွေကိုကာကွယ်နိုင်ဖို့မျှော်လင့်ပါတယ်။ ငယ်စဥ်ကတည်းက သဘာဝတရားရယ်। လူရယ်। တိရစ္တာန်တွေရယ် မည်သို့မည်ပုံမှီတင်းနေထိုင်ကြရပြီး မည်သို့မည်ပုံအကျိုးပြုနေကြရတယ်ဆိုတာ သိရှိနိုင်မည် လေ့လာနိုင်မည်ဆိုပါက ကျွန်တော်တို့ အနာဂတ်ကမ္ဘာကြီးကိုပြန်လည်ကျန်းမာလာအောင်ဖော်ဆောင်ပေးနိုင်မည်လို့ယုံကြည်ပါတယ်။ အခုဆို ခေတ်မှီနည်းပညာ များ। လေ့လာစမ်းသပ်မှုများမှတစ်ဆင့် အကျိုးပြုနိုင်တဲ့ ဘာဝပတ်ဝန်းကျင်နဲ့ပတ်သတ်တဲ့ စာပေများ। အရုပ်အသံ များစွာရှိနေပါပြီ။ British Nature Documentary Series တစ်ခုဖြစ်တဲ့ Netflix ရုပ်သံမှစီစဥ်တင်ဆက်နေတဲ့ Our Planet ဆိုတဲ့ ရုပ်သံဗီဒီယို ကိုကြည့်ရှု လေ့လာနိုင်ပါပြီ။ World Wildlife Fund ( WWF) နဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ Our Planet Documentary Series ကို Netflix ရဲ့ Official YouTube Channel မှာ Full Episode များအနေဖြင့်ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။ အခုလို Stay at home နေနေရချိန်မှာပဲဖြစ်ဖြစ် စိတ်ဝင်စားလို့ပဲဖြစ်ဖြစ် ကြည့်ရှုသင့်တဲ့ Documentary Series ပါ။ အထူးသဖြင့် ရင်သွေးငယ်များရှိတဲ့မိသားစုတွေ မိမိတို့အနာဂတ်ကိုဖော်ဆောင်ပေးမဲ့ ကလေးငယ်တွေ နဲ့အတူကြည့်ရင်း သဘာဝပတ်ဝန်းကျင်နဲ့ တိရစ္ဆာန် တွေ। ရေထု လေထု နဲ့ ကမ္ဘာမြေကြီးရဲ့ အလှတရား တန်ဖိုးတွေ। ပတ်သတ်ဆက်နွယ်နေမှုတွေသိရှနိုင်အောင် ပြပေးခြင်းဖြင့် ကျွန်တော်တို့ တသ်ခေတ်တစ်ခါက မှားခဲ့ ဖျက်စီးခဲ့မိသလို( သိလို့ဖြစ်စေ မသိလိုဖြစ်စေ) မဖြစ်အောင် လေ့လာနိုင်မည်လို့ အကြံပြုပါတယ်။ ကလေးငယ်တွေကြည့်တဲ့အခါ သဘောကျနိုင်လို့ပါ။ ကာတွန်းကားကြည့်နေရသလို ဇာတ်လမ်းငယ်( Short story) ပုံစံလေးဖြစ်အောင်ရိုက်ကူးတည်းဖြတ်ထားတဲ့အပြင် နောက်ခံစကားပြော ကလည်း Outstanding Narrator Award ရထားတဲ့ BBC Natural History Unit က အကောင်းဆုံးနောက်ခံစကားပြောသူ David Attenborough က ပုံပြင်ပြောပြနေသလိုတင်ဆက်ပေးထားပါတယ်။ ကမ္ဘာမြေကြီးရဲ့ အနာဂတ်အတွက် အနာဂတ်ရင်သွေးငယ်တွေရဲ့ စောင့်ရှောက်မှုလိုအပ်ပါတယ်လို့တွေးမိပါတယ်။ ဒီစာနဲ့အတူ Netflix Official YouTube Channel က Our Planet Full Episode link များထဲ့ပေးလိုက်ပါတယ်။ ချစ်ခင်လျက် ကသမန Article presented by Bandula Entertainment --------------------------------------------- 1. Our Planet | Fresh Water | FULL EPISODE | Netflix https://youtu.be/R2DU85qLfJQ 2. Our Planet | Jungles | FULL EPISODE | Netflix https://youtu.be/um2Q9aUecy0 3. Our Planet | From Deserts to Grasslands | FULL EPISODE | Netflix https://youtu.be/XmtXC_n6X6Q 4. Our Planet | Coastal Seas | FULL EPISODE | Netflix https://youtu.be/r9PeYPHdpNo 5. Our Planet | High Seas | FULL EPISODE | Netflix https://youtu.be/9FqwhW0B3tY 6. Our Planet | Frozen Worlds | FULL EPISODE | Netflix https://youtu.be/cTQ3Ko9ZKg8 7. Our Planet | Humpback Whales | Clip | Netflix https://youtu.be/glxULceEEjA 8. Our Planet | One Planet | FULL EPISODE | Netflix https://youtu.be/GfO-3Oir-qM

  • ကိုဗစ်နဲ့သွား

    ကိုဗစ်နဲ့သွား ::::::::::::::::: အမှန်တော့ဒီကိစ္စက ကိုဗစ်( Covid-19) နဲ့သိပ်ဆိုင်တာတော့မဟုတ်ဘူး। မဆိုင်ဘူးလားဆိုပြန်တော့လည်း မဟုတ်ဘူး ဆိုင်တဲ့အကြောင်းလေးတွေရှိမယ်လို့ထင်တယ်। လွန်ခဲ့တဲ့ ရက်ပေါင်း ၄၂ ရက်ကျော် မှတ်မှတ်ရရ မတ်လ ၂၃ ရက်ထိ ဒီကောင်( သွား) ကအခြေအနေသိပ်မဆိုးသေးဘူးပဲ။ ဘယ်ဘက် အပေါ် အံဆုံးရှေ့ကတစ်ချောင်း မှာ သွားပဲ့နေပြီး အဲ့ပဲ့တဲ့အစကထွက်မသွားပဲ တောင့်ခံနေတာကစတာ। ဆေးခန်းသွားနှုတ်လိုက်ရင်ရလောက်မယ်ထင်တယ်। ဒါပေမဲ့ သတ္တိခဲကိုယ်က အဲ့ဒါလုပ်ဖို့ သတ္တိမရှိ। အဲ့ဒါပြရင်း သွားဆရာဝန်က ကျန်တဲ့ သွားတွေပါ ဟိုဟာဖြစ်နေပြီ ဒီဟာလုပ်ရမယ် ဆိုပြီး ပြောလာမှာလည်း ကြောက်သေး။ အမှန်တော့ ကိုယ့်ပါးစပ်ထဲမှာ သွား ၃၂ ချောင်းအပြင် ပေါက်နေတာ ၂ ချောင်းအပို। ပေါက်လုဆဲဆဲက ၂ ချောင်းရှိနေတော့ မပြရဲဘူး( ပြသင့်တာ)။ အဲ့ဒီပဲ့နေတဲ့ သွားမှာအပေါက်ပါဖြစ်နေပုံရတယ် အေးတဲ့အရည်တစ်ခုခုသောက်ရင် ကျင်ပြီး မခံနိုင်ဘူး။ ပဲ့နေတော့ အဲ့ဘက်နဲ့လည်း အစာဝါးမရဘူး။ ရသလောက် ဒီဘက်သွားနဲ့စားနေတာ ၂ လကျော်လောက်ရှိရောပေါ့။ အဆိုးဆုံးကတော့ ဘီယာအေးအေးလေးသောက်ချိန် ပဲ။ ဘီယာဆိုတာကလည်း အေးမှအရသာရှိတာ။ ဒီကောင်( သွား) နှောက်နေတော့ ဘီယာသောက်လည်း ဖြည်းဖြည်း အဲ့ဘက်ခံတွင်းသိပ်မရောက်အောင်သတိထားပြီး မြန်မြန်မျိုချရတာ। အရသာကိုခံမရ အဲ့လိုပါဆို။ ဒါနဲ့ ကိုဗစ်နဲ့ ဘယ်လိုဆိုင်သွားလည်း ဆို ဒီလိုဗျ။ အဲ့လို ဒီကောင်( သွား) ဖြစ်နေပေမဲ့ ကိုယ့်ဟာကိုယ်သတိထားပြီး စားသောက်နေတာ အဆင်ပြေပြေပဲ। ကိုဗစ် ပိုးတွေ့လူနာမပေါ်ခင်အထိ ရုံးသွား အလုပ်လုပ်। အပြင်သွား လုပ်စရာရှိတာလုပ် အိမ်ပြန်ရုပ်ရှင်ကြည့် အိပ်। သူ့ဟာသူလည်ပတ်နေတာမှာ ဒီကောင်နဲ့ကပြဿနာသိပ်မရှိဘူး। မတ်လ ၂၃ ညမှာ ပိုးတွေ့လူနာရှိတဲ့သတင်းထွက်လာတော့ မတ်လ ၂၄ ကစပြီး ရုံးပိတ်। ဝန်ထမ်းတွေကို အကြောင်းကြား အိမ်ကမိသားစုနဲ့ ကာကွယ်ရေးအတွက်နဲ့ စားရေးသောက်ရေးအတွက်ပြင်ဆင် အဲ့လိုနဲ့ တစ်ပတ် လောက်ရှိသွားရင်း ဒီကောင်စလာတာပဲ။ လူဆိုတဲ့အမျိုးက မလုပ်နဲ့ဆိုသိပ်လုပ်ချင်ပြီး လုပ်ရမဲ့ဟာဆို သိပ်လုပ်ချင်တာမဟုတ်ဘူးရယ်( ကိုယ့်အကြောင်းကိုယ်ပြောပါတယ်) အိမ်မှာနေရင်း သိပ်ဆိုးတဲ့ ကိုဗစ်သတင်းတွေနားထောင်လိုက် အိမ်ကလူတွေနဲ့စကားတွေပြောလိုက်( အမှန်က အိမ်မှာနေရင်းကြောက်နေတာ) နဲ့ တစ်ပတ်လောက်ရှိလာတဲ့အခါ စိတ်ကသိပ်မဟုတ်တော့ဘူး। ဟိုလိုလို ဒီလိုလို ရုပ်ရှင်ပဲကြည့်နေရမလိုလို। အိပ်နေရမလိုလို। ဆာသလိုလို। ပျင်းသလိုလို। နားရပါတယ်ဆိုပြီး စိတ်ဖြေမိသလိုလို। ဝင်ငွေမရှိ ပေးစရာတွေရှိလို့ ရူးချင်သလိုလို। အဲ့သလိုလိုမှာ နာသလိုလို ကိုက်သလိုလိုနဲ့ ဒီကောင်စလာတာပဲ။ ဒါနဲ့လုပ်စရာတွေရှာကြံလုပ်ရင်း। အိမ်နေရတာကြာလာတော့ အိမ်ကလူတွေနဲ့ စကားများ ရန်တွေဖြစ်ရင်း( ဘာမှမဟုတ်တာနဲ့) ပေးစရာတွေရှင်းစရာတွေအတွက် ကြံရင်း ဒီကောင်ကိုက်တာကို အကိုက်ခဲပျောက်ဆေးတွေသောက်ရင်းနဲ့ ပိုပိုဆိုးလာတယ်။ ဒါနဲ့ အမဆရာဝန်မသိသွားတော့ ပိုးသတ်ဆေးတိုက် ပလုပ်ကျင်းဆေးပေးတော့မှသက်သာလာတယ်। ဒါတောင်မထင်ရင်မထင်သလို ကိုက်ချင်ချင်ရယ်။ အရင်ပုံမှန်လည်ပတ်နေတဲ့ လူတစ်ယောက်ရဲ့ နေ့စဥ်အစီအစဥ်တွေက ရုတ်တရက်ကြီးကမောက်ကမနဲ့ ရပ်လိုက်သလိုဖြစ်သွားတဲ့အခါ ခန္ဓာကိုယ်နဲ့ စိတ်က အတော် သဟဇာတ ဖြစ်ဖို့ ရုန်းကန်ရတဲ့သဘောရှိတယ်လို့သတိထားမိတယ်। စိတ်နောက်မှာမှ ကိုယ်ကလိုက်တယ်ဆိုတာ ဒီကိုဗစ် နဲ့မှသေသေချာချာသိသွားသလိုပဲ। မလုပ်ရ မသွားရ မထိရ မကိုင်ရ। ဝယ်မရ ရောင်းမရ ဆိုတဲ့ကန့်သတ်မှုနောက်မှာနေ့စဥ်လုပ်ငန်းဆောင်တာတွေရပ်သွားတဲ့အတွက် ကိုယ်ခန္ဓာလုပ်ဆောင်မှူတွေရပ်သလို စိတ်ကူးအတွေးတွေကဦးစွာရပ်တန့်သွားတယ်။ အားသွားတဲ့အခါ( အမှန်ကမအားဘူး လုပ်ရင်ရတဲ့ လုပ်စရာတွေမှအပြည့်) လူ့စိတ်က ချင်( wants ) ကိုပိုအလုပ်လုပ်တယ်। အလုပ်ကြီးတစ်ခုလိုကိုလုပ်တာ। စားချင် သောက်ချင် သွားချင် လာချင် အိပ်ချင်.... ချင်ချင်ချင် နဲ့ အဲ့မှာမှာ ဆိုးလာတာက ကိုက်ချင်သလိုလို အောင့်ချင်သလိုလို နာချင်သလိုလိုနဲ့ ဒီကောင်( သွား) ကစလာတာပဲ। နာချင်နေသလိုလို ကိုက်ချင်နေသလိုလို ကနေ တကယ် ကိုက်လာ နာလာတာ। ဘာလို့လဲဆို ကိုယ်ကဒီကောင့်ကိုပိုသတိထားပြီး( ချစ်သူလိုလေ မျက်စိဒေါက်ထောက်ကြည့်) နာနေသလား ကိုက်နေသလားဆိုပြီး လိုက်ခံစားနေတာ। အဲ့မှာဒီကောင်ပညာစပြတာပဲ। စိတ်ဖိစီးမှုတွေရယ်। ပျင်းတာရယ်। ပျော်စရာရှာမရတာရယ်। တရားမရှိသေးတာ( နည်းနည်းတော့ရှိတယ်ထင်တာပဲ) ရယ်ပေါင်းစုံပြီး ဒီကောင်ကပိုအစွမ်းပြနေရော। စကားရှည်နေတာ တကယ်ပြောချင်တဲ့ နေရာမရောက်ဘူး। တကယ်ပြောချင်တာကအခုမှစမှာ। အဲ့လိုဒီကောင်(သွား) ကနာသလိုလို ကိုက်သလိုလိုဖြစ်နေတော့ သူ့ကိုတချိန်လုံးသတိထားမိနေတာပေါ့। အိမ်ပြင်မထွက်ဖြစ်တော့ online သုံး ရုပ်ရှင်ကြည့် အဓိကလုပ်ဖြစ်နေရော အဲ့ဒီမှာ ဒီကောင်( သွား) ကပါလာပြန်တယ် ကြည့်မိသမျှဓါတ်ပုံ ဗီဒီယိုမှာမြင်နေရတဲ့လူတွေရဲ့ပါးစပ်ကိုလိုက်ကြည့် သူတို့သွားတွေကိုလိုက်ကြည့်တာစလာတာပဲ। စိတ်ရောဂါအခံများရှိနေလားမသိပါဘူး တကယ့်ကိုစိတ်ဝင်တစားကြည့်မိနေတာ। ကိုယ်ကြည့်နေတဲ့ ရုပ်ရှင်တွေ သတင်းတွေတောင်သိပ်စိတ်မဝင်စားနိုင်တော့ပဲ သွားတွေချည်းလိုက်ကြည့်နေတာ। ကြည့်ပြီးတော့လည်း အော် သူဆိုသွားကဘယ်လို। ညီတယ် မညီဘူး। ဖြူတယ် မဖြူဘူး। အံမာ် ငါ့လိုသွာအပိုတွေနဲ့। ဟာသွားသေးသေးလေး। သူကအကြီးကြီး। အော်သူ့သွားတွေကကွမ်းစားတဲ့သွားတွေထင်တယ်। သူရောသွားမကိုက်ဘူးလား। ကိုက်မယ်ထင်တယ်। သူ့သွားတွေဆိုငါ့သွားတွေလောက်တောင်ကောင်းပုံမရဘူး। သူ့ကြည့်တာသွားကိုက်နေပုံမပေါ်ဘူး। အဲ့လိုအဲ့လို မြင်မြင်သမျှလူတွေရဲ့သွားတွေကိုလိုက်ကြည့်ပြီး စဥ်းစားနေတာ। အရင်တုန်းကသတိလည်းမထားမိဘူး စိတ်လည်းမဝင်စားမိဘူး ကိုယ်ဖြစ်လာတဲ့အခါ( ကိုယ်နာမှ) သူများတွေကိုစိတ်ဝင်စားသွားတာ။ တကယ်ကိုထူးထူးဆန်းဆန်းကြီးကြုံနေတာ။ ဒါနဲ့ကိုယ်လိုက်ကြည့်မိတဲ့နာမည်ကျော် သွားပိုင်ရှင်တွေနည်းနည်းပြောပြမယ်နော့( အပျော်ပါဗျာ) လေးဖြူ Donal Trump ဝိုင်ဝိုင်း နော်ဖောဟယ်သာ DJ Soda Will Smith မင်းမော်ကွန်း ဦးဇော်ဌေး စံရတီမိုးမြင့် ကိုပေါက် မိုးအောင်ရင် ကိုဂျွန်လွင် အောင်လ( Burmese Python) Alex ကိုမောင်မောင်အေး ကင်ဂျုံအွန် ကြက်ဖ Taylor Swift ဒီကြားထဲဒီကောင်ကတချက်တချက်ထထကိုက်ရင် အဲ့လူတွေဆီဖုန်းဆက်ပြီးခင်ဗျားတို့ရောသွားမကိုက်ကြဘူးလားလို့ကိုမေးချင်လာတယ်ဗျာ...။ ချစ်ခင်လျက် ကသမန

  • World Health Organization နဲ့ Global Citizen က စီစဥ်တဲ့ One World Together at Home live event

    One World: Together At Home မြန်မာစံတော်ချိန် ည ၁၂ ခွဲ အချိန်မှာ စတင်ပြသခဲ့တဲ့ World Health Organization နဲ့ Global Citizen က စီစဥ်တဲ့ One World Together at Home live event ဟာ ကမ္ဘာကပ်ရောဂါ COVID-19 ကို တိုက်ခိုက်နေတဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေကို ထောက်ပံ့ကူညီဖို့ အလှူငွေ ဒေါ်လာ ၁၂၈ သန်း နီးပါး ရရှိခဲ့တယ်လို့ Global Citiznen နဲ့ Lady Gaga တို့က ကြေငြာခဲ့ပါတယ်။ ဒီဖျော်ဖြေမှုဟာ လူတိုင်းကို အိမ်မှာနေပြီး ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့တာကို တုံ့ပြန်ဖို့ဖြစ်ပါတယ်။ အနုပညာရှင်တွေ၊ ထိပ်တန်း ဂီတပညာရှင်တွေ ဖြစ်တဲ့ Elton John, Billie Eilish, Stevie Wander, Paul McCartney, The Rolling Stones နဲ့ Lady Gaga တို့လို ဖျော်ဖြေသူတွေ အများအပြားပါဝင်ခဲ့ပါတယ်။ ဒီ show ကိုတော့ NBC ရုပ်သံလိုင်းက Jimmy Fallon, ABC ရုပ်သံလိုင်းရဲ့ Jimmy Kimmel, CBS ရုပ်သံလိုင်းရဲ့ Stephen Colbert တို့က တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ဒီတင်ဆက်မှုကတော့ ၈ နာရီဝန်းကျင်ကြာမြင့်ခဲ့ပါတယ်။ အဆိုတော် Beyonce ဟာလည် အခု TV အစီအစဥ်မှာ ပါဝင်ခဲ့ပြီး ပစ္စည်းသယ်ယူပို့ဆောင်ရေးလုပ်ဆောင်ပေးသူတွေ၊ စာသယ်ယူပို့ဆောင်သူတွေ၊ သန့်ရှင်းရေးလုပ်သားတွေကိုလည်း အခုလို ကပ်ရောဂါပျံ့နှံ့ချိန်မှာ အလုပ်ကြိုးစားလုပ်ဆောင်ပေးနေလို့ ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ သူမက “အားလုံးဟာ တစ်မိသားစုထဲပါ၊ သင့်တို့ကို လိုအပ်ပါတယ်၊ သင်တို့ရဲ့ အသံတွေ၊ စွမ်းရည်တွေ၊ ခွန်အားတွေဟာ တစ်ကမ္ဘာလုံးမှာ လိုအပ်ပါတယ်။ အခုချိန်မှာ သည်းခံနေရတာ၊ သတ္တိဆက်ရှိနေဖို့၊ ယုံကြည်တွေ မြဲမြံဖို့၊ အကောင်းမြင်နေနိုင်ဖို့ ခက်ခဲမှန်း သိပေမဲ့ ကျမတို့ရဲ့ သူရဲ့ကောင်းတွေကို ဆက်ပြီး ဆုတောင်းပေးနေရမှာပါ” လို ပြောခဲ့ပါတယ်။ အားလုံးခက်ခဲနေချိန်မှာ ပြုံးနေနိုင်ဖို့ ကြိုးစားရမှာပါလို အားပေးစကားပြောခဲ့ပြီး Nat King Cole ရဲ့ Smile သီချင်းကို သီဆိုဖျော်ဖြေခဲ့ပါတယ်။ ကိုယ့်အသက်အန္တရာယ်မမှုပဲ အားလုံးအတွက် စွန့်စားပြီး အလုပ်လုပ်ပေးနေတဲ့ ဆေးဝန်ထမ်းတွေကို သူမတန်ဖိုးထားကြောင်း ပြောခဲ့ပါတယ်။ Wonder ကတော့ Lean On Me ဆိုတဲ့ တေးသီချင်းကို စန္ဒယားတီးခတ်ဖျော်ဖြေခဲ့ပါတယ်။ အခုလိုအချိန်မှာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကူညီရမှာပါလို ပြောခဲ့ပါတယ်။ John Legend နဲ့ Sam Smith ကတော့ သူတို့ရဲ့ အိမ်ကနေပြီး Stand by Me သီချင်းကို ပူးတွဲ ဆိုခဲ့ကြပါတယ်။ Lizzo ကတော့ A Change Is Gonna Come သီချင်း၊ Shawn Mendes နဲ့ Camila Cabello ကတော့ What a Wonderful World သီချင်းနဲ့ဖျော်ဖြေခဲ့ပါတယ်။ သူနာပြုတစ်ယောက်အနေနဲ့ အသက်ရှင်ခဲ့တဲ့ သူမရဲ့ မိခင်အကြောင်းပြောပြခဲ့ပြီး Paul McCartney က Beatles ရဲ့ Lady Madonna သီချင်းကို သီဆိုခဲ့ပါတယ်။ Rolling Stones အဖွဲ့ဝင်တွေကတော့ နေရာလေး နေရာကနေ ပူးပေါင်းပြီး You Can’t Always Get What You Want နဲ့ Taylor Swift က Soon You’ll Get Better သီချင်းကို စန္ဒယားနဲ့ ဆိုခဲ့ပါတယ်။ သမ္မတကတော်တွေ ဖြစ်ခဲ့ကြတဲ့ Michelle Obama, Laura Bush တို့နဲ့ Oprah Winfrey, Bill နဲ့ Melinda Gates, Ellen DeGeneres, Pharrell Williams တို့လို ထင်ပေါ်ကျော်ကြားသူတွေဟာလည်း ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဓာတ်ပုံတွေ၊ နေ့စဥ်သူတို့ရဲ့ လုပ်ရှားမှုတွေအတွက် ချီးမွမ်းစကးတွေဆိုခဲ့ကြပါတယ်။ One World: Together At Home မှာ ကျော်ကြားသူများစွာ ပါဝင်ခဲ့ကြပြီး သာမန်အပြင်အဆင်များနဲ့သာ ဖော်ဖြေခဲ့ကြာတာပါ။ ဒါ့အပြင် ကမ္ဘာတစ်ဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ကာလအတွင်း အများပြည်သူရဲ့ လှုပ်ရှားမှုတွေလည်း ပါဝင်ပါတယ်။ ဒီတင်ဆက်မှုကို ABC, NBC, CBS, iHeartMedia နဲ့ Bell networks တွေမှာ တစ်ပိုင်ထဲ ပြသခဲ့ပါတယ်။ ဒီတင်ဆက်မှုကို ကြည့်ချင်ရင်တော့ Global Citizen ရဲ့ YouTube Channel မှာလဲ ပြန်ကြည့်လို့ရပါတယ်။

  • ပြည်သူ့ကျန်းမာရေး Myanmar CDC ကထုတ်ပြန်ထားတဲ့ ပညာပေးအချက် ၁၄ ချက်

    နိုင်ငံတော်အတိုင်ပင်ခံ နဲ့ ပြည်သူတွေ တွေ့ဆုံပြောကြားတဲ့ Live ကြည့်ရင်း နိုင်ငံတော်အတိုင်ပင်ခံပြော တာတစ်ခုကို ကိုယ်လုပ်ပေးနိုင်တဲ့အပိုင်းကလုပ်ပေးတာပါ။ ကျန်းမာရေးပညာပေးအချက်အလက်များကို Hand Speaker နဲ့ အနည်းဆုံး တစ်နေ့ ၃ ကြိမ် ရပ်ရွာထဲ လှည့်လည် ပြောကြားဖို့ ပြောတာ သတိထားမိပါတယ်။ ပြည်သူ့ကျန်းမာရေး Myanmar CDC ကထုတ်ပြန်ထားတဲ့ ပညာပေးအချက် ၁၄ ချက်ကို Audio file အဖြစ်ပြုလုပ်တင်ဆက်ပါသည်။ ဘေးရန်ခပ်သိမ်း ကင်းကြပါစေ 🙏🏻 ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးအတွက် ပြည်သူလူထုအတွင်း Hand Speaker/ Loud Speaker များ အသုံးပြု၍ ပြောကြားရမည့် ကျန်းမာရေးပညာပေးအချက်အလက်များ အမှတ်စဥ် 1 မှ 14 Audio File download link : အမှတ်စဥ် 1 https://drive.google.com/open… အမှတ်စဥ် 2 https://drive.google.com/open… အမှတ်စဥ် 3 https://drive.google.com/open… အမှတ်စဥ် 4 https://drive.google.com/open… အမှတ်စဥ် 5 https://drive.google.com/open… အမှတ်စဥ် 6 https://drive.google.com/open… အမှတ်စဥ် 7 https://drive.google.com/open… အမှတ်စဥ် 8 https://drive.google.com/open… အမှတ်စဥ် 9 https://drive.google.com/open… အမှတ်စဥ် 10 https://drive.google.com/open… အမှတ်စဥ် 11 https://drive.google.com/open… အမှတ်စဥ် 12 https://drive.google.com/open… အမှတ်စဥ် 14 https://drive.google.com/open… #BandulaEntertainment #BEStudio #DigitalPlatform #Covid19 #Coronavirus #Awareness

bottom of page