top of page

Q&A on Coronaviruses (Covid-19) အမေးများတဲ့ မေးခွန်း (Part :2)



Q. Coronavirus နဲ့ Covid-19 တူပါသလား? ဒီအခေါ်အဝေါ်တွေကို ဘယ်လိုရလာပါသလဲ?


Coronavirus နဲ့ Covid-19 က မတူပါဘူး၊ ဒါပေမဲ့ တစ်ခါတရံ ဒီအခေါ်အဝေါ်တွေကို အပြန်အလှန်သုံးနိုင်ပါတယ်။


အခု novel coronavirus ဟာ အသစ်ဖြစ်ဖြစ်သလို ၂၀၁၉ ခုနှစ်ကစပြီး လူတွေမှာ တွေ့ရတာပါ။ လူကို ကူးစက်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ် စုစုပေါင်း ၇ မျိုးရှိပါတယ်။ ဥပမာ SARS တို့၊ MERS တို့လိုပါ။


သရဖူပုံစံ အဆူးလေးတွေမျက်နှာပြင်ပေါ်မှာပါလို့ ကိုရိုနာဗိုင်းရပ်စ်လို့ အမည်ပေးထားတာပါ။ ဒီဗိုင်းရပ်စ်ရဲ့ သိပ္ပံနာမည်က SARS-CoV-2 ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ အသက်ရှူလမ်းကြောင်းကို ဆိုးရွားပြင်းထန်စွာထိခိုက်စေတဲ့ ကိုရိနာဗိုင်းရပ်စ် ရောဂါ ၂ လို့ခေါ်ပါတယ်။


Covid-19 ဆိုတာကတော့ ကိုရိုနာက Co, Virus က vi, ရောဂါ disease က d ရယ်၊ 2019 က 19 ကိုယူပြီးခေါ်ဆိုတာပါ။



Q. ကိုရိုနာဗိုင်းရပ်စ်ဟာ တစ်ကြိမ်ထက်ပိုပြီး ကူးစက်နိုင်ပါသလား? ရောဂါကိုခံနိုင်ရည်ရှိသွားတဲ့သူဟာ အချိန်ကြာကြာဗိုင်းရပ်စ်ကို ခုခံနိုင်တဲ့ ကိုယ်ခံစွမ်းအား ရနိုင်ပါသလား?


အခုအထိတော့ အတိအကျပြောနိုင်ဖို့ စောပါသေးတယ်။ ဒါပေမဲ့ အအေးမိစေတဲ့ တခြား ကိုရိုနာဗိုင်းရပ်အမျိုးအစားတွေကနေတော့ သဲလွန်စတွေရနိုင်ပါတယ်။


ပုံမှန်အအေးမိစေတဲ့ ကိုရိုနာဗိုင်းရပ်စ်တွေအတွက် ကြာရှည်ခံနိုင်တဲ့ ကိုယ်ခံစွမ်းအား မရှိကြပါဘူး။ ဒါ့ကြောင့် ဒီမေးခွန်းအတွက် အဖြေမသိသေးပါဘူး။


ဒါဟာ ဆေးဖော်စပ်ရာမှာ ကိုယ်ခံစွမ်းအားကို ဘယ်လောက်ကြာကြာရနိုင်မလဲဆိုတဲ့ အပေါ် စိန်ခေါ်မှုတစ်ခုဖြစ်လာပါတယ်။



Q. တစ်ခါသုံးလို ပြန်လျှော်လို့မရတဲ့ နှာခေါင်စည်း မျက်နှာစည်း mask တွေကို အန္တရာယ်ကင်းအောင် ပြန်အသုံးပြုနိုင်ပါသလား?


ပြန်သုံးနိုင်ပါတယ်လို့ Yale ဆေးပညာကျောင်းက ပါမောက္ခ ဒေါက်တာ Joseph Vinetz (ဂျိုးဇက် ဗိုင်းနက်ဇ်) ကပြောပါတယ်။


လျှော်လို့မရတဲ့ mask တွေကို ပိုးကင်းစင်စေဖို့ သန့်ရှင်းပြီး လုံခြုံတဲ့ အိမ်ရဲ့တစ်နေရာမှာ ရက်အနည်းငယ်လောက်ထားလိုက်ပါ။ ဒါဆိုရင်တော့ ရောဂါမကူးစက်နိုင်တော့ပါဘူး။ ကိုရိုနာဗိုင်းရပ်စ်ဟာ မာကြောတဲ့ မျက်နှာပြင်တဲ့ မျက်နှာပြင်တွေပေါ်မှာ ၃ ရက်လောက်အထိပဲ နေနိုင်တယ်လို့ သိထားပါတယ်။


အဝတ်နဲ့ပြုလုပ်ထားတဲ့ mask တွေလဲ ပြန်လျှော်ပြီး အပူချိန်မြင့်မြင့်နဲ့ အခြောက်ခံပြီး သုံးနိုင်ပါတယ်။



Q. စီးပွားရေးလုပ်ငန်းတွေ ရပ်နားရတဲ့အထိ ကိုရိုနာဗိုင်းရပ်စ်ဟာ ဘာတွေထူးခြားနေတာလဲ? SARS နဲ့ ဝက်တုတ်ကွေးတုန်းကာတောင် မလုပ်ခဲ့ပဲ အခုဘာကြောင့် လူမှုအကွာအဝေးထားဖို့ လိုတာလဲ?


အခု ကိုရိုနာဗိုင်းရပ်စ်ဟာ SARS တို့ ဝက်တုတ်ကွေးတိုနဲ့ မတူပါဘူး။ အခုဗိုင်းရပ်စ်ဟာ ကူးစက်နှုန်းမြင့်သလို သေဆုံးနှုန်းလဲ မြင့်ပါတယ်။


SARS ဟာလဲ ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားပဲ ဖြစ်သလို အဲ့ဒီ့ရောဂါဖြစ်ပွားချိန်က ကမ္ဘာတစ်ဝှမ်း ကူးစက်သူ ၈,၀၀၀ နဲ့ သေဆုံးသူ ၈၀၀ ဝန်းကျင်ရှိခဲ့ပါတယ်။ သေဆုံးနှုန်းမြင့်ပေမဲ့ ကူးစက်နှုန်းမမြင့်ပါဘူး။


H1N1 ဝက်တုတ်ကွေးဟာ ကူးစက်နှုန်းအရမ်းမြင့်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လူပေါင်း သန်း ၆၀ လောက်ကို တစ်နှစ်အတွင်းကူးစက်ခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ပုံမှန်တုတ်ကွေးရောဂါထက် သေဆုံးနှုန်း ၃ ပုံ ၁ ပုံပဲ ရှိပါတယ်။


အခု ကိုရိုနာဗိုင်းရပ်စ်အသစ်ဟာ ကူးစက်မှုမြင့်သလို တုပ်ကွေးထက် သေဆုံးနှုန်းလဲမြင့်ပါတယ်။



Q. ကိုရိုနာကူးစက်ခံရတဲ့ လူငယ်ပိုင်းတွေဟာ သွေးခဲတာနဲ့ လေဖြတ်တာတွေ ဖြစ်တတ်တယ်ဆိုတာ မှန်ပါသလား?


မှန်ပါတယ်။ အရွယ်ရောက်ပြီး လူငယ်လူရွယ်တွေဟာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံရပြီး လေဖြတ်တာမျိုးရှိပါတယ်။


အခုဗိုင်းရပ်စ်ဟာ သွေးလွှတ်ကြောထဲမှာ သွေးခဲမှုပိုမြင့်စေပါတယ်၊ အဲ့ဒါဟာ ပြင်းထန်တဲ့လေဖြတ်ဝေဒနာကို ဖြစ်စေပါတယ်။ အစီရင်ခံစာတွေအရ လူငယ်တွေမှာ ရုတ်တရက် လေဖြတ်နိုင်ခြေ ၇ ဆလောက် ပိုတိုးလာစေတယ်လို့ သိရပါတယ်။


အစီရင်ခံစာထဲမှာပါတဲ့ လူနာတွေဟာ ရောဂါလက္ခဏာ အပျော့စားပြတဲ့ သူတွေနဲ့ လုံးဝ မပြတဲ့ ကူးစက်သူ ၂ ယောက်ပါဝင်ပါတယ်။ လူနာတစ်ယောက် သေဆုံးပြီး၊ ကျန်လူနာတွေကို ပြန်လည်ထူထောင်ရေး အထောက်အပံ့တွေ၊ အရေးပေါ်ကြပ်မတ်ကုသတာ၊ လေဖြတ်မှုကုသရေးတွေပေးထားရ သူတွေပါ။ တစ်ယောက်ကတော့ အိမ်ပြန်ခွင့်ရပြီး အနီးကပ်စောင့်ကြည့်ကုသခံနေရတယ်လို့ သိရပါတယ်။


 
 
 

Comments


bottom of page