World Health Organization နဲ့ Global Citizen က စီစဥ်တဲ့ One World Together at Home live event
- ကသမန
- Apr 21, 2020
- 2 min read
One World: Together At Home
မြန်မာစံတော်ချိန် ည ၁၂ ခွဲ အချိန်မှာ စတင်ပြသခဲ့တဲ့ World Health Organization နဲ့ Global Citizen က စီစဥ်တဲ့ One World Together at Home live event ဟာ ကမ္ဘာကပ်ရောဂါ COVID-19 ကို တိုက်ခိုက်နေတဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေကို ထောက်ပံ့ကူညီဖို့ အလှူငွေ ဒေါ်လာ ၁၂၈ သန်း နီးပါး ရရှိခဲ့တယ်လို့ Global Citiznen နဲ့ Lady Gaga တို့က ကြေငြာခဲ့ပါတယ်။
ဒီဖျော်ဖြေမှုဟာ လူတိုင်းကို အိမ်မှာနေပြီး ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့တာကို တုံ့ပြန်ဖို့ဖြစ်ပါတယ်။ အနုပညာရှင်တွေ၊ ထိပ်တန်း ဂီတပညာရှင်တွေ ဖြစ်တဲ့ Elton John, Billie Eilish, Stevie Wander, Paul McCartney, The Rolling Stones နဲ့ Lady Gaga တို့လို ဖျော်ဖြေသူတွေ အများအပြားပါဝင်ခဲ့ပါတယ်။
ဒီ show ကိုတော့ NBC ရုပ်သံလိုင်းက Jimmy Fallon, ABC ရုပ်သံလိုင်းရဲ့ Jimmy Kimmel, CBS ရုပ်သံလိုင်းရဲ့ Stephen Colbert တို့က တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ဒီတင်ဆက်မှုကတော့ ၈ နာရီဝန်းကျင်ကြာမြင့်ခဲ့ပါတယ်။
အဆိုတော် Beyonce ဟာလည် အခု TV အစီအစဥ်မှာ ပါဝင်ခဲ့ပြီး ပစ္စည်းသယ်ယူပို့ဆောင်ရေးလုပ်ဆောင်ပေးသူတွေ၊ စာသယ်ယူပို့ဆောင်သူတွေ၊ သန့်ရှင်းရေးလုပ်သားတွေကိုလည်း အခုလို ကပ်ရောဂါပျံ့နှံ့ချိန်မှာ အလုပ်ကြိုးစားလုပ်ဆောင်ပေးနေလို့ ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ သူမက “အားလုံးဟာ တစ်မိသားစုထဲပါ၊ သင့်တို့ကို လိုအပ်ပါတယ်၊ သင်တို့ရဲ့ အသံတွေ၊ စွမ်းရည်တွေ၊ ခွန်အားတွေဟာ တစ်ကမ္ဘာလုံးမှာ လိုအပ်ပါတယ်။ အခုချိန်မှာ သည်းခံနေရတာ၊ သတ္တိဆက်ရှိနေဖို့၊ ယုံကြည်တွေ မြဲမြံဖို့၊ အကောင်းမြင်နေနိုင်ဖို့ ခက်ခဲမှန်း သိပေမဲ့ ကျမတို့ရဲ့ သူရဲ့ကောင်းတွေကို ဆက်ပြီး ဆုတောင်းပေးနေရမှာပါ” လို ပြောခဲ့ပါတယ်။
အားလုံးခက်ခဲနေချိန်မှာ ပြုံးနေနိုင်ဖို့ ကြိုးစားရမှာပါလို အားပေးစကားပြောခဲ့ပြီး Nat King Cole ရဲ့ Smile သီချင်းကို သီဆိုဖျော်ဖြေခဲ့ပါတယ်။ ကိုယ့်အသက်အန္တရာယ်မမှုပဲ အားလုံးအတွက် စွန့်စားပြီး အလုပ်လုပ်ပေးနေတဲ့ ဆေးဝန်ထမ်းတွေကို သူမတန်ဖိုးထားကြောင်း ပြောခဲ့ပါတယ်။
Wonder ကတော့ Lean On Me ဆိုတဲ့ တေးသီချင်းကို စန္ဒယားတီးခတ်ဖျော်ဖြေခဲ့ပါတယ်။ အခုလိုအချိန်မှာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကူညီရမှာပါလို ပြောခဲ့ပါတယ်။ John Legend နဲ့ Sam Smith ကတော့ သူတို့ရဲ့ အိမ်ကနေပြီး Stand by Me သီချင်းကို ပူးတွဲ ဆိုခဲ့ကြပါတယ်။ Lizzo ကတော့ A Change Is Gonna Come သီချင်း၊ Shawn Mendes နဲ့ Camila Cabello ကတော့ What a Wonderful World သီချင်းနဲ့ဖျော်ဖြေခဲ့ပါတယ်။
သူနာပြုတစ်ယောက်အနေနဲ့ အသက်ရှင်ခဲ့တဲ့ သူမရဲ့ မိခင်အကြောင်းပြောပြခဲ့ပြီး Paul McCartney က Beatles ရဲ့ Lady Madonna သီချင်းကို သီဆိုခဲ့ပါတယ်။ Rolling Stones အဖွဲ့ဝင်တွေကတော့ နေရာလေး နေရာကနေ ပူးပေါင်းပြီး You Can’t Always Get What You Want နဲ့ Taylor Swift က Soon You’ll Get Better သီချင်းကို စန္ဒယားနဲ့ ဆိုခဲ့ပါတယ်။
သမ္မတကတော်တွေ ဖြစ်ခဲ့ကြတဲ့ Michelle Obama, Laura Bush တို့နဲ့ Oprah Winfrey, Bill နဲ့ Melinda Gates, Ellen DeGeneres, Pharrell Williams တို့လို ထင်ပေါ်ကျော်ကြားသူတွေဟာလည်း ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဓာတ်ပုံတွေ၊ နေ့စဥ်သူတို့ရဲ့ လုပ်ရှားမှုတွေအတွက် ချီးမွမ်းစကးတွေဆိုခဲ့ကြပါတယ်။
One World: Together At Home မှာ ကျော်ကြားသူများစွာ ပါဝင်ခဲ့ကြပြီး သာမန်အပြင်အဆင်များနဲ့သာ ဖော်ဖြေခဲ့ကြာတာပါ။ ဒါ့အပြင် ကမ္ဘာတစ်ဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ကာလအတွင်း အများပြည်သူရဲ့ လှုပ်ရှားမှုတွေလည်း ပါဝင်ပါတယ်။ ဒီတင်ဆက်မှုကို ABC, NBC, CBS, iHeartMedia နဲ့ Bell networks တွေမှာ တစ်ပိုင်ထဲ ပြသခဲ့ပါတယ်။ ဒီတင်ဆက်မှုကို ကြည့်ချင်ရင်တော့ Global Citizen ရဲ့ YouTube Channel မှာလဲ ပြန်ကြည့်လို့ရပါတယ်။
Comments