Our Planet ကျွန်တော်တို့ကမ္ဘာ (ဂြိုလ်)
- ကသမန
- May 4, 2020
- 2 min read

Our Planet ကျွန်တော်တို့ကမ္ဘာ (ဂြိုလ်) ::::::::::::::::::::::::::::::::::::::::::::
ကျွန်တော်အပါအဝင် ဒီအကြောင်းအရာကိုဖတ်နေတဲ့မိတ်ဆွေတို့ရော। မိတ်ဆွေတို့ရဲ့ မိသားစု သူငယ်ချင်းအပေါင်းအဖော်တို့အားလုံးလည်း ဒီကမ္ဘာကြီးပေါ်နေထိုင်ရှင်သန်နေကြရတာပါ။
ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီးရှင်သန်ကျန်းမှာမှလည်း အခုလိုကပ်ဆိုးတွေ। သဘာဝဘေးအန္တရာယ်တွေကင်းဝေးနိုင်မှာပါ။ ဒီကမ္ဘာကြီးပေါ်အမှီသဟဲပြုရှင်သန်နေကြတာ လူသားမျိုးနွယ်တစ်ခုတည်းမဟုတ်ပဲ လူ। တိရစ္ဆာန်। သစ်ပင်। ပိုးမွှား( Insect)। တောတောင်। ရေ। လေ। မြေကြီးတို့ အားလုံးအပါအဝင်ပါ। သက်ရှိရယ်သက်မဲ့ရယ်လို့ခွဲခြားနိုင်သော်လည်း အဆိုပါ သဘာဝအရင်းအမြစ်များစွာက တစ်ခုကိုတစ်ခု မှီတင်းအကျိုးပြုနေထိုင်ကြရတယ်ဆိုတာ သေချာသထက်သေချာလာတဲ့ လေ့လာစမ်းသပ်မှုတွေနဲ့အတူ သက္ကရာဇ် ၂၀၂၀ ဆိုတဲ့ လူ့သမိုင်းတစ်ခုရောက်ရှိလာခဲ့ပါပြီ။
လူ। တိရစ္ဆာန်। သဘာဝပတ်ဝန်းကျင်( ရေ। လေ।မြေ) တို့အားလုံး သဟဇာတဖြစ်မှုလိုအပ်သလို ထိန်းသိမ်းစောင့်လျောက် ဖို့လည်းလိုအပ်ပါတယ်။ အခုလက်ရှိဖြစ်နေတဲ့ သဘာဝဘေးအန္တရာယ်တွေ। ကပ်ရောဂါတွေက သတိပေးနေခဲ့တာ အချိန်တစ်ခုရှိလာပါပြီ။
ကမ္ဘာကြီးကျန်းမာဖို့လိုပါတယ်။ ကမ္ဘာကြီး ကျန်းမာဖို့အတွက် ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိသက်မဲ့တွေအားလုံးရဲ့တာဝန်ပါ। အထူးသဖြင့် သက်မဲ့သဘာဝအရင်းအမြစ်တွေကိုသုံးစွဲနေတဲ့ သက်ရှိတွေရဲ့ အဓိကတာဝန်ပါ။
ကျန်းမာတဲ့ သဟဇာတဖြစ်တဲ့ ကမ္ဘာကြီးဖြစ်ဖို့ နိုင်ငံအတော်များများက အဖွဲ့အစည်းများစွာကြိုးစားနေခဲ့ပေမဲ့ ချို့ယွင်းပျက်စီးလာမှုပမာဏကို ပြုပြင်ထိန်းသိမ်းနိုင်မှုပမာဏအချိုးအစားမညီမျှခြင်းတွေရှိနေသေးတာကြောင့် ကျွန်တော်တို့ကမ္ဘာမြေကြီး ကျန်းမာရေးချို့တဲ့လာနေပါပြီ။
ခေတ်အဆက်ဆက်က သိပ္ပံပညာရှင်တွေ। သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းတွေများစွာကြိုးစား ထိန်းသိမ်းနေကြပေမဲ့ ကမ္ဘာပေါ်ရှိ အသိဥာဏ်ရှိသော သက်ရှိလူသားဦးရေတိုးပွားလာမှု များပြားလာပြီး အသိဥာဏ်မဲ့စွာ သဘာဝပတ်ဝန်းကျင်ကိုဖျက်စီးနေတဲ့ လူသားတွေကြောင့်မဖြစ်သင့်တာ မလုပ်သင့်တာတွေလုပ်နေကြရင်း အခုလိုအခြေအနေဆိုးများကြုံတွေ့နေခြင်းဖြစ်ပါတယ်။
လူသားတစ်ဦးတစ်ယောက်ချင်းစီက သဘာဝပတ်ဝန်းကျင်। လူ တိရစ္ဆာန်। ပိုးကောင်( insect) တွေရဲ့ ပတ်သတ်ဆက်နွယ် အကျိုးပြုမှု( ဂေဟစနစ်) ဆိုတာအရေးတကြီး စောင့်လျောက်ထိန်းသိမ်းရမည်ဆိုသည်ကို သိရှိနားလည်မှသာ တစ်ဦးတစ်ယောက်ရဲ့ ဆင်ခြင်နိုင်စွမ်းတွေနဲ့ ကျွန်တော်တို့ကမ္ဘာကြီး ပြန်လည်ကျန်းမာလာနိုင်မှာပါ။
ဒီနေရာမှာ မသိကျိုးကျွန်နေခဲ့မိတဲ့ လူသားတွေ। သိရက်နဲ့ ပြုမူနေထိုင်ကြတဲ့ လူသားတွေ ရဲ့ ခေတ်ပေါင်းများစွာကျော်ဖြတ်လာခဲ့ပြီးပါပြီ။ ဆက်လက်ရှင်သန်နေရမဲ့ ကမ္ဘာကြီးအတွက်အနာဂတ်ကိုဦးဆောင်မဲ့ မျိုဆက်သစ် ကလေးငယ်တွေ। လူငယ်လူရွယ်တွေကသာ ရှေးလူကြီးတွေလုပ်မိခဲ့တဲ့( သိလို့ဖြစ်စေ। မသိလို့ဖြစ်စေ) သဘာဝပတ်ဝန်းကျင်အရင်းအမြစ် တွေကိုဖျက်စီးမှုတွေ। ပျက်စီးနေမှုတွေကိုကာကွယ်နိုင်ဖို့မျှော်လင့်ပါတယ်။
ငယ်စဥ်ကတည်းက သဘာဝတရားရယ်। လူရယ်। တိရစ္တာန်တွေရယ် မည်သို့မည်ပုံမှီတင်းနေထိုင်ကြရပြီး မည်သို့မည်ပုံအကျိုးပြုနေကြရတယ်ဆိုတာ သိရှိနိုင်မည် လေ့လာနိုင်မည်ဆိုပါက ကျွန်တော်တို့ အနာဂတ်ကမ္ဘာကြီးကိုပြန်လည်ကျန်းမာလာအောင်ဖော်ဆောင်ပေးနိုင်မည်လို့ယုံကြည်ပါတယ်။
အခုဆို ခေတ်မှီနည်းပညာ များ। လေ့လာစမ်းသပ်မှုများမှတစ်ဆင့် အကျိုးပြုနိုင်တဲ့ ဘာဝပတ်ဝန်းကျင်နဲ့ပတ်သတ်တဲ့ စာပေများ। အရုပ်အသံ များစွာရှိနေပါပြီ။
British Nature Documentary Series တစ်ခုဖြစ်တဲ့ Netflix ရုပ်သံမှစီစဥ်တင်ဆက်နေတဲ့ Our Planet ဆိုတဲ့ ရုပ်သံဗီဒီယို ကိုကြည့်ရှု လေ့လာနိုင်ပါပြီ။ World Wildlife Fund ( WWF) နဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ Our Planet Documentary Series ကို Netflix ရဲ့ Official YouTube Channel မှာ Full Episode များအနေဖြင့်ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။
အခုလို Stay at home နေနေရချိန်မှာပဲဖြစ်ဖြစ် စိတ်ဝင်စားလို့ပဲဖြစ်ဖြစ် ကြည့်ရှုသင့်တဲ့ Documentary Series ပါ။ အထူးသဖြင့် ရင်သွေးငယ်များရှိတဲ့မိသားစုတွေ မိမိတို့အနာဂတ်ကိုဖော်ဆောင်ပေးမဲ့ ကလေးငယ်တွေ နဲ့အတူကြည့်ရင်း သဘာဝပတ်ဝန်းကျင်နဲ့ တိရစ္ဆာန် တွေ। ရေထု လေထု နဲ့ ကမ္ဘာမြေကြီးရဲ့ အလှတရား တန်ဖိုးတွေ। ပတ်သတ်ဆက်နွယ်နေမှုတွေသိရှနိုင်အောင် ပြပေးခြင်းဖြင့် ကျွန်တော်တို့ တသ်ခေတ်တစ်ခါက မှားခဲ့ ဖျက်စီးခဲ့မိသလို( သိလို့ဖြစ်စေ မသိလိုဖြစ်စေ) မဖြစ်အောင် လေ့လာနိုင်မည်လို့ အကြံပြုပါတယ်။
ကလေးငယ်တွေကြည့်တဲ့အခါ သဘောကျနိုင်လို့ပါ။ ကာတွန်းကားကြည့်နေရသလို ဇာတ်လမ်းငယ်( Short story) ပုံစံလေးဖြစ်အောင်ရိုက်ကူးတည်းဖြတ်ထားတဲ့အပြင် နောက်ခံစကားပြော ကလည်း Outstanding Narrator Award ရထားတဲ့ BBC Natural History Unit က အကောင်းဆုံးနောက်ခံစကားပြောသူ David Attenborough က ပုံပြင်ပြောပြနေသလိုတင်ဆက်ပေးထားပါတယ်။
ကမ္ဘာမြေကြီးရဲ့ အနာဂတ်အတွက် အနာဂတ်ရင်သွေးငယ်တွေရဲ့ စောင့်ရှောက်မှုလိုအပ်ပါတယ်လို့တွေးမိပါတယ်။
ဒီစာနဲ့အတူ Netflix Official YouTube Channel က Our Planet Full Episode link များထဲ့ပေးလိုက်ပါတယ်။
ချစ်ခင်လျက် ကသမန
Article presented by Bandula Entertainment ---------------------------------------------
1. Our Planet | Fresh Water | FULL EPISODE | Netflix https://youtu.be/R2DU85qLfJQ
2. Our Planet | Jungles | FULL EPISODE | Netflix https://youtu.be/um2Q9aUecy0
3. Our Planet | From Deserts to Grasslands | FULL EPISODE | Netflix https://youtu.be/XmtXC_n6X6Q
4. Our Planet | Coastal Seas | FULL EPISODE | Netflix https://youtu.be/r9PeYPHdpNo
5. Our Planet | High Seas | FULL EPISODE | Netflix https://youtu.be/9FqwhW0B3tY
6. Our Planet | Frozen Worlds | FULL EPISODE | Netflix https://youtu.be/cTQ3Ko9ZKg8
7. Our Planet | Humpback Whales | Clip | Netflix https://youtu.be/glxULceEEjA
8. Our Planet | One Planet | FULL EPISODE | Netflix https://youtu.be/GfO-3Oir-qM
Comments