Q&A on Coronaviruses (Covid-19) အမေးများတဲ့ မေးခွန်း (Part :1)
- ကသမန
- May 6, 2020
- 1 min read

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းတွေကို တင်ဆက်ပေးပါမယ်။
Q. လက်သန့်ဆေးရည်အစား Vodka အရက်ကို သုံးလို့ရလား?
ကျေးဇူးပြုပြီး မသုံးပါနဲ့။ လက်သန့်ဆေးတွေမှာ Alcohol ပမာဏ အနည်းဆုံး ၆၀% ပါရမယ်လို့ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟို CDC က အကြံပြုထားပါတယ်။
Vodka အရက်ဟာ အများအားဖြင့် Alcohol ပမာဏ ၃၅% ကနေ ၄၆% ပဲ ပါဝင်တာပါ။
Q. တုပ်ကွေးက ကိုရိုနာဗိုင်းရပ်စ်ထက် လူပိုသေစေသလား?
မသေစေပါဘူး၊ အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာကြောင့် ဖေဖော်ဝါရီလက သေဆုံးတဲ့ အရေအတွက်ဟာ၊ တုပ်ကွေးကြောင့် အောက်တိုဘာလထဲက သေဆုံးတဲ့ အရေအတွက်ထက်များပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ သေဆုံးသူအရေအတွက်များစေရုံသာမက၊ ပိုပြီးမြန်မြန်သေဆုံးစေနိုင်ပါတယ်။
တုပ်ကွေးကြောင့် သေဆုံးသူ အရေအတွက်ဟာ အမေရိကန်ပြည်ထောင်စုမျာ မနှစ်အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ၂၄,၀၀၀ ကနေ ၆၂,၀၀၀ အတွင်း ရှိပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဟာ အခုနှစ် ဖေဖော်ဝါရီလက စရေတွက်ရင် ၆၃,၀၀၀ ကျော်သွားပါပြီ။
ကိုရိုနာဗိုင်းရပ်က တုပ်ကွေးထပ် ပိုပြီး အန္တရာယ်ရှိတဲ့ အချက်တွေကတော့
တုပ်ကွေးထပ် ၂ ဆ ပိုပြီးလွယ်လွယ်ကူကူ ကူးစက်နိုင်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ မသိပဲ ရက်ပေါင်းများစွား ကူးစက်ပျံ့နှံ့နေနိုင်ပါတယ်။
တုပ်ကွေးအတွက် ကုသဖို့ဆေးရှိပေမဲ့ ကိုရိုနာအတွက် ကုသဆေးဟာ သေသေချာချာ မရှိသေးပါဘူး။
Q. ကိုရိုနာဗိုင်းရပ်စ်ဟာ ရေထဲကနေပျံ့နှံ့နိုင်ပါသလား? ဥပမာ ရေကူးကန်နဲ့ ရေချိုးကန်တွေကလိုမျိုး ကူးစက်နိုင်ပါသလား?
အခုလက်ရှိအချိန်ထိတော့ ရေကူးကန်နဲ့ ရေချိုးကန်တွေကနေ ကူးစက်တဲ့ အထောက်အထားတော့မရှိသေးပါဘူးလို့ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟို CDC ကပြောထားပါတယ်။
ကောင်မွန်းတဲ့ ထိန်းသိမ်းစောင့်ရှောက်မှုတွေဖြစ်တဲ့ ကလိုရင်း၊ ဘရိုမင်း တို့ကို အသုံးပြုခြင်းဟာ ရေကူးကန်နဲ့ ရေချိုးကန်တွေကနေ ဗိုင်းရပ်စ်ကို ဖယ်ရှားစေပါတယ်။
အသက်ရှူလမ်းကြောင်းကကူးစက်တဲ့ ရောဂါဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး ၆ ပေ အကွာကနေဖို့ ကျန်းမာရေးတာဝန်ခံတွေကတော့ အကြံပြုထားပါတယ်။ တနည်းအားဖြင့်တော့ ကိုရိုနာဗိုင်းရပ်စ်ကို ရေထဲကနေ မကူးနိုင်ပေမဲ့ ရေထဲမှာ တစ်ယောက်ယောက်နဲ့ နီးကပ်နေရင်တော့ ကူးစက်နိုင်ပါတယ်။
သောက်သုံးရေနဲ့ ပတ်သတ်ရင်တော့ မြူနီစပယ်က ဖြန့်ဝေတဲ့ သောက်သုံးရေနဲ့ ဘုံဘိုင်ဟာ များသောအားဖြင့် ဗိုင်းရပ်စ်မရှိအောင် ပြုလုပ်ထားပြီးသား ဖြစ်ပါတယ်လို့ ဆရာဝန်တွေက ပြောထားပါတယ်။
Q. ကိုရိုနာဗိုင်းရပ်စ်ဟာ လေထဲမှာ ပျံ့နှံ့နေနိင်ပါသလား? လမ်းလျှောက်ထွက်တာ၊ ပြင်ပလေ့ကျင့်ခန်းလုပ်တာတွေဟာ လုံခြုံမှုရှိပါသလား?
ကိုရိုနာဗိုင်းရပ်စဟာ လေထဲမှာ ဝေးဝေးမသွားနိုင်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ကပြောထားပါတယ်။
ရောဂါပိုးရှိတဲ့သူရဲ့ ချောင်းဆိုး၊ နှာချေ၊ စကားပြောရာက ထွက်တဲ့ အစက်အမှုန်တွေကနေပဲ အဓိက ကူးစက်တာပါ။ အဲ့ဒီ့အစက်အမှုန်တွေဟာ များသောအားဖြင့် လေးလံပြီး ဝေးဝေးလံလံ မသွားနိုင်သလို့ မြေကြီးထဲ စိမ့်ဝင်သွားတာပါလို့ WHO က ပြောပါတယ်။
လေထဲကထက် တချို့မသန့်ရှင်းတဲ့ မျက်နှာပြင်တွေက ပိုပြီး အန္တရာယ်ရှိပါတယ်။ အသက်ရှူလမ်းကြောင်းထဲကထွက်လာတဲ့ အစက်အမှုန်တွေက စားပွဲ၊ တံခါးလက်ကိုင်၊ လက်ရမ်းလို့ပေါ်ကို ကြပြီး အဲ့နေတွေကို ထိကိုင်မိတာကတဆင့် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်ကို ထိတွေ့ကိုင်တွယ််ရင် ကူးစက်နိုင်ပါတယ်။
ဒါကြောင့် နှာခေါင်း၊ မျက်နှာစည်းတွေက ကိုရိုနာဗိုင်းရပ်စ်ကနေ မကာကွယ်နိုင်ပေမဲ့ သင်ဖျားနာနေရင်တော့ တခြားသူတွေဆီ မပျံ့နှံ့အောင် တားဆီးပေးနိုင်တာပါ။
Q. မျက်ကပ်မှန်နဲ့ မျက်မှန်တွေကို တပ်တာကို ရပ်လိုက်သင့်သလား? အဲ့လိုလုပ်ခြင်းဟာ ရောဂါကူးစက်တာကို လျော့ချပေးနိုင်မလား?
မျက်မှန်တပ်သူတွေထပ် မျက်ကပ်မှန်သမားတွေက ပိုအန္တရာယ်များတယ်ဆိုတဲ့ အထောက်အထားတော့ မရှိသေးပါဘူး။ ဒါပေမဲ့ မျက်ကပ်မှန်သုံးတာဟာ မျက်လုံးကို ရောဂါပိုးဝင်ဖို့ပိုပြီး အခွင့်အရေးပိုများပါတယ်။ ဒါကြောင့် မျက်ကပ်မှန်သုံးသူတွေအနေနဲ့ လက်သေချာဆေးဖို့ လိုအပ်ပါတယ်လို့ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟို CDC ကပြောထားပါတယ်။
Comments