" နေ့တိုင်း နံနက်စာအတူတူစားချင်တယ်"
- ကသမန
- Jun 5, 2020
- 2 min read
Updated: Nov 24, 2020

Zawgyi Font Below \/
" သူမနှင့် ကျွန်တော့် နံနက်စာ "
TTTT 6:15 am
TTTT 6:25 am
TTTT 6:30 am
ညကတည်းကမှတ်မှတ်ရရပေးထားတဲ့ ဖုန်း နာရီနှိုးစက်သံက သူ့အချိန်ရောက်လာတာနှင့် တာဝန်ကျေစွာ ကျွန်တော့်ကိုနှိုးပါတယ်၊ ညအိပ်ယာဝင်တာနောက်ကျတတ်ပြီးနံနက်စောစောမထတတ်တဲ့ ကျွန်တော့်အတွက် အချိန် ၃ ခါခွဲပြီး နှိုးစက်သံပေးထားခဲ့တာ သူမဆီအချိန်မှီရောက်အောင်သွားချင်တာပါ၊
အချိန်အတိအကျနဲ့ တာဝန်ထမ်းဆောင်နေတဲ့သူမရဲ့ အချိန်ဇယားကျွန်တော့်ကြောင့် နောက်မကျစေချင်တာရယ် ၊ မိနစ်ပိုင်းလောက်အရောက်နောက်ကျသွားတာနဲ့ ကျွန်တော်လိုချင်တဲ့နံနက်ခင်းလေး မလှမပဖြစ်သွားရမှာကို စိုးရိမ်ခဲ့တာပါ၊
" Morning "
' Morning '
သူမနဲ့ကျွန်တော်ရဲ့နံနက်ခင်း နှုတ်ဆက်စကားပါ၊
ဖုန်းနဲ့ စာနဲ့ပြောလို့ရတဲ့စကားတစ်ခွန်းကို သူမနဲ့ လူချင်းတွေ့ ပြီး ပြောခွင့်ရတဲ့အခါ သာယာလှပတဲ့နံနက်ခင်းလေးတစ်ခုကျွန်တော်တို့ရခဲ့ကြပါတယ်။
" နံနက်စာသွားစားမယ်နော် "
' အင်း... ဒီနားကဆိုင်ပဲသွားမယ်လေ '
ကျွန်တော်တို့ နံနက်စာစားဖို့ သူမရွေးချယ်တဲ့ဆိုင်ကိုရောက်ခဲ့ပါတယ်။
" လက်ဘက်ရည် ပေါ့ဆိမ့် တစ်ခွက်၊ ကျဆိမ့်တစ်ခွက်... ဘာစားမလဲ.."
' ပဲပလာတာ........'
သူမစားချင်တာမှာပါတယ်၊ နေ့လည်စာအတွက်ပါ သူမစဉ်းစားပြီးမှာပါတယ်၊ စားစရာတွေရောက်မလာခင် ကျွန်တော့်ရှေ့ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့သူမကိုကျွန်တော်ငေးကြည့်နေမိပါတယ်၊ လုပ်ငန်းခွင်ဝင်ဖို့ အားမာန်အပြည့် ယုံကြည်မှု့အပြည့် နဲ့အဆင်သင့်ဖြစ်နေတဲ့သူမရဲ့ နံနက်ခင်းအလှတရားကိုကျွန်တော်ခံစားမိနေတာပါ။
မိတ်ကပ်ပါးပါး၊ အိုင်းလိုင်နာ ညီညီညာညာ၊ နှုတ်ခမ်းနီ စိုးထားပြီး မြန်မာဝတ်စုံ သေသေသပ်သပ်ဝတ်ထားတဲ့ သူမရဲ့ မျက်မှန်နောက်မှာရှိနေတဲ့ တောက်ပတဲ့မျက်ဝန်းတွေက နံနက်ခင်း နေရောင်တွေနဲ့အတူကျွန်တော့်နံနက်ခင်းလေးကိုပိုပြီးလှနေစေခဲ့ပါတယ်။
အလုပ်တာဝန်တွေကိုယ်စီနဲ့ ကိုယ်ပိုင်အချိန်ရှားပါးလာတဲ့ ခေတ်ကြီးထဲမှာ ချစ်သူနှစ်ဦးအတွက် အတူရှိချိန်ဆိုတာ တန်ဖိုးရှိတဲ့စက္ကန့်တွေ နာရီတွေလို့ ကျွန်တော်တွေးမိပါတယ်၊
အဲ့ဒီတန်ဖိုးရှိတဲ့ရှားပါးလှတဲ့ အချိန်မိနစ်တွေထဲမှာ ကျွန်တော်နဲ့သူမအတွက် နံနက်စာအတူတူစားချိန်လေး ကိုကျွန်တော်တန်ဖိုးထားမိတယ်။
ကျွန်တော်တို့ သူကြိုက်တာကိုယ်ကြိုက်တာ မှာကြတယ်၊ သူမမှာထားတာတွေကိုကျွန်တော်ယူစားသလို ကျွန်တော်မှာထားတာတွေလည်းသူမယူစားတယ်၊ သူမအတွက်ရေနွေးချမ်းကျွန်တော်ငှဲ့ပေးခဲ့တယ်၊ ကျွန်တော့်အတွက် တစ်ရှုးလေးသူမထုတ်ပေးတယ်၊ ကျွန်တော်ဒီနေ့ဘယ်သွားပြီးဘာလုပ်မယ်ဆိုတာသူမကိုပြောပြတယ်၊ သူမရဲ့ ဒီနေ့အချိန်ဇယားကိုသူမပြောပြတယ်၊ သူမလှတာကျွန်တော်ပြောပြတယ်၊ ကျွန်တော်ဆံပင်ညှပ်တဲ့အကြောင်းသူမပြောတယ်၊ လူမှု့ကွန်ရက်ကအကြောင်းအရာတချို့ကျွန်တော်တို့ပြောကြတယ်၊ ရုပ်ရှင်တွေအကြောင်းပြောကြတယ်၊ သီချင်းတွေအကြောင်းပြောကြတယ်၊ စီးပွားရေးနိုင်ငံရေးအကြောင်းပြောကြတယ်၊ လူမှု့ရေး ကျန်းမာရေးအကြောင်းပြောကြတယ်၊ သူမနဲ့ကျွန်တော့်အကြောင်းပြောကြတယ်၊ကြိုက်တာမကြိုက်တာတွေပြောကြတယ်၊ စိတ်တိုခဲ့တဲ့ အဆင်မပြေခဲ့တဲ့အကြောင်းတွေပြောကြတယ်၊ ပျော်ခဲ့တဲ့ အဆင်ပြေခဲ့တာတွေပြောကြတယ်၊အရေးကြီးတာတွေပြောကြတယ်၊အရေးမကြီးတာတွေပြောကြတယ်၊ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီးစကားတွေပြောကြတယ်။
ယေဘူရအားဖြင့် နံနက်ခင်းဆိုတာ စတင်ခြင်း၊ ရှင်သန်ခြင်း....၊အားမာန်တွေ၊ လန်းဆန်းမှု့တွေ၊ မျော်လင့်ချက်တွေရှိတဲ့ နေ့တစ်နေ့အတွက်အရေးကြီးတဲ့အကောင်းဆုံးအချိန်အခါတစ်ခုပါ၊ ခန္ဒာကိုယ် အဟာရအတွက် နံနက်စာဆိုတာအရေးကြီးသလို စိတ် မှာလိုအပ်တဲ့ ခွန်အားတွေ၊ အတွေးအခေါ်တွေ၊ အေးချမ်းမှု့တွေအတွက်လည်းအရေးကြီးတယ်လို့ ခံစားမိပါတယ်။
စိတ်ကြည်လင်နေပြီး ခန္ဒာကိုယ် အားအင်အပြည့်ရှိနေတဲ့ နံနက်ခင်းချိန်လေးမှာ နှစ်ယောက်အတူရှိချင်တဲ့ ရှိဖို့ကြိုးစားနေကြတဲ့ ချစ်သူတွေ အတွက် နွေးထွေးမှု့တွေ၊ နားလည်မှု့တွေ မေတ္တာတရားတွေ မျှဝေရင်း မနက်ဖြန်များစွာအတွက်အရေးကြီးတဲ့ အချိန်လေးတစ်ခုလို့တွေးမိပါတယ်၊ အလုပ်တွေ၊ ပြဿနာတွေ၊ စိတ်ဖိစီးမှု့တွေကိုယ်စီရှိကြမှာပါ၊ မရှိတဲ့အချိန်လေးထဲက မအားကြတဲ့နေ့စဉ်ဘဝတွေကြားထဲမှာ ကြိုးစားဖန်တီးကြည့်ကြပါ၊
ရှင်သန်ရုန်းကန်နေကြရတဲ့လူ့ဘဝကြီးရဲ့ အဆင်ပြေမှု့မပြေမှု့ တွေ၊ ပင်ပန်းနွမ်းနယ်ခြင်းတွေမရှိသေးတဲ့ နံနက်ခင်းလေးကို ခံစားကြည့်ကြပါ၊ ချစ်သူနဲ့ဖြတ်သန်းကြည့်ပါ၊ နှလုံးသားတွေနွေးထွေးစေပြီး ရင်းနီးချစ်ခင်မှု့တွေခံစားရစေပါတယ်။
ကျွန်တော်သူမကိုကြည့်ပြီးပြောမိပါတယ်
" နေ့တိုင်း နံနက်စာအတူတူစားချင်တယ်"
သူမကျွန်တော့်ကိုကြည့်တယ်၊ ပြုံးတယ်၊
ကျွန်တော်ပြောတာသူမသိတယ်၊ သူမသိတယ်။
အတူတူဆိုတဲ့ဘဝမှာ အတူတူရှိဖို့ကြိုးစားနေတဲ့လူတွေ၊ အတူတူရှိပြီးသူတွေ အားလုံး
နံနက်စာအတူတူစား နိုင်ကြပါစေ...။
ချစ်ခြင်းများစွာဖြင့်
ကသမန
Zawgyi :
" သူမႏွင့္ ကၽြန္ေတာ့္ နံနက္စာ "
TTTT 6:15 am
TTTT 6:25 am
TTTT 6:30 am
ညကတည္းကမွတ္မွတ္ရရေပးထားတဲ့ ဖုန္း နာရီႏွိုးစက္သံက သူ႔အခ်ိန္ေရာက္လာတာႏွင့္ တာဝန္ေက်စြာ ကြ်န္ေတာ့္ကိုႏႈိးပါတယ္၊ ညအိပ္ယာဝင္တာေနာက္က်တတ္ၿပီးနံနက္ေစာေစာမထတတ္တဲ့ ကြ်န္ေတာ့္အတြက္ အခ်ိန္ ၃ ခါခြဲၿပီး ႏွိုးစက္သံေပးထားခဲ့တာ သူမဆီအခ်ိန္မွီေရာက္ေအာင္သြားခ်င္တာပါ၊
အခ်ိန္အတိအက်နဲ႔ တာဝန္ထမ္းေဆာင္ေနတဲ့သူမရဲ႕ အခ်ိန္ဇယားကြ်န္ေတာ့္ေၾကာင့္ ေနာက္မက်ေစခ်င္တာရယ္ ၊ မိနစ္ပိုင္းေလာက္အေရာက္ေနာက္က်သြားတာနဲ႔ ကြ်န္ေတာ္လိုခ်င္တဲ့နံနက္ခင္းေလး မလွမပျဖစ္သြားရမွာကို စိုးရိမ္ခဲ့တာပါ၊
" Morning "
' Morning '
သူမနဲ႔ကြ်န္ေတာ္ရဲ႕နံနက္ခင္း ႏႈတ္ဆက္စကားပါ၊
ဖုန္းနဲ႔ စာနဲ႔ေျပာလို႔ရတဲ့စကားတစ္ခြန္းကို သူမနဲ႔ လူခ်င္းေတြ႕ ၿပီး ေျပာခြင့္ရတဲ့အခါ သာယာလွပတဲ့နံနက္ခင္းေလးတစ္ခုကြ်န္ေတာ္တို႔ရခဲ့ၾကပါတယ္။
" နံနက္စာသြားစားမယ္ေနာ္ "
' အင္း... ဒီနားကဆိုင္ပဲသြားမယ္ေလ '
ကြ်န္ေတာ္တို႔ နံနက္စာစားဖို႔ သူမေရြးခ်ယ္တဲ့ဆိုင္ကိုေရာက္ခဲ့ပါတယ္။
" လက္ဘက္ရည္ ေပါ့ဆိမ့္ တစ္ခြက္၊ က်ဆိမ့္တစ္ခြက္... ဘာစားမလဲ.."
' ပဲပလာတာ........'
သူမစားခ်င္တာမွာပါတယ္၊ ေန႔လည္စာအတြက္ပါ သူမစဥ္းစားၿပီးမွာပါတယ္၊ စားစရာေတြေရာက္မလာခင္ ကြ်န္ေတာ့္ေရွ႕ မ်က္ႏွာခ်င္းဆိုင္မွာထိုင္ေနတဲ့သူမကိုကြ်န္ေတာ္ေငးၾကည့္ေနမိပါတယ္၊ လုပ္ငန္းခြင္ဝင္ဖို႔ အားမာန္အျပည့္ ယံုၾကည္မႈ့အျပည့္ နဲ႔အဆင္သင့္ျဖစ္ေနတဲ့သူမရဲ႕ နံနက္ခင္းအလွတရားကိုကြ်န္ေတာ္ခံစားမိေနတာပါ။
မိတ္ကပ္ပါးပါး၊ အိုင္းလိုင္နာ ညီညီညာညာ၊ ႏႈတ္ခမ္းနီ စိုးထားၿပီး ျမန္မာဝတ္စံု ေသေသသပ္သပ္ဝတ္ထားတဲ့ သူမရဲ႕ မ်က္မွန္ေနာက္မွာရိွေနတဲ့ ေတာက္ပတဲ့မ်က္ဝန္းေတြက နံနက္ခင္း ေနေရာင္ေတြနဲ႔အတူကြ်န္ေတာ့္နံနက္ခင္းေလးကိုပိုၿပီးလွေနေစခဲ့ပါတယ္။
အလုပ္တာဝန္ေတြကိုယ္စီနဲ႔ ကိုယ္ပိုင္အခ်ိန္ရွားပါးလာတဲ့ ေခတ္ႀကီးထဲမွာ ခ်စ္သူႏွစ္ဦးအတြက္ အတူရိွခ်ိန္ဆိုတာ တန္ဖိုးရိွတဲ့စကၠန္႔ေတြ နာရီေတြလို႔ ကြ်န္ေတာ္ေတြးမိပါတယ္၊
အဲ့ဒီတန္ဖိုးရွိတဲဲ့ရွားပါးလွတဲ့ အခ်ိန္မိနစ္ေတြထဲမွာ ကြ်န္ေတာ္နဲ႔သူမအတြက္ နံနက္စာအတူတူစားခ်ိန္ေလး ကိုကြ်န္ေတာ္တန္ဖိုးထားမိတယ္။
ကြ်န္ေတာ္တို႔ သူႀကိဳက္တာကိုယ္ႀကိဳက္တာ မွာၾကတယ္၊ သူမမွာထားတာေတြကိုကြ်န္ေတာ္ယူစားသလို ကြ်န္ေတာ္မွာထားတာေတြလည္းသူမယူစားတယ္၊ သူမအတြက္ေရေႏြးခ်မ္းကြ်န္ေတာ္ငွဲ႔ေပးခဲ့တယ္၊ ကြ်န္ေတာ့္အတြက္ တစ္ရႈးေလးသူမထုတ္ေပးတယ္၊ ကြ်န္ေတာ္ဒီေန႔ဘယ္သြားၿပီးဘာလုပ္မယ္ဆိုတာသူမကိုေျပာျပတယ္၊ သူမရဲ႕ ဒီေန႔အခ်ိန္ဇယားကိုသူမေျပာျပတယ္၊ သူမလွတာကြ်န္ေတာ္ေျပာျပတယ္၊ ကြ်န္ေတာ္ဆံပင္ညႇပ္တဲ့အေၾကာင္းသူမေျပာတယ္၊ လူမႈ့ကြန္ရက္ကအေၾကာင္းအရာတခ်ိဳ႕ကြ်န္ေတာ္တို႔ေျပာၾကတယ္၊ ရုပ္ရွင္ေတြအေၾကာင္းေျပာၾကတယ္၊ သီခ်င္းေတြအေၾကာင္းေျပာၾကတယ္၊ စီးပြားေရးႏိုင္ငံေရးအေၾကာင္းေျပာၾကတယ္၊ လူမႈ ့ေရး က်န္းမာေရးအေၾကာင္းေျပာၾကတယ္၊ သူမနဲ႔ကြ်န္ေတာ့္အေၾကာင္းေျပာၾကတယ္၊ႀကိဳက္တာမႀကိဳက္တာေတြေျပာၾကတယ္၊ စိတ္တိုခဲ့တဲ့ အဆင္မေျပခဲ့တဲ့အေၾကာင္းေတြေျပာၾကတယ္၊ ေပ်ာ္ခဲ့တဲ့ အဆင္ေျပခဲ့တာေတြေျပာၾကတယ္၊အေရးႀကီးတာေတြေျပာၾကတယ္၊အေရးမႀကီးတာေတြေျပာၾကတယ္၊ ကြ်န္ေတာ္တို႔ တစ္ေယာက္နဲ႔တစ္ေယာက္ၾကည့္ၿပီးစကားေတြေျပာၾကတယ္။
ေယဘူရအားျဖင့္ နံနက္ခင္းဆိုတာ စတင္ျခင္း၊ ရွင္သန္ျခင္း....၊အားမာန္ေတြ၊ လန္းဆန္းမႈ့ေတြ၊ ေမ်ာ္လင့္ခ်က္ေတြရိွတဲ့ ေန႔တစ္ေန႔အတြက္အေရးႀကီးတဲ့အေကာင္းဆံုးအခ်ိန္အခါတစ္ခုပါ၊ ခႏၵာကိုယ္ အဟာရအတြက္ နံနက္စာဆိုတာအေရးႀကီးသလို စိတ္ မွာလိုအပ္တဲ့ ခြန္အားေတြ၊ အေတြးအေခၚေတြ၊ ေအးခ်မ္းမႈ့ေတြအတြက္လည္းအေရးႀကီးတယ္လို႔ ခံစားမိပါတယ္။
စိတ္ၾကည္လင္ေနၿပီး ခႏၵာကိုယ္ အားအင္အျပည့္ရိွေနတဲ့ နံနက္ခင္းခ်ိန္ေလးမွာ ႏွစ္ေယာက္အတူရိွခ်င္တဲ့ ရိွဖို႔ႀကိဳးစားေနၾကတဲ့ ခ်စ္သူေတြ အတြက္ ေႏြးေထြးမႈ့ေတြ၊ နားလည္မႈ ့ေတြ ေမတၱာတရားေတြ မၽွေဝရင္း မနက္ျဖန္မ်ားစြာအတြက္အေရးႀကီးတဲ့ အခ်ိန္ေလးတစ္ခုလို႔ေတြးမိပါတယ္၊ အလုပ္ေတြ၊ ျပႆနာေတြ၊ စိတ္ဖိစီးမႈ့ေတြကိုယ္စီရိွၾကမွာပါ၊ မရိွတဲ့အခ်ိန္ေလးထဲက မအားၾကတဲဲ့ေန႔စဥ္ဘဝေတြၾကားထဲမွာ ႀကိဳးစားဖန္တီးၾကည့္ၾကပါ၊
ရွင္သန္ရုန္းကန္ေနၾကရတဲ့လူ႔ဘဝႀကီးရဲ႕ အဆင္ေျပမႈ ့မေျပမႈ ့ ေတြ၊ ပင္ပန္းႏြမ္းနယ္ျခင္းေတြမရိွေသးတဲ့ နံနက္ခင္းေလးကို ခံစားၾကည့္ၾကပါ၊ ခ်စ္သူနဲ႔ျဖတ္သန္းၾကည့္ပါ၊ ႏွလံုးသားေတြေႏြးေထြးေစၿပီး ရင္းနီးခ်စ္ခင္မႈ ့ေတြခံစားရေစပါတယ္။
ကြ်န္ေတာ္သူမကိုၾကည့္ၿပီးေျပာမိပါတယ္
" ေန႔တိုင္း နံနက္စာအတူတူစားခ်င္တယ္"
သူမကြ်န္ေတာ့္ကိ္ုၾကည့္တယ္၊ ျပံဳးတယ္၊
ကြ်န္ေတာ္ေျပာတာသူမသိတယ္၊ သူမသိတယ္။
အတူတူဆိုတဲ့ဘဝမွာ အတူတူရိွဖို႔ႀကိဳးစားေနတဲ့လူေတြ၊ အတူတူရိွၿပီးသူေတြ အားလံုး
နံနက္စာအတူတူစား ႏိုင္ၾကပါေစ...။
ခ်စ္ျခင္းမ်ားစြာျဖင့္
ကသမန
コメント