top of page

ကိုဗစ်နဲ့သွား



ကိုဗစ်နဲ့သွား ::::::::::::::::: အမှန်တော့ဒီကိစ္စက ကိုဗစ်( Covid-19) နဲ့သိပ်ဆိုင်တာတော့မဟုတ်ဘူး। မဆိုင်ဘူးလားဆိုပြန်တော့လည်း မဟုတ်ဘူး ဆိုင်တဲ့အကြောင်းလေးတွေရှိမယ်လို့ထင်တယ်। လွန်ခဲ့တဲ့ ရက်ပေါင်း ၄၂ ရက်ကျော် မှတ်မှတ်ရရ မတ်လ ၂၃ ရက်ထိ ဒီကောင်( သွား) ကအခြေအနေသိပ်မဆိုးသေးဘူးပဲ။ ဘယ်ဘက် အပေါ် အံဆုံးရှေ့ကတစ်ချောင်း မှာ သွားပဲ့နေပြီး အဲ့ပဲ့တဲ့အစကထွက်မသွားပဲ တောင့်ခံနေတာကစတာ। ဆေးခန်းသွားနှုတ်လိုက်ရင်ရလောက်မယ်ထင်တယ်। ဒါပေမဲ့ သတ္တိခဲကိုယ်က အဲ့ဒါလုပ်ဖို့ သတ္တိမရှိ। အဲ့ဒါပြရင်း သွားဆရာဝန်က ကျန်တဲ့ သွားတွေပါ ဟိုဟာဖြစ်နေပြီ ဒီဟာလုပ်ရမယ် ဆိုပြီး ပြောလာမှာလည်း ကြောက်သေး။ အမှန်တော့ ကိုယ့်ပါးစပ်ထဲမှာ သွား ၃၂ ချောင်းအပြင် ပေါက်နေတာ ၂ ချောင်းအပို। ပေါက်လုဆဲဆဲက ၂ ချောင်းရှိနေတော့ မပြရဲဘူး( ပြသင့်တာ)။ အဲ့ဒီပဲ့နေတဲ့ သွားမှာအပေါက်ပါဖြစ်နေပုံရတယ် အေးတဲ့အရည်တစ်ခုခုသောက်ရင် ကျင်ပြီး မခံနိုင်ဘူး။ ပဲ့နေတော့ အဲ့ဘက်နဲ့လည်း အစာဝါးမရဘူး။ ရသလောက် ဒီဘက်သွားနဲ့စားနေတာ ၂ လကျော်လောက်ရှိရောပေါ့။ အဆိုးဆုံးကတော့ ဘီယာအေးအေးလေးသောက်ချိန် ပဲ။ ဘီယာဆိုတာကလည်း အေးမှအရသာရှိတာ။ ဒီကောင်( သွား) နှောက်နေတော့ ဘီယာသောက်လည်း ဖြည်းဖြည်း အဲ့ဘက်ခံတွင်းသိပ်မရောက်အောင်သတိထားပြီး မြန်မြန်မျိုချရတာ। အရသာကိုခံမရ အဲ့လိုပါဆို။ ဒါနဲ့ ကိုဗစ်နဲ့ ဘယ်လိုဆိုင်သွားလည်း ဆို ဒီလိုဗျ။ အဲ့လို ဒီကောင်( သွား) ဖြစ်နေပေမဲ့ ကိုယ့်ဟာကိုယ်သတိထားပြီး စားသောက်နေတာ အဆင်ပြေပြေပဲ। ကိုဗစ် ပိုးတွေ့လူနာမပေါ်ခင်အထိ ရုံးသွား အလုပ်လုပ်। အပြင်သွား လုပ်စရာရှိတာလုပ် အိမ်ပြန်ရုပ်ရှင်ကြည့် အိပ်। သူ့ဟာသူလည်ပတ်နေတာမှာ ဒီကောင်နဲ့ကပြဿနာသိပ်မရှိဘူး। မတ်လ ၂၃ ညမှာ ပိုးတွေ့လူနာရှိတဲ့သတင်းထွက်လာတော့ မတ်လ ၂၄ ကစပြီး ရုံးပိတ်। ဝန်ထမ်းတွေကို အကြောင်းကြား အိမ်ကမိသားစုနဲ့ ကာကွယ်ရေးအတွက်နဲ့ စားရေးသောက်ရေးအတွက်ပြင်ဆင် အဲ့လိုနဲ့ တစ်ပတ် လောက်ရှိသွားရင်း ဒီကောင်စလာတာပဲ။ လူဆိုတဲ့အမျိုးက မလုပ်နဲ့ဆိုသိပ်လုပ်ချင်ပြီး လုပ်ရမဲ့ဟာဆို သိပ်လုပ်ချင်တာမဟုတ်ဘူးရယ်( ကိုယ့်အကြောင်းကိုယ်ပြောပါတယ်) အိမ်မှာနေရင်း သိပ်ဆိုးတဲ့ ကိုဗစ်သတင်းတွေနားထောင်လိုက် အိမ်ကလူတွေနဲ့စကားတွေပြောလိုက်( အမှန်က အိမ်မှာနေရင်းကြောက်နေတာ) နဲ့ တစ်ပတ်လောက်ရှိလာတဲ့အခါ စိတ်ကသိပ်မဟုတ်တော့ဘူး। ဟိုလိုလို ဒီလိုလို ရုပ်ရှင်ပဲကြည့်နေရမလိုလို। အိပ်နေရမလိုလို। ဆာသလိုလို। ပျင်းသလိုလို। နားရပါတယ်ဆိုပြီး စိတ်ဖြေမိသလိုလို। ဝင်ငွေမရှိ ပေးစရာတွေရှိလို့ ရူးချင်သလိုလို। အဲ့သလိုလိုမှာ နာသလိုလို ကိုက်သလိုလိုနဲ့ ဒီကောင်စလာတာပဲ။ ဒါနဲ့လုပ်စရာတွေရှာကြံလုပ်ရင်း। အိမ်နေရတာကြာလာတော့ အိမ်ကလူတွေနဲ့ စကားများ ရန်တွေဖြစ်ရင်း( ဘာမှမဟုတ်တာနဲ့) ပေးစရာတွေရှင်းစရာတွေအတွက် ကြံရင်း ဒီကောင်ကိုက်တာကို အကိုက်ခဲပျောက်ဆေးတွေသောက်ရင်းနဲ့ ပိုပိုဆိုးလာတယ်။ ဒါနဲ့ အမဆရာဝန်မသိသွားတော့ ပိုးသတ်ဆေးတိုက် ပလုပ်ကျင်းဆေးပေးတော့မှသက်သာလာတယ်। ဒါတောင်မထင်ရင်မထင်သလို ကိုက်ချင်ချင်ရယ်။ အရင်ပုံမှန်လည်ပတ်နေတဲ့ လူတစ်ယောက်ရဲ့ နေ့စဥ်အစီအစဥ်တွေက ရုတ်တရက်ကြီးကမောက်ကမနဲ့ ရပ်လိုက်သလိုဖြစ်သွားတဲ့အခါ ခန္ဓာကိုယ်နဲ့ စိတ်က အတော် သဟဇာတ ဖြစ်ဖို့ ရုန်းကန်ရတဲ့သဘောရှိတယ်လို့သတိထားမိတယ်। စိတ်နောက်မှာမှ ကိုယ်ကလိုက်တယ်ဆိုတာ ဒီကိုဗစ် နဲ့မှသေသေချာချာသိသွားသလိုပဲ। မလုပ်ရ မသွားရ မထိရ မကိုင်ရ। ဝယ်မရ ရောင်းမရ ဆိုတဲ့ကန့်သတ်မှုနောက်မှာနေ့စဥ်လုပ်ငန်းဆောင်တာတွေရပ်သွားတဲ့အတွက် ကိုယ်ခန္ဓာလုပ်ဆောင်မှူတွေရပ်သလို စိတ်ကူးအတွေးတွေကဦးစွာရပ်တန့်သွားတယ်။ အားသွားတဲ့အခါ( အမှန်ကမအားဘူး လုပ်ရင်ရတဲ့ လုပ်စရာတွေမှအပြည့်) လူ့စိတ်က ချင်( wants ) ကိုပိုအလုပ်လုပ်တယ်। အလုပ်ကြီးတစ်ခုလိုကိုလုပ်တာ। စားချင် သောက်ချင် သွားချင် လာချင် အိပ်ချင်.... ချင်ချင်ချင် နဲ့ အဲ့မှာမှာ ဆိုးလာတာက ကိုက်ချင်သလိုလို အောင့်ချင်သလိုလို နာချင်သလိုလိုနဲ့ ဒီကောင်( သွား) ကစလာတာပဲ। နာချင်နေသလိုလို ကိုက်ချင်နေသလိုလို ကနေ တကယ် ကိုက်လာ နာလာတာ। ဘာလို့လဲဆို ကိုယ်ကဒီကောင့်ကိုပိုသတိထားပြီး( ချစ်သူလိုလေ မျက်စိဒေါက်ထောက်ကြည့်) နာနေသလား ကိုက်နေသလားဆိုပြီး လိုက်ခံစားနေတာ। အဲ့မှာဒီကောင်ပညာစပြတာပဲ। စိတ်ဖိစီးမှုတွေရယ်। ပျင်းတာရယ်। ပျော်စရာရှာမရတာရယ်। တရားမရှိသေးတာ( နည်းနည်းတော့ရှိတယ်ထင်တာပဲ) ရယ်ပေါင်းစုံပြီး ဒီကောင်ကပိုအစွမ်းပြနေရော। စကားရှည်နေတာ တကယ်ပြောချင်တဲ့ နေရာမရောက်ဘူး। တကယ်ပြောချင်တာကအခုမှစမှာ। အဲ့လိုဒီကောင်(သွား) ကနာသလိုလို ကိုက်သလိုလိုဖြစ်နေတော့ သူ့ကိုတချိန်လုံးသတိထားမိနေတာပေါ့। အိမ်ပြင်မထွက်ဖြစ်တော့ online သုံး ရုပ်ရှင်ကြည့် အဓိကလုပ်ဖြစ်နေရော အဲ့ဒီမှာ ဒီကောင်( သွား) ကပါလာပြန်တယ် ကြည့်မိသမျှဓါတ်ပုံ ဗီဒီယိုမှာမြင်နေရတဲ့လူတွေရဲ့ပါးစပ်ကိုလိုက်ကြည့် သူတို့သွားတွေကိုလိုက်ကြည့်တာစလာတာပဲ। စိတ်ရောဂါအခံများရှိနေလားမသိပါဘူး တကယ့်ကိုစိတ်ဝင်တစားကြည့်မိနေတာ। ကိုယ်ကြည့်နေတဲ့ ရုပ်ရှင်တွေ သတင်းတွေတောင်သိပ်စိတ်မဝင်စားနိုင်တော့ပဲ သွားတွေချည်းလိုက်ကြည့်နေတာ। ကြည့်ပြီးတော့လည်း အော် သူဆိုသွားကဘယ်လို। ညီတယ် မညီဘူး। ဖြူတယ် မဖြူဘူး। အံမာ် ငါ့လိုသွာအပိုတွေနဲ့। ဟာသွားသေးသေးလေး। သူကအကြီးကြီး। အော်သူ့သွားတွေကကွမ်းစားတဲ့သွားတွေထင်တယ်। သူရောသွားမကိုက်ဘူးလား। ကိုက်မယ်ထင်တယ်। သူ့သွားတွေဆိုငါ့သွားတွေလောက်တောင်ကောင်းပုံမရဘူး। သူ့ကြည့်တာသွားကိုက်နေပုံမပေါ်ဘူး। အဲ့လိုအဲ့လို မြင်မြင်သမျှလူတွေရဲ့သွားတွေကိုလိုက်ကြည့်ပြီး စဥ်းစားနေတာ। အရင်တုန်းကသတိလည်းမထားမိဘူး စိတ်လည်းမဝင်စားမိဘူး ကိုယ်ဖြစ်လာတဲ့အခါ( ကိုယ်နာမှ) သူများတွေကိုစိတ်ဝင်စားသွားတာ။ တကယ်ကိုထူးထူးဆန်းဆန်းကြီးကြုံနေတာ။ ဒါနဲ့ကိုယ်လိုက်ကြည့်မိတဲ့နာမည်ကျော် သွားပိုင်ရှင်တွေနည်းနည်းပြောပြမယ်နော့( အပျော်ပါဗျာ) လေးဖြူ Donal Trump ဝိုင်ဝိုင်း နော်ဖောဟယ်သာ DJ Soda Will Smith မင်းမော်ကွန်း ဦးဇော်ဌေး စံရတီမိုးမြင့် ကိုပေါက် မိုးအောင်ရင် ကိုဂျွန်လွင် အောင်လ( Burmese Python) Alex ကိုမောင်မောင်အေး ကင်ဂျုံအွန် ကြက်ဖ Taylor Swift ဒီကြားထဲဒီကောင်ကတချက်တချက်ထထကိုက်ရင် အဲ့လူတွေဆီဖုန်းဆက်ပြီးခင်ဗျားတို့ရောသွားမကိုက်ကြဘူးလားလို့ကိုမေးချင်လာတယ်ဗျာ...။ ချစ်ခင်လျက် ကသမန


 
 
 

Comments


bottom of page