top of page

‘ ဆေးလိပ်သောက်ခြင်း သည် နှလုံးသားကို ဆိုးရွားစွာ ထိခိုက်စေသည်’



(ကျွန်တော် နှင့် ဆေးလိပ်သောက်သူများ). ( Unicode / Zawgyi )


သူရ ဆေးလိပ်ကို စသောက်တတ်လာတာ လွန်ခဲ့တဲ့ ၁၆ နှစ်ကျော် ကတည်းကဆိုတော့ သောက်ခဲ့တဲ့ သက်တမ်း မနည်းတော့ဘူးလို့တောင်ပြောလို့ရနေပြီ၊ လျော့လိုက် ဖြတ်လိုက် ပြန်သောက်လိုက်နဲ့ လုပ်မိတာလည်းအခါခါ၊ ဆေးလိပ်သောက်တဲ့လူတိုင်း ဆေးလိပ်ရဲ့ဆိုးကျိုး သိကြတာချည်းပါပဲ၊ သိသိနဲ့ ကြိုက်လို့ကိုသောက်နေကြတာ၊ သောက်မိလို့ လည်း ကြိုက်နေကြတာဖြစ်နိင်ပါတယ်။


သူရ မိန်းမ မဝါက ဆေးလိပ်သောက်တာ လုံးဝမကြိုက်တဲ့သူ၊ သူရဆိုတာကလည်း သက်တမ်း တဝက်လောက်ကို စွဲစွဲမြဲမြဲ တွဲခဲ့တာဆိုလို့ ဆေးလိပ်ပဲရှိတယ်၊ ရည်စား မဖြစ်ခင် မဝါကိုသူရ လိုက်နေတုန်းမှာတော့ ဆေးလိပ်ကိုပေါ်တင် ခဲ၊ မဝါ ရှိတတ်တဲ့နေရာတွေ မှာ ဂိုက်ပေးကြမ်းကြမ်းနဲ့ သွားစောင့်၊ လိုက်စကားပြော၊ မဝါရှေ့ မှာ ရုပ်ရှင်တွေထဲက မင်းသားစတိုင်မျိုးနဲ့ ဆေးလိပ် တကိုင်ကိုင်လုပ်၊ ဟန်ပါပါ နဲ့ မီးခိုးငွေ့တွေကို မှုတ်ထုတ်ပြ၊ ကိုယ့်ကိုကိုယ်တော့ မိုက်လှပြီထင်ပြီး ကျေနပ်နေချိန်၊ မဝါ စိတ်ထဲမှာလည်း သူရ ရဲ့ကျန်တဲ့အချက်တွေ တော်တော်များများကို လက်ခံနိုင်ပြီး ရင်ခုန်ချင်ချင်ဖြစ်နေပြီ၊ ဆိုးတာက ဆေးလိပ်နံ့ မခံနိုင်တာရယ် ပတ်ဝန်းကျင်ကို ပါဒုက္ခပေးတဲ့ အလိုက်ကန်း ဆိုးမသိတာရယ် စောစောစီးစီးမုဆိုးမဘွဲ့ရမှာရယ် တို့တွေးပြီး အချိန်ဆွဲ စဉ်းစားနေခဲ့တာ၊ နောက်ဆုံးတော့လည်း မိခင်စိတ် မွေးရာပါလာတဲ့ မိန်းမပီပီ ငါ့လက်ထဲရောက်ရင် ဖြတ်ခိုင်းလို့ရတာပဲဆိုပြီး အဖြေပြန်ပေးလိုက်တော့ ရည်းစားတွေဖြစ်သွားကြလေသတည်းပေါ့၊


ထုံးစံ ပုံသေ စနစ်ဟောင်းတွေ အတိုင်းပဲ သူရ ကို မဝါ က ဆေးလိပ် စလျော့ခိုင်း ၊ တဖြည်းဖြည်းနဲ့ ဖြတ်ခိုင်း၊ ကိုယ်တော်ချောကလည်း ရခါစ ပူပူနွေးနွေး ရည်းစားလေးဆိုတော့ ဟိုကမဟရသေးဘူး ခေါင်းကငြိမ့်ပြီးနေပြီဆိုသလိုပဲ၊ အစဉ်ကိုပြေလို့၊ ဒါပေမဲ့ဗျာ ကွယ်ရာရောက်တာနဲ့ မသောက်ခဲ့ရတဲ့ အတူတူရှိချိန်တွေကို ပါထဲ့တွက်ပြီး အတိုးအရင်းပေါင်းသောက်တာ အရင်ကထက်တောင် ပိုများနေသေးတယ်၊


အဲဒီလိုနဲ့ သူရ နဲ့ မဝါတို့ အိမ်ထောင်သည်ဘဝရောက်သွားကြတယ်၊ တခြား ပြဿနာရယ်လို့ ကြီးကြီးမားမား မရှိကြဘူး၊ မိဘတွေက သဘောတူ နှစ်ယောက်စလုံးကလည်း ချစ်ကြတာဆိုတော့ သာယာတဲ့အိမ်ထောင်ရေးတစ်ခုပေါ့၊ ဆက်လက် ရန်ဖြစ် စကားများနေရတာတော့ ဆေးလိပ်သောက်တာပဲ၊ မဝါကလည်း ဖြတ်စေချင်လို့ ဖြတ်ခိုင်းနေတာ ရည်းစားဘဝတည်းက၊ သူရကလည်း သောက်ချင်လို့ သောက်လာတာ ရည်းစား မဖြစ်ခင်ကတည်းက ဆိုတော့ ဘယ်လွယ်ပါ့မလည်း၊ ဒါပေမဲ့ အိမ်ထောင် သည်ဘဝရောက်ကတည်းက သူရ မဝါရှေ့မှာ ဆေးလိပ်မသောက်တော့ဘူး၊ဒါပေမဲ့ မဝါလစ်တာနဲ့ သောက်တာက ပြောမနေနဲ့တော့၊ မဝါကလည်း ပြောမရတဲ့ အတူ သူ့ရှေ့မှာမသောက်ရင်တော့ ပြဿနာမရှာတော့ဘူး၊


သူရလည်း အိမ်ထောင်ကျသွားကတည်းက ဆေးလိပ်ခိုးသောက်ရတာ ဆရာကျလာတယ်။သူ့လိုပဲ မိန်းမတွေ ရည်းစားတွေက ဆေးလိပ်သောက်ခွင့် ပိတ်ပင်ခံထားရတဲ့ သူငယ်ချင်းတွေဆုံကြပြီဆိုရင် အချင်းချင်း ဘယ်နည်းသုံးကြတယ်ဘယ်နည်းကအဆင်အပြေဆုံးဆိုပြီး ဆေးလိပ်ခိုးသောက်နည်း ဖလှယ်ကြရတာ အလုပ်တစ်ခု။

အိမ်ပိုင်တဲ့ သူငယ်ချင်းတွေကြားမှာတော့ မျက်နှာအတော်ငယ်ရပြီး တချိန်လုံးအဖဲ့ခံကြရပြန်တယ်၊ ဒါပေမဲ့လည်း အားလုံးက ချစ်ကြောက်ရိုသေနေရသူ ဇနီးမယား ရည်းစားတွေရှိတာကြောင့် ကိုယ့်အကြောင်းနဲ့ကိုယ် ကိုယ်နည်းကိုယ့်ဟန်နဲ့ပဲ ဖြေရှင်းနေကြရတာပဲ၊


သူရ သူငယ်ချင်း ကားဝယ်ရောင်း တစ်ဦးက သူ့နည်းကိုပြောပြတယ်၊ ဆေးလိပ်သောက်ထားရင် လက်တို့ အကီႋျတို့မှာ ဆေးလိပ်နံ့ကျန်တဲ့အခါ လက်ကအနံ့ပျောက်အောင် ဆန် နဲ့ လက်နှစ်ဘက်ကို ၂ မိနစ်လောက် ပွတ်ပေးရင်ပျောက်ကြောင်း ၊ သူဆို ကားနောက်ဖုံးက စပယ်ရာဘဖီး ထားတဲ့အံထဲမှာ ဆန်တပြည်အမြဲထည့်ထားကြောင်း ၊အဝတ် ကအနံ့အတွက်ကတော့ ရေမွှေး အညံ့စားကို ဆောင်ထားပြီး အနံ့ပြင်းပြင်းရွေးဝယ်ထားကြောင်း ၊မိန်းမနဲ့တွေ့ခါနီးဆို လက်ကို ဆန်နဲ့ပွတ်ပြီး ရေမွှေး အများကြီးဖျန်းထား လိုက်ရင် အစဉ်ပြေကြောင်း၊ သူ့မိန်းမက အနံ့စူးစူးဆိုမခံနိုင်တဲ့အတွက် အနားမကပ်တော့ကြောင်း၊ မိန်းမကမသင်ကာလို့ လက်ကို နမ်းကြည့်ရင်လည်း စိတ်ပူစရာမလိုတော့ကြောင်း ၊ပါးစပ်ကအနံ့အတွက် ပီကေ တို့ပူရှိန်းတို့ မပြတ်ဝါးရင်အစဉ်ပြေကြောင်း

သူ့ ကိုယ်ပိုင်နည်းနဲ့ အတွေ့အကြုံကို သူရကိုပြောပြဖူးတယ်၊


သူရလည်း ဆေးလိပ်သက်နည်းတော့တာ မဟုတ်တဲ့အတွက်ခေသူမှမဟုတ်ဘဲ၊ သူ့ ကိုယ်ပိုင်နည်း ပြန်ပြောပြတာပေါ့၊ သူရနည်းက ခုနနည်းနဲ့တော့ ခပ်ဆင်ဆင်ပဲ ၊ သုံးရတဲ့ ပစ္စည်းတွေပဲမတူတာ။

သူရ ကအအေး အမြဲသောက်တတ်တော့ ကားပေါ်မှာ cocacola တို့ ကျွဲရိုင်း တို့ စတဲ့အအေးဗူးတွေဆောင်ထားနေကြ၊ သူရနည်းက လက်ကဆေးလိပ်နံ့ပျောက်အောင် ကိုကာကိုလာနဲ့ လက်ဆေးရင်အနံ့ပျောက်တယ်၊ အအေးဘူးဖြစ်တဲ့အတွက် ကားပေါ်မှာလည်း ပေါ်တင်ဆောင်ထားလို့ရတယ်၊ ပါးစပ်ကိုလည်း ကိုကာကိုလာနဲ့ပဲ ပလုပ်ကျင်း လိုက်ရင် အိုကေဆိုပဲ။

နောက်ထပ် အဝတ်အစားက အနံ့အတွက် ကားထဲမှာထားတဲ့ အမွှေး ဗူး အခဲ ပုလင်း တွေသုံးပြီး လက်နဲ့ အဝတ်တွေကို လျောက်ပွတ်လိုက်ရင် ခဏတော့ အမွှေးနံ့တွေကြောင့် ဆေးလိပ်နံ့ မပျောက်ရင်တောင် ရောသွားတော့ မိန်းမ ကွိုင်ရှာလို့မရတော့ဘူးတဲ့၊ အဲ့ဒါကြောင့်သူရကားပေါ်မှာဆိုရင် အအေးဗူးတွေနဲ့ အမွှေးခဲ အမွှေးထုပ် ကားရေမွှေး မျိုးစုံ အမြဲတွေ့ရတာ၊ တခါတခါ သူ့ကားလိုက်စီးရင် အဲ့ဒီအနံ့စုံတွေကြောင့် ခေါင်းပါမူးတယ်၊

သူတို့ကိုယ်တိုင်လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ပြဿနာကို ဖြေရှင်းနေကြရတာသိရတော့ ငိုအားထက်ရယ်အားသန်ရမလိုမျိးဖြစ်နေကြတယ်။


သူရတို့သူငယ်ချင်းတွေထဲက မိန်းမကြောက်ရတဲ့သူငယ်ချင်းတစ်ယောက်ကတော့ ပုံစံတစ်မျိုးဗျ။ ဆေးလိပ်ခိုးသောက်တာ ခဏခဏမိပြီး ပြဿနာအကြီးအကျယ် ခဏခဏတက် ကွဲမယ်ကွာမယ်ဖြစ် ပြီးတဲ့နောက်မှာ သဘောတူညီမှု့အကြိမ်ကြိမ်ယူပြီး မိန်းမကိုယ်တိုင် ဆေးလိပ်အကောင်းစား ကို အတောင့်လိုက် ဝယ်ထားပြီး တစ်ပတ်ကို တစ်ဗူး ပေးသောက်တယ်၊ တကယ်ဆေးလိပ်စွဲနေတဲ့လူအတွက် တစ်ပတ်မှတစ်ဗူးဆိုတာ ဘယ်မှာလာပြီး အစဉ်ပြေပါ့မလဲ ၊ ဒါပေမဲ့ အရင်လိုခိုးသောက်ရတဲ့ ဒုက္ခ အနံ့ပျောက်အောင်လုပ်ရတဲ့ ဒုက္ခတွေက လွတ်ပြီး တရားဝင် အကန့်အသတ်နဲ့ ပေးတဲ့ အခွင့်အရေးကိုတော့ လက်လွတ်မခံဘဲ ကောင်းကောင်းအသုံးချရတော့တာပဲ၊

မိန်းမကပေးတဲ့ဆေးလိပ် ဗူးကိုပဲသောက်တယ်၊ တစ်နေ့ မိန်းမရှေ့မှာ တရားဝင် ၂ လိပ် ၃ လိပ်လောက်သောက်ပြ၊ မိန်းမ ကွယ်ရာမှာ အဲ့ဒီဆေးလိပ်မျိုးကိုဗူးလိုက်ဝယ်ထားပြီးသောက်၊ မိန်းမက သတိရလို့စစ်ရင် မိန်းမပေးထားတဲ့ အဲ့ဒီဗူးထဲ မသိမသာပြန်ပြန်ဖြည့်၊ သူ့အလုပ်နဲ့သူရှုပ်နေတဲ့မိန်းမက အရေအတွက်လောက်ထိတော့မမှတ်နိုင်တာ သိထားတဲ့အတွက် အစဉ်ကိုပြေလို့၊ တပတ်ပြည့်တဲ့နေ့ မှပဲ အဲ့ဆေးလိပ်ဗူးကုန်ပြီဆိုပြီး တရားဝင်ထပ်တောင်း၊ သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲ၊ အဲ့ဒီနောက်ပိုင်း သူငယ်ချင်းတွေနဲ့တွေ့ရင် သူက ဆေးလိပ်ဗူးလိုက်ကိုင်သောက်ပြပြီး ပဏာကယူသေးတာ၊ အဲ့လို၊ ပြောကပြောသေးတယ် လွတ်လပ်ရေးဆိုတာ ပါးစပ်ကအော်နေရုံနဲ့ မရနိုင်ဘူး၊ တိုက်ယူမှရတာဆိုပဲ၊ အကြောင်းသိချင်းကိုလာကပ်ကြွားသေးတာ၊ အဲ့လို ဆေးလိပ်သမား ဘဝတွေက၊


သူရ စဉ်းစားမိတာက မိန်းမတွေ ရည်းစားတွေ က ကိုယ်တွေကို ဆေးလိပ်မသောက်စေချင်တဲ့ ခံစားချက်နဲ့ အကြောင်းရင်းကို နားလည်ပေးလို့ရပါတယ်၊ အဲ့ဒီလိုပဲ ဆေးလိပ်သောက်နေမိပြီး ဆေးလိပ်စွဲနေတဲ့ သူတို့ရဲ့ ခံစားချက် လိုအပ်ချက်ကိုလည်း နားလည်းပေးစေချင်မိတယ်၊ တကယ်ပါ ၊မယုံရင် စမ်းသောက်ကြည့်ကြပါ...ပြီးရင် ဆက်ဆွေးကြည့်ချင်ပါတယ်၊ ဆေးလိပ်ကြောင့် ဖြစ်လာမဲ့ ဆိုးရွားတဲ့ ကျန်းမာရေး ချို့တဲ့မှု့၊ ကြောက်ဖို့ကောင်းတဲ့ ရောဂါဘယ၊ ငွေကုန်ကြေးကျများမှု့တွေနဲ့အတူ ပတ်ဝန်းကျင်ကိုထိခိုက်စေမှု့တွေကို သိကြပါတယ်၊ ကြောက်ကြပါတယ်၊ ဒါဖြစ်ရင် ဘာလို့ သောက်နေကြတာလဲလို့ မေးကြမှာပါ၊ ရှင်းရှင်းလေးပါ ကြိုက်လို့သောက်ကြပါတယ်၊ သိသိကြီးနဲ့သောက်ကြတာပါ၊ အဲ့ဒါကြောင့်ခက်နေတာ၊


အဲဒီလိုစကားမျိုး ကို သူရ မဝါနဲ့ ဆွေးနွေးချင်နေတာ၊ ဆွေးနွေးမိတာနဲ့ပြဿာနာတက်မယ်ဆိုတာသိပ်သေချာနေတာကြောင့် သူရစိတ်လျော့ထားလိုက်တယ်၊ ကိုယ့်နည်းလေးနဲ့ကိုယ် အခုလိုပဲ ခိုးသောက်နေတာက ပြဿနာကို အညင်သာာဆုံးနည်းနဲ့ဖြေရှင်းရာရောက်ပါတယ်လို့ပဲတွေးထားလိုက်တယ်၊


တကယ်တော့ မဝါအပါအဝင် ဆေးလိပ်သမားတွေရဲ့ ရည်းစားတွေ မိန်းမတွေ ဆိုတာလည်း ငတုံးငအ နှာခေါင်းမပါတဲ့ လူတွေမှမဟုတ်ပဲ၊ ကိုယ့်လူအကြောင်းကိုယ်နောကျေပြီးသား၊ ဒီလောက်ပြဿနာရှာထားမှ ဒီလောက်ကျန်မယ်ဆိုတာတွက်ပြီး ထိန်းထားတာ၊ ဆေးလိပ်မသောက်တဲ့ လူအတွက်ဆေး လိပ်နံ့ဆိုတာ အင်မတန်မှ အော်ဂလီဆန်ချင်စရာကြီး၊ သိတာပေါ့ ကိုယ့်ယောကျာ်း ဆေးလိပ်သောက်လာလား မသောက်လာဘူးဆိုတာ ၊ အနံ့ကြောင့်သိသလို ပုံစံကြည့်တာနဲ့တန်းသိတာပဲ၊ လက်ထိပ်တွေ နှုတ်ခမ်းသားတွေ ညိုမဲလာတာလည်း သိတာပဲ၊ ဟုတ်တယ်လေ ၊ကိုယ်တော်ချောတွေက အပြင်မှာတနေကုန်နေပြီး ပြန်လာတဲ့အချိန် ကိုယ်နဲ့တွေ့ပြီဆို အနားကိုသိပ်မလာတော့ဘူး၊ ခပ်လှမ်းလှမ်းမှာပဲတတ်နိုင်သမျှနေတော့တာ၊ နောက်ပြီး ဆေးလ်ုက်တဲ့လက်၊ အိမ်သာတက်ပြီးရင်တောင် လက်ဆေးချင်မှဆေးတဲ့ အဲ့ဒီညစ်ပတ်အိုးတွေက ဆေးလိပ်ခိုးသောက်လာပြီဆိုတာနဲ့ အိမ်သာဝင် လက်ဆေး၊ တခုခုစား လက်ဆေး

၊ သိပ်သိသာတာပေါ့၊

ပြောရတာ ရန်ဖြစ်ရတာ ပင်ပန်းပြီး အာပေါက်လွန်းလို့ မသိချင်ယောင်ဆောင်ပြီး တကွက်ချန်ပေးထားတာကို သူတို့က သူတို့ကိုယ်သူတို့ ဟုတ်လှပြီပေါ့၊ ငါ့မိန်းမမသိဘူးပေါ့၊ တခါတခါ အပြင်တွေဘာတွေသွားရင်း မိတ်တွေတွေနဲ့တွေ့လ်ု့ ဆေးလိပ်သောက်တတ်တဲ့ဧည့်သည်တွေကများ သူတို့ကို အစ်ကိုဆေးလိပ်သောက်တတ်လား သောက်ပါဦးဆိုပြီး လောကွက်ပြုတာနဲ့များကြုံရင် ပြောတတ်သေးတယ် ‘မသောက်တော့ပါဘူး ဖြတ်လ်ုက်ပြီဗျ၊ အသက်ကလေးကလည်းရလာပြီဆိုတော့ နားလိုက်ပြီ၊ ကျေးဇူးပါဗျ၊ နောက်ပြီး ကျွန်တော့်မိန်းမကလည်း ဖြတ်ခိုင်းနေတာနဲ့ ဖြတ်လ်ုက်တာ၊ မိန်းမစကားနားထောင်ရင် ကိုယ့်အသက်ရှည်တယ်ဆိုသလိုပေါ့ဗျာ... ဟားဟားဟားဟား’ အဲ့ဒီလ်ု ်ရှက်မရှိ မျက်နှာပြောင်တ်ုက်ပြီး လူကြားထဲ က်ုယ့်ပါ လူမုန်းများအောင်လုပ်တတ်ကြသေးတယ်၊


နောက်တစ်ခုက သူရဆေးလိပ်မပြတ်နိုင်တာ ဈေးပေါပေါနဲ့ လွယ်လယ်ကူကူဝယ်လို့ရတာလည်းပါတယ်၊ သူရ တို့လို ခိုးသောက်ရတဲ့လူတွေဆိုတာဘယ်တော့မှ ဆေးလိပ်ကိုဗူးလိုက်ဝယ်မသောက်ကြတာများတယ်၊ ဗူးလိုက်ဝယ်ထားရင် အဲ့ဒီဗူးကို ဖွက်ရတဲ့ဒုက္ခကလည်းမသေးဘူး၊ ဗူးလိုက်မိသွားရင်လည်း အမှု့ကပိုကြီးတယ်၊ အခန့်မသင့်လို့ တလိပ်စနှစ်လိပ်စ မိခဲ့ရင် ဟိုလူ့ ဟာ ဒီလူ့ဟာ ဆိုပြီး ဖြီးဖျန်းလို့လွယ်သေးတယ်၊ ဒီနိုင်ငံမှာက ဆေးလိပ်ကို မီးပွိုင့်တွေ ကွမ်းယာဆိုင်တွေနဲ့ ဆိုင်တော်တော်များများမှာ လွယ်လွယ်ကူကူ တလိပ်ချင်းဝယ်သောက်လို့ ရနေတာလည်းပါတယ်၊ ဈေးကလည်းကြီးမယ်၊ တလိပ်ချင်းလည်း ဝယ်လို့ မရဘူး လွယ်လွယ်ကူကူ နေရာစုံမှာဝယ်လို့မရ၊သောက်လို့ မရတော့ဘူးဆိုရင် ဆေးလိပ်ပိုပြီးဖြတ်နိုင်မယ်လို့ သူရတွေးမိသေးတယ်၊ တကယ်တော့ သူရတို့သူငယ်ချင်းအားလုံး သောက်သာသောက်နေကြတာ ဖြတ်ရမယ် ဖြတ်တော့မယ်ဆိုတဲ့ အတွေး အားလုံးမှာရှိပြီးသား၊ အကြောင်းကြောင်းကြောင့် သာ အထမမြောက်ကြသေးတာ၊ အဲ့လိုပြောပြရင်လည်း မိန်းမတွေကယုံမှာလည်းမဟုတ်၊ ဆင်ခြေပေးနေတာလို့ပဲ အပြောခံရမှာသေချာတယ်၊ခက်တယ်၊


သူရ နဲ့ မဝါတို့ ကြားမှာ ဆေးလိပ်နဲ့ပတ်သတ်ပြီး ရိုမန်တစ်ဆန်ဆန်ကိစ္စတစ်ခု ဖြစ်လာတယ်၊

စဖြစ်တာက ရန်အကြီးအကျယ်ဖြစ်တာကစတာ၊ သူရ ညဘက် အိပ်မပျော် ဘဲ စိတ်ရှုပ်နေတာနဲ့ ခြံထဲဆင်းပြီး လက်ကျန်ဆေးလိပ်နှစ်လိပ်ကို ကားထဲမှာ ခိုးသောက်နေတာ၊ သူထွက်လာတုန်းကမိန်းမ အိပ်နေတာများ ဟောက်ပါဟောက်နေတာဆိုတော့ သာသာယာယာပဲ၊ သီချင်းလေးတောင်ဖွင့်ပြီး ဇိမ်ခံရင်း ဆေးလိပ်သောက်နေတုန်း ဗြုံးဆို ကားတံခါး ဆွဲဖွင့်ပြီး မိန်းမကလက်ထဲကဆေးလိပ်ကိုလု တာပဲ၊ လက်ပူးလက်ကျပ်မိတော့ ရှင်းလို့ကမရ၊ မိန်းမဖြစ်သူက ဘယ်တုန်း ကလည်း ဘယ်လို၊ ဆိုပြီး မှတ်ထားသမျှဆေးလိပ်နဲ့ပတ်သတ်ပြီးမကျေနပ်တာတွေပါရောသမတာ၊ သူ့မိသားစုမှာ ဆိုဆေးလိပ်သောက်တတ်တာ တယောက်မှမရှိဘူး ဆိုတာကပါသေးတယ်၊ သူတို့ဟာသူတို့ မကြိုက်လို့ မသောက်တာ၊ ကိုယ်ကြိုက်လို့ကိုယ်သောက်တာ ဘာဖြစ်လဲလို့လဲမေးလိုက်ရော ပွဲကြမ်းပါလေရော၊ အဲ့ဒါနဲ့ မိန်းမ အဖေတွေ အစ်ကိုတွေ ညီမတွေပါနိုးလာပြီး ရှင်းပြရင်းရှင်းပြရင်းနဲ့ သူရလူဆိူးလူမိုက် ဆေးသမားလုံးလုံးကိုဖြစ်သွားရော၊ နောက်တစ်ခါဆို ကွဲပြီ လို့ မဝါက ရာဇသံပေးတဲ့အဆင့်ထိပါဖြစ်သွားခဲ့တယ်၊


အဲ့ဒီနောက်ပိုင်း သူရ အနေအထိုင် ဆင်ခြင်၊ ဆေးလိပ် ခိုးသောက်တာလျော့နဲ့ မဝါ နဲ့ရန်ထပ်မဖြစ်အောင် နေနေရတယ်၊ မဝါ ကြည့်ရတာ တကယ်ကိုအတည်ကြီးပြောထားတာဆိုတော့ သူရ တော်တော်လန့်သွားတာ၊ သူလည်း တဖြည်းဖြည်းနဲ့ ရအောင်ဖြတ်မယ်ဆိုပြီး စဉ်းစားနေပြီ၊ မဝါ ကိုချစ်တာကိုး၊ မဝါထက်တော့ ဘာမှအရေးမကြီးဘူးလေ၊ လာမဲ့မဝါမွေးနေ့ကျရင်တော့ မဝါ စိတ်ချမ်းသာအောင် ဆေးလိပ်တကယ်စဖြတ်တော့မယ်ဆိုတဲ့ ကတိကိုမွေးနေ့လက်ဆောင်ပေးမယ်လို့စဉ်းစားထားလိုက်တယ်၊


မဝါလည်း ရန်ဖြစ်ပြီးနောက်ပိုင်းစဉ်းစား မိနေတယ်၊ သူမကြိုက်တာ သူရ လုပ်တာဆိုလို့ အဲ့ဒီဆေးလိပ်သောက်တာလေးပဲရှိတာ၊ ကျန်တာမှန်သမျှ မဝါစိတ်တိုင်းကျ သူရနေတာ သူ့ကိုချစ်တာ သူသိတာပဲ၊ အဲ့ဒီညက လန့်နိုးလာတဲ့အချိန် အခန်းထဲမှာသူရမရှိလို့ အားငယ်ရာက ကားပေါ်မှာ ဆေးလိပ်သောက်နေတာ တွေ့တာနဲ့ သူ့စိတ်သူမထိန်းနိုင်ဘဲ အဲ့ဒီလောက်ဖြစ်သွားရတာ၊ စကားက ပြောပြီးလွန်ပြီးဖြစ်သွားပြီဆိုတော့ ခက်နေတယ်၊ သူရ ဆေးလိပ်မဖြတ်နိုင်တာ သေချာနေပြီပဲ၊ သိပ်တင်လွန်းရင် ကန်ထွက်သွားမှာတွေးပြီးကြောက်သလိုလိုဖြစ်နေတယ်၊ ကိုယ့်စကားနဲ့ကိုယ်ဆိုတော့ အခုအချိန်မှသွားလျော့ပြန်ရင်လည်း ယောက်တက် လာမှာကြောက်တယ်၊ အဲ့ဒီတော့ နောက်တခါ တည့်တည့်တွေ့ရင်တောင် သူကပဲ မမြင်ချင်ယောင်ဆောင်နေရမယ်လို့ စဉ်းစားမိတယ်၊ တဖြေးဖြေးနဲ့ မှ သူရကိုချော့ပြီး လျော့သောက်ဖို့ပဲ ပြောတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်၊


တစ်နေ့ သူရ အလုပ်ကိစ္စနဲ့ ရုံးကကောင်လေးတွေကားပေါ်တင်ပြီး တနေကုန် သွားနေရတယ်၊ မိန်းမမပါတော့ ဆေးလိပ်က အကြိုက်သောက်တာပေါ့၊ ညနေဆောင်းလို့ ပြန်ခါနီးမှာ သူရအလုပ်ကိစ္စ ဖုန်းပြောနေတုန်း ကောင်လေးတစ်ယောက် ဆင်းမဲ့နေရာ ရောက်လာတာနဲ့ ကောင်လေးက သူရနေ့လည်က ဝယ်ခိုင်ထားတဲ့ ဆေးလိပ်ဗူး ထားခဲ့တယ်၊၄ လိပ်လောက်ကျန်သေးတယ် ဒီလက်တင်ခုံက ခွက်ထဲထားခဲ့တယ် ဆရာဆိုပြီး ဆင်းသွားရော၊ သူရလည်း ဖုန်းပြောလက်စ၊ ကားမောင်းနေတုန်းဆိုတော့ သတိမထားမိပဲ မေ့သွားတယ်၊


သူရအိမ်ပြန်ရောက်တော့ မဝါ ကကိစ္စတစ်ခုနဲ့ အပြင်သွားဖို့ပြင်နေတာ၊ သူရပင်ပန်းနေတာ သိတာကြောင့် လိုက်မပို့ ခိုင်းပဲ ဒရိုင်ဘာ နဲ့ပဲသွားမယ်ဆိုပြီး ထွက်သွားရော၊ သူရလည်း တနေကုန်ပင်ပန်းနေတာနဲ့ ရေချိုး ခန်းထဲဝင်၊ ရေပန်းအောက် ခေါင်းထိုးလိုက်တဲ့အချိန်မှ ညနေက ရုံးကကောင်လေးပြောခဲ့တာ ပြန်သတိရသွားပြီး ရေတောင်ဆက်မချိုးနိုင်ပဲ လန့်နေပြီ၊ဒရိုင်ဘာ နဲ့သွားတာဖြစ်တဲ့အတွက် မဝါ ကားနောက်ခန်းက ပဲထိုင်မှာသေချာတယ်၊ အဲ့ဒါဆို လက်တင်ခုံ ခွက်ထဲမှာ ရုံးကကောင်လေး ထားခဲ့တဲ့ဆေးလိပ်ဗူး တန်းတွေ့မှာပဲ၊ သေပြီလေ၊ အခုချိန်မှာ အဲ့ဒါ သူ့ဟာမဟုတ်ပါဘူး ဆိုပြီး ဘယ်လိုရှင်းပြရှင်းပြ မယုံမှာသေချာတယ်၊သွားပြီ... ချစ်သော မိန်းမ ရဲ့ စွန့်ပစ်ခြင်း ကိုခံရတော့မယ်၊ သူစဉ်းးစားထားတဲ့ မဝါ မွေးနေ့မှာ ဆေးလိပ်တကယ်စဖြတ်ပြီဆိုတဲ့ ယောကျာ်းကတိ ပေးဖို့ဆိုတဲ့ အထိတောင်မရောက်နိုင်တော့ဘူး ...


သူရ ကို လွတ်လွတ်လပ်လပ်နေစေချင်တာရယ် မျက်နှာပူနေတုန်းဖြစ်တာကြောင့် မဝါ ဒရိုင်ဘာနဲ့ပဲ အပြင်ထွက်လာတာဖြစ်တယ်၊ အမြဲတမ်း လင်မယား နှစ်ယောက် သွားနေကြ၊ သူရလိုက်ပို့နေနေကြဆိုတော့ စိတ်ထဲ သိပ်မကောင်းဘူး၊ သူရကို လွမ်းသလိုလိုဘာလိုလိုကြီးဖြစ်နေတယ်၊ မဝါ ငိုင်နေတာနဲ့ပဲ ဒရိုင်ဘာ က ဘယ်သွားရမှန်းမသိသေးဘဲ ခြံပေါက်ဝမှာပဲကားရပ်ပြီး မဝါ အပြောစောင့်နေတယ်၊ မဝါသတိထားမိသွာ.ပြီး ပြောမလို့ ပြင်နေချိန်မှာပဲ ကာ.လက်တင်ခုံခွက်ထဲမှာ ဆေးလိပ်ဗူး တွေ့လိုက်တယ်၊ တွေ့တွေ့ချင်း ဒေါသတွေထွက်လာပြီး ဗူးဖွင့်ကြည့်တော့ အထဲမှာ ၄ လိပ်ရှိသေးတယ်၊ ဒီလောက် ဖြစ်ခဲ့တာတောင် အခု ဗူးလိုက်ပါ သောက်နေပြီဆိုပြီး ရန်ဖြစ်ဖို့ ကားပေါ်ကဆင်းမယ်လုပ်နေတုန်းမှ သတိရသွားပြီး မဖြစ်သေးပါဘူး ဒီတစ်ခါ ဆို သူပြောခဲ့တဲ့အတိုင်း လုပ်ရမယ်ဆို.. မဝါ သူ့စိတ်သူထိန်းပြီး ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားနေရတယ်၊

သူနောက်ခန်းမှာ လာထိုင်လို့ ဒီဆေးလိပ်ဗူးကိုတွေ့တာ ၊အဲ့ဒီတော့ သူမတွေ့ဖို့ဆိုရင် သူနောက်မှာမထိုင်မှဖြစ်မယ်၊ ဒါပေမဲ့ ဒရိုင်ဘာဘေး ထိုင်သွားဖို့လည်းမဖြစ်သေးဘူးဆိုပြီး ဒရိုင်ဘာကို နေခဲ့ခိုင်းလိုက်ပြီး သူကိုယ့်ဟာကိုယ်ကားမောင်းထွက်ခဲ့တယ်၊ အဲ့ဒါဆိုသူဆေးလိပ်ဗူးမမြင်တော့ဘူး

မမြင်ရင် ပြဿနာရှာစရာမလိုတော့ဘူး၊ ခဏလေးအတွင်းမှာ အကောင်းဆုံးဖြစ်မှာကိုအမြန်စဉ်းစားပြီး အမြန်အကောင်အထည်ဖေါ်လိုက်နိုင်လို့တော်သေးတယ်၊ဒရိုင်ဘာကိုမှာရသေးတယ် အမကိစ္စရှိလို့ ကိုယ့်ဟာကိုယ်ကားယူသွားတာလို့မှာခဲ့ပြီး ကားမောင်းထွက်ခဲတယ်၊ စိတ်ကိုထိန်းပြီး ပြန်ရောက်ရင် ဟန်မပျက်နေဖို့ စဉ်းစားမိနေတယ်၊


သူရ မဝါထွက်သွားကတည်းက အိပ်ယာပေါ်ပစ်လှဲ စိတ်လျော့ပြီး မဝါအခြေအနေကိုကြည့် တောင်းပန်ဖို့ပဲစဉ်းစားနေတယ် ၊ ကိုယ့်မိန်းမအကြောင်း ကိုယ်သိတယ်၊ ပြောရင်ပြောတဲ့အတိုင်း လုပ်ရဲတယ်၊ဖြစ်လာသမျှ ခံတယ်၊ သိပ်တော့မလွယ်လှဘူး၊ ရုံးကကောင်လေးဆီဖုန်းဆက်ပြီး အဲ့ဒီဗူး ကသူ့ဘူး လို့ဝင်ရှင်းခိုင်းရကောင်းမလားလို့လည်းစဉ်းစားတယ်၊ မဖြစ်နိုင်ဘူး၊ မဝါဘယ်လိုမှ ယုံမှာမဟုတ်ဘူး၊ ပိုတောင်ဆိုးသွားနိုင်တယ်၊ နောက်ဆုံး အသနားခံတောင်းပန် ဖို့အားတင်းပြီး မဝါကိုစောင့်နေလိုက်တယ်၊


မဝါကား ခြံထဲဝင်လာကတည်းက သူရ ထိုင်မရ ထမရနဲ့ ဘယ်လိုပုံစံနဲ့ တွေ့ရမလဲ မသိဘူးဖြစ်နေတယ်၊ ကြံရာမရတဲ့အဆုံး ကြုံရာအခွေတစ်ခွေဖွင့်ကြည့်ပြီးစောင့်နေလိုက်တယ်၊ အခန်းထဲမဝါဝင်လာတယ် ပစ္စည်းတွေထားတယ် အဝတ်အစားတွေလဲတယ်၊ ပြီးတော့ ရေချိုးခန်းထဲဝင်သွားတယ်၊ သူ့ကိုစကားတစ်လုံးမှ မပြောဘူး၊သွားပြီ၊ သူရတွေးထားတာက မဝါဒေါနဲ့ဝင်လာပြီး သူ့မျက်နှာကို ဆေးလိပ်ဗူးနဲ့ ပိတ်ပေါက် ၊ သူ့ကိုကုတ်ဆွဲ နောက်ဆုံး အသင့်ဝယ်လာတဲ့ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးခိုင်း ၊သူ့ကို မျက်လုံးစိမ်းကြီးနဲ့ကြည့်ပြီး သွား နင်ဒီည အပြင်မှာထွက်အိပ် မနက်ကြရင် အပြီးထွက်သွား ဆိုပြီး ဇာတ်သိမ်း မယ်ပေါ့၊ အခုတော့ သူတွေးထားတာနဲ့ နည်းနည်းကွာနေတော့ အခြေအနေကို ခန့်မှန်းမရဘဲဖြစ်နေတယ်၊ ရုပ်ရှင်ဆက်ကြည့်နေပြီး ရုပ်တည်နဲ့ ဆက်နေမယ်လို့ပဲဆုံးဖြတ်လိုက်တယ်၊


သူရ ကိုတွေ့ရင် ဘာပြောပြီး ဘယ်လို နေရမလဲ မဝါစဉ်းစားမရ ၊ဘာမှမပြောဘဲ လုပ်စရာရှိတာပုံမှန်အတိုင်း လုပ်တာ သူရအတွက်ပါပိုအစဉ်ပြေမယ်လို့တွေးမိတယ်၊ တော်ကြာ တခုခုပြောလိုက်ရင် သူရ အကြောက်လွန်ပြီး ဇွတ်ဝန်ခံနေမှ သူဆက်ပြောရခက်မှာ၊

မဝါ အခန်းထဲမဝင်ခင်ကတည်းက အခန်းထဲက ရုပ်ရှင်ကြည့်နေတဲ့အသံမျိုး ကြားနေရတယ်၊ ပုံမှန်ဆို သူရအခွေကြည့်ရင် အသံခပ်တိုးတိုးနဲ့ပဲကြည့်နေကြ၊ တခုခုတော့တခုခုပဲ ၊ သူစဉ်းစားထားသလိုပဲ ဆက်လုပ်ဖို့ တံခါးဖွင့်ပြီး အခန်းထဲဝင်လိုက်တော့ သူရ အိပ်ယာပေါ်မှာ လှဲနေရင်း ရုပ်ရှင်ကိုပြူးကြည့်နေတယ်၊ မဝါကို လှမ်းမကြည့်ဘူး၊ မဝါလည်း ခပ်တည်တည်ပဲ ပစ္စည်းတွေနေရာချ အဝတ်လဲ နေတုန်း မြင်ဖြစ်အောင်မြင်လိုက်တာက သူရ tv remote ကြီးကို ပြောင်းပြန်ကြီးကိုင်ပြီး တခုခုနှိပ်နေတာ၊နောက်မှ ပြောင်းပြန်ဖြစ်နေတာသိသွားပြီး အတည့်လှဲ့ ပြီး အသံတိုးနေတာ၊ ရုတ်တရက် ဖြစ်လာတဲ့ရယ်ချင်တဲ့စိတ်ကို မနည်းထိန်းပြီး အဝတ်လဲနေရင်း ရေချိုးခန်းထဲ အမြန်ဝင်လိုက်ပြီးမှ ခိုးရယ်မိတယ်၊ အဲ့ဒီခဏအတွင်းမှာ ပဲသူရကို နားလည်သလိုလိုဖြစ်သွားတာတစ်ခုရှိတယ်၊ မဝါအရမ်းရယ်ချင်နေချိန် ရယ်လိုက မဖြစ်၊ မနေနိုင်တဲ့အခြေအနေဖြစ်လာတဲ့အတွက် ရေချိုးခန်းထဲဝင်ပြီးတော့ တောင် ခိုးရယ်ရတဲ့အဖြစ်နဲ့ သူရ ဆေးလိပ်သောက်ချင် လို့ မနေနိုင်တဲ့အဆုံးခိုးသောက်ရတဲ့အဖြစ်ကို တွေးမိပြီး သူရ ကိုသနားသွားတာ၊ မဝါ မျက်နှာသစ်၊ မှန်ကြည့်ပြီး ပြုံးလိုက်တယ်၊ မှန်ထဲမှာပေါ်နေတဲ့ သူ့အပြုံးတွေနဲ့ သူရ ကို ထွက်တွေ့ မယ်လို့ ဆုံးဖြတ်လိုက်တယ်၊


သူရ TV ကြည့်နေဆဲ၊ မဝါ ရေချိုးခန်းထဲက ထွက်လာတယ်၊ မဝါ သူရကို ပြုံးပြီးကြည့်နေတယ်၊ ပထမတော့ သူရ မဝါကို မကြည့်ဘူး၊ ခဏလောက်ကြာမှ သူရ မဝါကို လှမ်းကြည့်တယ်၊ မဝါ ပြုံးပြနေတာ သူရတွေ့ လိုက်ရတော့ သူရ ပါပြုံးလာတယ်၊ မဝါ သူရ ဘေးက အိပ်ယာပေါ်ဖြေးဖြေး တက်လာပြီး သူရ ရင်ခွင်ထဲ မျက်နှာအပ်ပြီး လှဲလိုက်တယ်၊ သူရ TV ပိတ်လိုက်ပြီး လက်ထဲက remote ကို ဘေးကိုချ၊ သူ့ရင်ဘတ်ပေါ် အိပ်နေတဲ့ မဝါ ကိုယ်လုံးလေး ကို တင်းနေအောင်ဖက်ပြီး မဝါ နဖူးလေးကို နမ်းတယ်၊ သူရစကားပြောဖို့ ပါးစပ်အလှုပ်မှာ မဝါ သူရနှုတ်ခမ်းတွေကို လက်နဲ့ ပိတ်လိုက်တယ်၊ အဲ့ဒီ ညကစပြီး သူရ နဲ့ မဝါ တို့ အိမ်မက်တွေ ဆက်ပြီးလှနေတော့မှာပါ၊


စာကြွင်း ။ ။ မဝါ မွေးနေ့ ရောက်တဲ့အချိန်မှာ သူရ ဆေးလိပ်ပြတ်သွားခဲ့ပါပြီ။


>>> ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေပါသည်။<<<


(တွေ့မြင် ကြားသိ တဲ့ အဖြစ်အပျက်တွေကို စုစည်း ရေးသားထားခြင်းပါ၊ တစုံတရာ တ်ုက်ဆိုင်မှု့များရှိပါက တိုက်ဆိုင်မှု့သာဖြစ်ပါကြောင်း)


ချစ်ခြင်းများစွာဖြင့်


ကသမန




Zawgyi :


‘ ေဆးလိပ္ေသာက္ျခင္း သည္ ႏွလံုးသားကို ဆိုးရြားစြာ ထိခိုက္ေစပါသည္’

(ကြ်န္ေတာ္ ႏွင့္ ေဆးလိပ္ေသာက္သူမ်ား)


သူရ ေဆးလိပ္ကို စေသာက္တတ္လာတာ လြန္ခဲ့တဲ့ ၁၆ ႏွစ္ေက်ာ္ ကတည္းကဆိုေတာ့ ေသာက္ခဲ့တဲ့ သက္တမ္း မနည္းေတာ့ဘူးလို႔ေတာင္ေျပာလို႔ရေနၿပီ၊ ေလ်ာ့လိုက္ ျဖတ္လိုက္ ျပန္ေသာက္လိုက္နဲ႔ လုပ္မိတာလည္းအခါခါ၊ ေဆးလိပ္ေသာက္တဲ့လူတိုင္း ေဆးလိပ္ရဲ႕ဆိုးက်ိဳး သိၾကတာခ်ည္းပါပဲ၊ သိသိနဲ႔ ႀကိဳက္လို႔ကိုေသာက္ေနၾကတာ၊ ေသာက္မိလို႔ လည္း ႀကိဳက္ေနၾကတာျဖစ္နိင္ပါတယ္။


သူရ မိန္းမ မဝါက ေဆးလိပ္ေသာက္တာ လံုးဝမႀကိဳက္တဲ့သူ၊ သူရဆိုတာကလည္း သက္တမ္း တဝက္ေလာက္ကို စြဲစြဲၿမဲၿမဲ တြဲခဲ့တာဆိုလို႔ ေဆးလိပ္ပဲရွိတယ္၊ ရည္စား မျဖစ္ခင္ မဝါကိုသူရ လိုက္ေနတုန္းမွာေတာ့ ေဆးလိပ္ကိုေပၚတင္ ခဲ၊ မဝါ ရွိတတ္တဲ့ေနရာေတြ မွာ ဂိုက္ေပးၾကမ္းၾကမ္းနဲ႔ သြားေစာင့္၊ လိုက္စကားေျပာ၊ မဝါေရွ႕ မွာ ႐ုပ္ရွင္ေတြထဲက မင္းသားစတိုင္မ်ိဳးနဲ႔ ေဆးလိပ္ တကိုင္ကိုင္လုပ္၊ ဟန္ပါပါ နဲ႔ မီးခိုးေငြ ့ေတြကို မႈတ္ထုတ္ျပ၊ ကိုယ့္ကိုကိုယ္ေတာ့ မိုက္လွၿပီထင္ၿပီး ေက်နပ္ေနခ်ိန္၊ မဝါ စိတ္ထဲမွာလည္း သူရ ရဲ႕က်န္တဲ့အခ်က္ေတြ ေတာ္ေတာ္မ်ားမ်ားကို လက္ခံႏိုင္ၿပီး ရင္ခုန္ခ်င္ခ်င္ျဖစ္ေနၿပီ၊ ဆိုးတာက ေဆးလိပ္နံ ့ မခံႏိုင္တာရယ္ ပတ္ဝန္းက်င္ကို ပါဒုကၡေပးတဲ့ အလိုက္ကန္း ဆိုးမသိတာရယ္ ေစာေစာစီးစီးမုဆိုးမဘြဲ႕ရမွာရယ္ တို႔ေတြးၿပီး အခ်ိန္ဆြဲ စဥ္းစားေနခဲ့တာ၊ ေနာက္ဆံုးေတာ့လည္း မိခင္စိတ္ ေမြးရာပါလာတဲ့ မိန္းမပီပီ ငါ့လက္ထဲေရာက္ရင္ ျဖတ္ခိုင္းလို႔ရတာပဲဆိုၿပီး အေျဖျပန္ေပးလိုက္ေတာ့ ရည္းစားေတြျဖစ္သြားၾကေလသတည္းေပါ့၊


ထံုးစံ ပံုေသ စနစ္ေဟာင္းေတြ အတိုင္းပဲ သူရ ကို မဝါ က ေဆးလိပ္ စေလ်ာ့ခိုင္း ၊ တျဖည္းျဖည္းနဲ႔ ျဖတ္ခိုင္း၊ ကိုယ္ေတာ္ေခ်ာကလည္း ရခါစ ပူပူေႏြးေႏြး ရည္းစားေလးဆိုေတာ့ ဟိုကမဟရေသးဘူး ေခါင္းကၿငိမ့္ၿပီးေနၿပီဆိုသလိုပဲ၊ အစဥ္ကိုေျပလို႔၊ ဒါေပမဲ့ဗ်ာ ကြယ္ရာေရာက္တာနဲ႔ မေသာက္ခဲ့ရတဲ့ အတူတူရွိခ်ိန္ေတြကို ပါထဲ့တြက္ၿပီး အတိုးအရင္းေပါင္းေသာက္တာ အရင္ကထက္ေတာင္ ပိုမ်ားေနေသးတယ္၊


အဲဒီလိုနဲ႔ သူရ နဲ႔ မဝါတို႔ အိမ္ေထာင္သည္ဘဝေရာက္သြားၾကတယ္၊ တျခား ျပႆနာရယ္လို႔ ႀကီးႀကီးမားမား မရွိၾကဘူး၊ မိဘေတြက သေဘာတူ ႏွစ္ေယာက္စလံုးကလည္း ခ်စ္ၾကတာဆိုေတာ့ သာယာတဲ့အိမ္ေထာင္ေရးတစ္ခုေပါ့၊ ဆက္လက္ ရန္ျဖစ္ စကားမ်ားေနရတာေတာ့ ေဆးလိပ္ေသာက္တာပဲ၊ မဝါကလည္း ျဖတ္ေစခ်င္လို႔ ျဖတ္ခိုင္းေနတာ ရည္းစားဘဝတည္းက၊ သူရကလည္း ေသာက္ခ်င္လို႔ ေသာက္လာတာ ရည္းစား မျဖစ္ခင္ကတည္းက ဆိုေတာ့ ဘယ္လြယ္ပါ့မလည္း၊ ဒါေပမဲ့ အိမ္ေထာင္ သည္ဘဝေရာက္ကတည္းက သူရ မဝါေရွ႕မွာ ေဆးလိပ္မေသာက္ေတာ့ဘူး၊ဒါေပမဲ့ မဝါလစ္တာနဲ႔ ေသာက္တာက ေျပာမေနနဲ႔ေတာ့၊ မဝါကလည္း ေျပာမရတဲ့ အတူ သူ႔ေရွ႕မွာမေသာက္ရင္ေတာ့ ျပႆနာမရွာေတာ့ဘူး၊


သူရလည္း အိမ္ေထာင္က်သြားကတည္းက ေဆးလိပ္ခိုးေသာက္ရတာ ဆရာက်လာတယ္။သူ႔လိုပဲ မိန္းမေတြ ရည္းစားေတြက ေဆးလိပ္ေသာက္ခြင့္ ပိတ္ပင္ခံထားရတဲ့ သူငယ္ခ်င္းေတြဆံုၾကၿပီဆိုရင္ အခ်င္းခ်င္း ဘယ္နည္းသံုးၾကတယ္ဘယ္နည္းကအဆင္အေျပဆံုးဆိုၿပီး ေဆးလိပ္ခိုးေသာက္နည္း ဖလွယ္ၾကရတာ အလုပ္တစ္ခု။

အိမ္ပိုင္တဲ့ သူငယ္ခ်င္းေတြၾကားမွာေတာ့ မ်က္ႏွာအေတာ္ငယ္ရၿပီး တခ်ိန္လံုးအဖဲ့ခံၾကရျပန္တယ္၊ ဒါေပမဲ့လည္း အားလံုးက ခ်စ္ေၾကာက္႐ိုေသေနရသူ ဇနီးမယား ရည္းစားေတြရွိတာေၾကာင့္ ကိုယ့္အေၾကာင္းနဲ႔ကိုယ္ ကိုယ္နည္းကိုယ့္ဟန္နဲ႔ပဲ ေျဖရွင္းေနၾကရတာပဲ၊


သူရ သူငယ္ခ်င္း ကားဝယ္ေရာင္း တစ္ဦးက သူ႔နည္းကိုေျပာျပတယ္၊ ေဆးလိပ္ေသာက္ထားရင္ လက္တို႔ အကီႋ်တို႔မွာ ေဆးလိပ္နံ ့က်န္တဲ့အခါ လက္ကအနံ့ေပ်ာက္ေအာင္ ဆန္ နဲ႔ လက္ႏွစ္ဘက္ကို ၂ မိနစ္ေလာက္ ပြတ္ေပးရင္ေပ်ာက္ေၾကာင္း ၊ သူဆို ကားေနာက္ဖံုးက စပယ္ရာဘဖီး ထားတဲ့အံထဲမွာ ဆန္တျပည္အၿမဲထည့္ထားေၾကာင္း ၊အဝတ္ ကအနံ ့အတြက္ကေတာ့ ေရေမႊး အညံ့စားကို ေဆာင္ထားၿပီး အနံ ့ျပင္းျပင္းေရြးဝယ္ထားေၾကာင္း ၊မိန္းမနဲ႔ေတြ ့ခါနီးဆို လက္ကို ဆန္နဲ႔ပြတ္ၿပီး ေရေမႊး အမ်ားႀကီးဖ်န္းထား လိုက္ရင္ အစဥ္ေျပေၾကာင္း၊ သူ႔မိန္းမက အနံ ့စူးစူးဆိုမခံႏိုင္တဲ့အတြက္ အနားမကပ္ေတာ့ေၾကာင္း၊ မိန္းမကမသင္ကာလို႔ လက္ကို နမ္းၾကည့္ရင္လည္း စိတ္ပူစရာမလိုေတာ့ေၾကာင္း ၊ပါးစပ္ကအနံ့အတြက္ ပီေက တို႔ပူရွိန္းတို႔ မျပတ္ဝါးရင္အစဥ္ေျပေၾကာင္း

သူ႔ ကိုယ္ပိုင္နည္းနဲ႔ အေတြ ့အၾကံဳကို သူရကိုေျပာျပဖူးတယ္၊


သူရလည္း ေဆးလိပ္သက္နည္းေတာ့တာ မဟုတ္တဲ့အတြက္ေခသူမွမဟုတ္ဘဲ၊ သူ႔ ကိုယ္ပိုင္နည္း ျပန္ေျပာျပတာေပါ့၊ သူရနည္းက ခုနနည္းနဲ႔ေတာ့ ခပ္ဆင္ဆင္ပဲ ၊ သံုးရတဲ့ ပစၥည္းေတြပဲမတူတာ။

သူရ ကအေအး အၿမဲေသာက္တတ္ေတာ့ ကားေပၚမွာ cocacola တို႔ ကြ်ဲ႐ိုင္း တို႔ စတဲ့အေအးဗူးေတြေဆာင္ထားေနၾက၊ သူရနည္းက လက္ကေဆးလိပ္နံ့ေပ်ာက္ေအာင္ ကိုကာကိုလာနဲ႔ လက္ေဆးရင္အနံ့ေပ်ာက္တယ္၊ အေအးဘူးျဖစ္တဲ့အတြက္ ကားေပၚမွာလည္း ေပၚတင္ေဆာင္ထားလို႔ရတယ္၊ ပါးစပ္ကိုလည္း ကိုကာကိုလာနဲ႔ပဲ ပလုပ္က်င္း လိုက္ရင္ အိုေကဆိုပဲ။

ေနာက္ထပ္ အဝတ္အစားက အနံ ့အတြက္ ကားထဲမွာထားတဲ့ အေမႊး ဗူး အခဲ ပုလင္း ေတြသံုးၿပီး လက္နဲ႔ အဝတ္ေတြကို ေလ်ာက္ပြတ္လိုက္ရင္ ခဏေတာ့ အေမႊးနံ ့ေတြေၾကာင့္ ေဆးလိပ္နံ ့ မေပ်ာက္ရင္ေတာင္ ေရာသြားေတာ့ မိန္းမ ကြိဳင္ရွာလို႔မရေတာ့ဘူးတဲ့၊ အဲ့ဒါေၾကာင့္သူရကားေပၚမွာဆိုရင္ အေအးဗူးေတြနဲ႔ အေမႊးခဲ အေမႊးထုပ္ ကားေရေမႊး မ်ိဳးစံု အၿမဲေတြ႕ရတာ၊ တခါတခါ သူ႔ကားလိုက္စီးရင္ အဲ့ဒီအနံ ့စံုေတြေၾကာင့္ ေခါင္းပါမူးတယ္၊

သူတို႔ကိုယ္တိုင္လည္း ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ကိုယ့္ျပႆနာကို ေျဖရွင္းေနၾကရတာသိရေတာ့ ငိုအားထက္ရယ္အားသန္ရမလိုမ်ိးျဖစ္ေနၾကတယ္။


သူရတို႔သူငယ္ခ်င္းေတြထဲက မိန္းမေၾကာက္ရတဲ့သူငယ္ခ်င္းတစ္ေယာက္ကေတာ့ ပံုစံတစ္မ်ိဳးဗ်။ ေဆးလိပ္ခိုးေသာက္တာ ခဏခဏမိၿပီး ျပႆနာအႀကီးအက်ယ္ ခဏခဏတက္ ကြဲမယ္ကြာမယ္ျဖစ္ ၿပီးတဲ့ေနာက္မွာ သေဘာတူညီမႈ ့အႀကိမ္ႀကိမ္ယူၿပီး မိန္းမကိုယ္တိုင္ ေဆးလိပ္အေကာင္းစား ကို အေတာင့္လိုက္ ဝယ္ထားၿပီး တစ္ပတ္ကို တစ္ဗူး ေပးေသာက္တယ္၊ တကယ္ေဆးလိပ္စြဲေနတဲ့လူအတြက္ တစ္ပတ္မွတစ္ဗူးဆိုတာ ဘယ္မွာလာၿပီး အစဥ္ေျပပါ့မလဲ ၊ ဒါေပမဲ့ အရင္လိုခိုးေသာက္ရတဲ့ ဒုကၡ အနံ ့ေပ်ာက္ေအာင္လုပ္ရတဲ့ ဒုကၡေတြက လြတ္ၿပီး တရားဝင္ အကန္႔အသတ္နဲ႔ ေပးတဲ့ အခြင့္အေရးကိုေတာ့ လက္လြတ္မခံဘဲ ေကာင္းေကာင္းအသံုးခ်ရေတာ့တာပဲ၊

မိန္းမကေပးတဲ့ေဆးလိပ္ ဗူးကိုပဲေသာက္တယ္၊ တစ္ေန႔ မိန္းမေရွ႕မွာ တရားဝင္ ၂ လိပ္ ၃ လိပ္ေလာက္ေသာက္ျပ၊ မိန္းမ ကြယ္ရာမွာ အဲ့ဒီေဆးလိပ္မ်ိဳးကိုဗူးလိုက္ဝယ္ထားၿပီးေသာက္၊ မိန္းမက သတိရလို႔စစ္ရင္ မိန္းမေပးထားတဲ့ အဲ့ဒီဗူးထဲ မသိမသာျပန္ျပန္ျဖည့္၊ သူ႔အလုပ္နဲ႔သူရႈပ္ေနတဲ့မိန္းမက အေရအတြက္ေလာက္ထိေတာ့မမွတ္ႏိုင္တာ သိထားတဲ့အတြက္ အစဥ္ကိုေျပလို႔၊ တပတ္ျပည့္တဲ့ေန႔ မွပဲ အဲ့ေဆးလိပ္ဗူးကုန္ၿပီဆိုၿပီး တရားဝင္ထပ္ေတာင္း၊ သူ႔ဟာနဲ႔သူေတာ့ ဟုတ္ေနတာပဲ၊ အဲ့ဒီေနာက္ပိုင္း သူငယ္ခ်င္းေတြနဲ႔ေတြ႕ရင္ သူက ေဆးလိပ္ဗူးလိုက္ကိုင္ေသာက္ျပၿပီး ပဏာကယူေသးတာ၊ အဲ့လို၊ ေျပာကေျပာေသးတယ္ လြတ္လပ္ေရးဆိုတာ ပါးစပ္ကေအာ္ေနရံုနဲ႔ မရႏိုင္ဘူး၊ တိုက္ယူမွရတာဆိုပဲ၊ အေၾကာင္းသိခ်င္းကိုလာကပ္ႂကြားေသးတာ၊ အဲ့လို ေဆးလိပ္သမား ဘဝေတြက၊


သူရ စဥ္းစားမိတာက မိန္းမေတြ ရည္းစားေတြ က ကိုယ္ေတြကို ေဆးလိပ္မေသာက္ေစခ်င္တဲ့ ခံစားခ်က္နဲ႔ အေၾကာင္းရင္းကို နားလည္ေပးလို႔ရပါတယ္၊ အဲ့ဒီလိုပဲ ေဆးလိပ္ေသာက္ေနမိၿပီး ေဆးလိပ္စြဲေနတဲ့ သူတို႔ရဲ႕ ခံစားခ်က္ လိုအပ္ခ်က္ကိုလည္း နားလည္းေပးေစခ်င္မိတယ္၊ တကယ္ပါ ၊မယံုုရင္ စမ္းေသာက္ၾကည့္ၾကပါ...ၿပီးရင္ ဆက္ေဆြးၾကည့္ခ်င္ပါတယ္၊ ေဆးလိပ္ေၾကာင့္ ျဖစ္လာမဲ့ ဆိုးရြားတဲ့ က်န္းမာေရး ခ်ိဳ႕တဲ့မႈ ့၊ ေၾကာက္ဖို႔ေကာင္းတဲ့ ေရာဂါဘယ၊ ေငြကုန္ေၾကးက်မ်ားမႈ ့ေတြနဲ႔အတူ ပတ္ဝန္းက်င္ကိုထိခိုက္ေစမႈ ့ေတြကို သိၾကပါတယ္၊ ေၾကာက္ၾကပါတယ္၊ ဒါျဖစ္ရင္ ဘာလို႔ ေသာက္ေနၾကတာလဲလို႔ ေမးၾကမွာပါ၊ ရွင္းရွင္းေလးပါ ႀကိဳက္လို႔ေသာက္ၾကပါတယ္၊ သိသိႀကီးနဲ႔ေသာက္ၾကတာပါ၊ အဲ့ဒါေၾကာင့္ခက္ေနတာ၊


အဲဒီလိုစကားမ်ိဳး ကို သူရ မဝါနဲ႔ ေဆြးေႏြးခ်င္ေနတာ၊ ေဆြးေႏြးမိတာနဲ႔ျပႆာနာတက္မယ္ဆိုတာသိပ္ေသခ်ာေနတာေၾကာင့္ သူရစိတ္ေလ်ာ့ထားလိုက္တယ္၊ ကိုယ့္နည္းေလးနဲ႔ကိုယ္ အခုလိုပဲ ခိုးေသာက္ေနတာက ျပႆနာကို အညင္သာာဆံုးနည္းနဲ႔ေျဖရွင္းရာေရာက္ပါတယ္လို႔ပဲေတြးထားလိုက္တယ္၊


တကယ္ေတာ့ မဝါအပါအဝင္ ေဆးလိပ္သမားေတြရဲ႕ ရည္းစားေတြ မိန္းမေတြ ဆိုတာလည္း ငတံုးငအ ႏွာေခါင္းမပါတဲ့ လူေတြမွမဟုတ္ပဲ၊ ကိုယ့္လူအေၾကာင္းကိုယ္ေနာေက်ၿပီးသား၊ ဒီေလာက္ျပႆနာရွာထားမွ ဒီေလာက္က်န္မယ္ဆိုတာတြက္ၿပီး ထိန္းထားတာ၊ ေဆးလိပ္မေသာက္တဲ့ လူအတြက္ေဆး လိပ္နံ ့ဆိုတာ အင္မတန္မွ ေအာ္ဂလီဆန္ခ်င္စရာႀကီး၊ သိတာေပါ့ ကိုယ့္ေယာက်ာ္း ေဆးလိပ္ေသာက္လာလား မေသာက္လာဘူးဆိုတာ ၊ အနံ ့ေၾကာင့္သိသလို ပံုစံၾကည့္တာနဲ႔တန္းသိတာပဲ၊ လက္ထိပ္ေတြ နႈတ္ခမ္းသားေတြ ညိဳမဲလာတာလည္း သိတာပဲ၊ ဟုတ္တယ္ေလ ၊ကိုယ္ေတာ္ေခ်ာေတြက အျပင္မွာတေနကုန္ေနၿပီး ျပန္လာတဲ့အခ်ိန္ ကိုယ္နဲ႔ေတြ႕ၿပီဆို အနားကိုသိပ္မလာေတာ့ဘူး၊ ခပ္လွမ္းလွမ္းမွာပဲတတ္ႏိုင္သမွ်ေနေတာ့တာ၊ ေနာက္ၿပီး ေဆးလ္ုက္တဲ့လက္၊ အိမ္သာတက္ၿပီးရင္ေတာင္ လက္ေဆးခ်င္မွေဆးတဲ့ အဲ့ဒီညစ္ပတ္အိုးေတြက ေဆးလိပ္ခိုးေသာက္လာၿပီဆိုတာနဲ႔ အိမ္သာဝင္ လက္ေဆး၊ တခုုခုစား လက္ေဆး

၊ သိပ္သိသာတာေပါ့၊

ေျပာရတာ ရန္ျဖစ္ရတာ ပင္ပန္းၿပီး အာေပါက္လြန္းလို႔ မသိခ်င္ေယာင္ေဆာင္ၿပီး တကြက္ခ်န္ေပးထားတာကို သူတို႔က သူတို႔ကိုယ္သူတို႔ ဟုတ္လွၿပီေပါ့၊ ငါ့မိန္းမမသိဘူးေပါ့၊ တခါတခါ အျပင္ေတြဘာေတြသြားရင္း မိတ္ေတြေတြနဲ႔ေတြ႕လ္ု႔ ေဆးလိပ္ေသာက္တတ္တဲ့ဧည့္သည္ေတြကမ်ား သူတို႔ကို အစ္ကိုေဆးလိပ္ေသာက္တတ္လား ေသာက္ပါဦးဆိုၿပီး ေလာကြက္ျပဳတာနဲ႔မ်ားၾကံဳရင္ ေျပာတတ္ေသးတယ္ ‘မေသာက္ေတာ့ပါဘူး ျဖတ္လ္ုက္ၿပီဗ်၊ အသက္ကေလးကလည္းရလာၿပီဆိုေတာ့ နားလိုက္ၿပီ၊ ေက်းဇူးပါဗ်၊ ေနာက္ၿပီး ကြ်န္ေတာ့္မိန္းမကလည္း ျဖတ္ခိုင္းေနတာနဲ႔ ျဖတ္လ္ုက္တာ၊ မိန္းမစကားနားေထာင္ရင္ ကိုယ့္အသက္ရွည္တယ္ဆိုသလိုေပါ့ဗ်ာ... ဟားဟားဟားဟား’ အဲ့ဒီလ္ု ္ရွက္မရွိ မ်က္ႏွာေျပာင္တ္ုက္ၿပီး လူၾကားထဲ က္ုယ့္ပါ လူမုန္းမ်ားေအာင္လုပ္တတ္ၾကေသးတယ္၊


ေနာက္တစ္ခုက သူရေဆးလိပ္မျပတ္ႏိုင္တာ ေဈးေပါေပါနဲ႔ လြယ္လယ္ကူကူဝယ္လို႔ရတာလည္းပါတယ္၊ သူရ တို႔လို ခိုးေသာက္ရတဲ့လူေတြဆိုတာဘယ္ေတာ့မွ ေဆးလိပ္ကိုဗူးလိုက္ဝယ္မေသာက္ၾကတာမ်ားတယ္၊ ဗူးလိုက္ဝယ္ထားရင္ အဲ့ဒီဗူးကို ဖြက္ရတဲ့ဒုကၡကလည္းမေသးဘူး၊ ဗူးလိုက္မိသြားရင္လည္း အမႈ ့ကပိုႀကီးတယ္၊ အခန္႔မသင့္လို႔ တလိပ္စႏွစ္လိပ္စ မိခဲ့ရင္ ဟိုလူ႔ ဟာ ဒီလူ ့ဟာ ဆိုၿပီး ၿဖီးဖ်န္းလို႔လြယ္ေသးတယ္၊ ဒီႏိုင္ငံမွာက ေဆးလိပ္ကို မီးပြိဳင့္ေတြ ကြမ္းယာဆိုင္ေတြနဲ႔ ဆိုင္ေတာ္ေတာ္မ်ားမ်ားမွာ လြယ္လြယ္ကူကူ တလိပ္ခ်င္းဝယ္ေသာက္လို႔ ရေနတာလည္းပါတယ္၊ ေဈးကလည္းႀကီးမယ္၊ တလိပ္ခ်င္းလည္း ဝယ္လို႔ မရဘူး လြယ္လြယ္ကူကူ ေနရာစံုမွာဝယ္လို႔မရ၊ေသာက္လို႔ မရေတာ့ဘူးဆိုရင္ ေဆးလိပ္ပိုၿပီးျဖတ္ႏိုင္မယ္လို႔ သူရေတြးမိေသးတယ္၊ တကယ္ေတာ့ သူရတို ့သူငယ္ခ်င္းအားလံုး ေသာက္သာေသာက္ေနၾကတာ ျဖတ္ရမယ္ ျဖတ္ေတာ့မယ္ဆိုတဲ့ အေတြး အားလံုးမွာရွိၿပီးသား၊ အေၾကာင္းေၾကာင္းေၾကာင့္ သာ အထမေျမာက္ၾကေသးတာ၊ အဲ့လိုေျပာျပရင္လည္း မိန္းမေတြကယံုမွာလည္းမဟုတ္၊ ဆင္ေျခေပးေနတာလို႔ပဲ အေျပာခံရမွာေသခ်ာတယ္၊ခက္တယ္၊


သူရ နဲ႔ မဝါတို႔ ၾကားမွာ ေဆးလိပ္နဲ႔ပတ္သတ္ၿပီး ႐ိုမန္တစ္ဆန္ဆန္ကိစၥတစ္ခု ျဖစ္လာတယ္၊

စျဖစ္တာက ရန္အႀကီးအက်ယ္ျဖစ္တာကစတာ၊ သူရ ညဘက္ အိပ္မေပ်ာ္ ဘဲ စိတ္ရႈပ္ေနတာနဲ႔ ျခံထဲဆင္းၿပီး လက္က်န္ေဆးလိပ္ႏွစ္လိပ္ကို ကားထဲမွာ ခိုးေသာက္ေနတာ၊ သူထြက္လာတုန္းကမိန္းမ အိပ္ေနတာမ်ား ေဟာက္ပါေဟာက္ေနတာဆိုေတာ့ သာသာယာယာပဲ၊ သီခ်င္းေလးေတာင္ဖြင့္ၿပီး ဇိမ္ခံရင္း ေဆးလိပ္ေသာက္ေနတုန္း ျဗံဳးဆို ကားတံခါး ဆြဲဖြင့္ၿပီး မိန္းမကလက္ထဲကေဆးလိပ္ကိုလု တာပဲ၊ လက္ပူးလက္က်ပ္မိေတာ့ ရွင္းလို႔ကမရ၊ မိန္းမျဖစ္သူက ဘယ္တုန္း ကလည္း ဘယ္လို၊ ဆိုၿပီး မွတ္ထားသမွ်ေဆးလိပ္နဲ႔ပတ္သတ္ၿပီးမေက်နပ္တာေတြပါေရာသမတာ၊ သူ႔မိသားစုမွာ ဆိုေဆးလိပ္ေသာက္တတ္တာ တေယာက္မွမရွိဘူး ဆိုတာကပါေသးတယ္၊ သူတို႔ဟာသူတို႔ မႀကိဳက္လို႔ မေသာက္တာ၊ ကိုယ္ႀကိဳက္လို႔ကိုယ္ေသာက္တာ ဘာျဖစ္လဲလို႔လဲေမးလိုက္ေရာ ပြဲၾကမ္းပါေလေရာ၊ အဲ့ဒါနဲ႔ မိန္းမ အေဖေတြ အစ္ကိုေတြ ညီမေတြပါႏိုးလာၿပီး ရွင္းျပရင္းရွင္းျပရင္းနဲ႔ သူရလူဆိူးလူမိုက္ ေဆးသမားလံုးလံုးကိုျဖစ္သြားေရာ၊ ေနာက္တစ္ခါဆို ကြဲၿပီ လို႔ မဝါက ရာဇသံေပးတဲ့အဆင့္ထိပါျဖစ္သြားခဲ့တယ္၊


အဲ့ဒီေနာက္ပိုင္း သူရ အေနအထိုင္ ဆင္ျခင္၊ ေဆးလိပ္ ခိုးေသာက္တာေလ်ာ့နဲ႔ မဝါ နဲ႔ရန္ထပ္မျဖစ္ေအာင္ ေနေနရတယ္၊ မဝါ ၾကည့္ရတာ တကယ္ကိုအတည္ႀကီးေျပာထားတာဆိုေတာ့ သူရ ေတာ္ေတာ္လန္႔သြားတာ၊ သူလည္း တျဖည္းျဖည္းနဲ႔ ရေအာင္ျဖတ္မယ္ဆိုၿပီး စဥ္းစားေနၿပီ၊ မဝါ ကိုခ်စ္တာကိုး၊ မဝါထက္ေတာ့ ဘာမွအေရးမႀကီးဘူးေလ၊ လာမဲ့မဝါေမြးေန႔က်ရင္ေတာ့ မဝါ စိတ္ခ်မ္းသာေအာင္ ေဆးလိပ္တကယ္စျဖတ္ေတာ့မယ္ဆိုတဲ့ ကတိကိုေမြးေန႔လက္ေဆာင္ေပးမယ္လို႔စဥ္းစားထားလိုက္တယ္၊


မဝါလည္း ရန္ျဖစ္ၿပီးေနာက္ပိုင္းစဥ္းစား မိေနတယ္၊ သူမႀကိဳက္တာ သူရ လုပ္တာဆိုလို႔ အဲ့ဒီေဆးလိပ္ေသာက္တာေလးပဲရွိတာ၊ က်န္တာမွန္သမွ် မဝါစိတ္တိုင္းက် သူရေနတာ သူ႔ကိုခ်စ္တာ သူသိတာပဲ၊ အဲ့ဒီညက လန္႔ႏိုးလာတဲ့အခ်ိန္ အခန္းထဲမွာသူရမရွိလို႔ အားငယ္ရာက ကားေပၚမွာ ေဆးလိပ္ေသာက္ေနတာ ေတြ ့တာနဲ႔ သူ႔စိတ္သူမထိန္းႏိုင္ဘဲ အဲ့ဒီေလာက္ျဖစ္သြားရတာ၊ စကားက ေျပာၿပီးလြန္ၿပီးျဖစ္သြားၿပီဆိုေတာ့ ခက္ေနတယ္၊ သူရ ေဆးလိပ္မျဖတ္ႏိုင္တာ ေသခ်ာေနၿပီပဲ၊ သိပ္တင္လြန္းရင္ ကန္ထြက္သြားမွာေတြးၿပီးေၾကာက္သလိုလိုျဖစ္ေနတယ္၊ ကိုယ့္စကားနဲ႔ကိုယ္ဆိုေတာ့ အခုအခ်ိန္မွသြားေလ်ာ့ျပန္ရင္လည္း ေယာက္တက္ လာမွာေၾကာက္တယ္၊ အဲ့ဒီေတာ့ ေနာက္တခါ တည့္တည့္ေတြ႕ရင္ေတာင္ သူကပဲ မျမင္ခ်င္ေယာင္ေဆာင္ေနရမယ္လို႔ စဥ္းစားမိတယ္၊ တေျဖးေျဖးနဲ႔ မွ သူရကိုေခ်ာ့ၿပီး ေလ်ာ့ေသာက္ဖို႔ပဲ ေျပာေတာ့မယ္လို႔ ဆံုးျဖတ္လိုက္တယ္၊


တစ္ေန႔ သူရ အလုပ္ကိစၥနဲ႔ ရံုးကေကာင္ေလးေတြကားေပၚတင္ၿပီး တေနကုန္ သြားေနရတယ္၊ မိန္းမမပါေတာ့ ေဆးလိပ္က အႀကိဳက္ေသာက္တာေပါ့၊ ညေနေဆာင္းလို႔ ျပန္ခါနီးမွာ သူရအလုပ္ကိစၥ ဖုန္းေျပာေနတုန္း ေကာင္ေလးတစ္ေယာက္ ဆင္းမဲ့ေနရာ ေရာက္လာတာနဲ႔ ေကာင္ေလးက သူရေန႔လည္က ဝယ္ခိုင္ထားတဲ့ ေဆးလိပ္ဗူး ထားခဲ့တယ္၊၄ လိပ္ေလာက္က်န္ေသးတယ္ ဒီလက္တင္ခံုက ခြက္ထဲထားခဲ့တယ္ ဆရာဆိုၿပီး ဆင္းသြားေရာ၊ သူရလည္း ဖုန္းေျပာလက္စ၊ ကားေမာင္းေနတုန္းဆိုေတာ့ သတိမထားမိပဲ ေမ့သြားတယ္၊


သူရအိမ္ျပန္ေရာက္ေတာ့ မဝါ ကကိစၥတစ္ခုနဲ႔ အျပင္သြားဖို႔ျပင္ေနတာ၊ သူရပင္ပန္းေနတာ သိတာေၾကာင့္ လိုက္မပို႔ ခိုင္းပဲ ဒ႐ိုင္ဘာ နဲ႔ပဲသြားမယ္ဆိုၿပီး ထြက္သြားေရာ၊ သူရလည္း တေနကုန္ပင္ပန္းေနတာနဲ႔ ေရခ်ိဳး ခန္းထဲဝင္၊ ေရပန္းေအာက္ ေခါင္းထိုးလိုက္တဲ့အခ်ိန္မွ ညေနက ရံုးကေကာင္ေလးေျပာခဲ့တာ ျပန္သတိရသြားၿပီး ေရေတာင္ဆက္မခ်ိဳးႏိုင္ပဲ လန္႔ေနၿပီ၊ဒ႐ိုင္ဘာ နဲ႔သြားတာျဖစ္တဲ့အတြက္ မဝါ ကားေနာက္ခန္းက ပဲထိုင္မွာေသခ်ာတယ္၊ အဲ့ဒါဆို လက္တင္ခံု ခြက္ထဲမွာ ရံုးကေကာင္ေလး ထားခဲ့တဲ့ေဆးလိပ္ဗူး တန္းေတြ႕မွာပဲ၊ ေသၿပီေလ၊ အခုခ်ိန္မွာ အဲ့ဒါ သူ႔ဟာမဟုတ္ပါဘူး ဆိုၿပီး ဘယ္လိုရွင္းျပရွင္းျပ မယံုမွာေသခ်ာတယ္၊သြားၿပီ... ခ်စ္ေသာ မိန္းမ ရဲ႕ စြန္႔ပစ္ျခင္း ကိုခံရေတာ့မယ္၊ သူစဥ္းးစားထားတဲ့ မဝါ ေမြးေန႔မွာ ေဆးလိပ္တကယ္စျဖတ္ၿပီဆိုတဲ့ ေယာက်ာ္းကတိ ေပးဖို႔ဆိုတဲ့ အထိေတာင္မေရာက္ႏိုင္ေတာ့ဘူး ...


သူရ ကို လြတ္လြတ္လပ္လပ္ေနေစခ်င္တာရယ္ မ်က္ႏွာပူေနတုန္းျဖစ္တာေၾကာင့္ မဝါ ဒ႐ိုင္ဘာနဲ႔ပဲ အျပင္ထြက္လာတာျဖစ္တယ္၊ အၿမဲတမ္း လင္မယား ႏွစ္ေယာက္ သြားေနၾက၊ သူရလိုက္ပို႔ေနေနၾကဆိုေတာ့ စိတ္ထဲ သိပ္မေကာင္းဘူး၊ သူရကို လြမ္းသလိုလိုဘာလိုလိုႀကီးျဖစ္ေနတယ္၊ မဝါ ငိုင္ေနတာနဲ႔ပဲ ဒ႐ိုင္ဘာ က ဘယ္သြားရမွန္းမသိေသးဘဲ ျခံေပါက္ဝမွာပဲကားရပ္ၿပီး မဝါ အေျပာေစာင့္ေနတယ္၊ မဝါသတိထားမိသြာ.ၿပီး ေျပာမလို႔ ျပင္ေနခ်ိန္မွာပဲ ကာ.လက္တင္ခံုခြက္ထဲမွာ ေဆးလိပ္ဗူး ေတြ႕လိုက္တယ္၊ ေတြ႕ေတြ႕ခ်င္း ေဒါသေတြထြက္လာၿပီး ဗူးဖြင့္ၾကည့္ေတာ့ အထဲမွာ ၄ လိပ္ရွိေသးတယ္၊ ဒီေလာက္ ျဖစ္ခဲ့တာေတာင္ အခု ဗူးလိုက္ပါ ေသာက္ေနၿပီဆိုၿပီး ရန္ျဖစ္ဖို႔ ကားေပၚကဆင္းမယ္လုပ္ေနတုန္းမွ သတိရသြားၿပီး မျဖစ္ေသးပါဘူး ဒီတစ္ခါ ဆို သူေျပာခဲ့တဲ့အတိုင္း လုပ္ရမယ္ဆို.. မဝါ သူ႔စိတ္သူထိန္းၿပီး ဘာလုပ္ရင္ေကာင္းမလဲ စဥ္းစားေနရတယ္၊

သူေနာက္ခန္းမွာ လာထိုင္လို႔ ဒီေဆးလိပ္ဗူးကိုေတြ႕တာ ၊အဲ့ဒီေတာ့ သူမေတြ႕ဖို႔ဆိုရင္ သူေနာက္မွာမထိုင္မွျဖစ္မယ္၊ ဒါေပမဲ့ ဒ႐ိုင္ဘာေဘး ထိုင္သြားဖို႔လည္းမျဖစ္ေသးဘူးဆိုၿပီး ဒ႐ိုင္ဘာကို ေနခဲ့ခိုင္းလိုက္ၿပီး သူကိုယ့္ဟာကိုယ္ကားေမာင္းထြက္ခဲ့တယ္၊ အဲ့ဒါဆိုသူေဆးလိပ္ဗူးမျမင္ေတာ့ဘူး

မျမင္ရင္ ျပႆနာရွာစရာမလိုေတာ့ဘူး၊ ခဏေလးအတြင္းမွာ အေကာင္းဆံုးျဖစ္မွာကိုအျမန္စဥ္းစားၿပီး အျမန္အေကာင္အထည္ေဖၚလိုက္ႏိုင္လို႔ေတာ္ေသးတယ္၊ဒ႐ိုင္ဘာကိုမွာရေသးတယ္ အမကိစၥရွိလို႔ ကိုယ့္ဟာကိုယ္ကားယူသြားတာလို႔မွာခဲ့ၿပီး ကားေမာင္းထြက္ခဲတယ္၊ စိတ္ကိုထိန္းၿပီး ျပန္ေရာက္ရင္ ဟန္မပ်က္ေနဖို႔ စဥ္းစားမိေနတယ္၊


သူရ မဝါထြက္သြားကတည္းက အိပ္ယာေပၚပစ္လွဲ စိတ္ေလ်ာ့ၿပီး မဝါအေျခအေနကိုၾကည့္ ေတာင္းပန္ဖို႔ပဲစဥ္းစားေနတယ္ ၊ ကိုယ့္မိန္းမအေၾကာင္း ကိုယ္သိတယ္၊ ေျပာရင္ေျပာတဲ့အတိုင္း လုပ္ရဲတယ္၊ျဖစ္လာသမွ် ခံတယ္၊ သိပ္ေတာ့မလြယ္လွဘူး၊ ရံုးကေကာင္ေလးဆီဖုန္းဆက္ၿပီး အဲ့ဒီဗူး ကသူ႔ဘူး လို႔ဝင္ရွင္းခိုင္းရေကာင္းမလားလို႔လည္းစဥ္းစားတယ္၊ မျဖစ္ႏိုင္ဘူး၊ မဝါဘယ္လိုမွ ယံုမွာမဟုတ္ဘူး၊ ပိုေတာင္ဆိုးသြားႏိုင္တယ္၊ ေနာက္ဆံုး အသနားခံေတာင္းပန္ ဖို႔အားတင္းၿပီး မဝါကိုေစာင့္ေနလိုက္တယ္၊


မဝါကား ျခံထဲဝင္လာကတည္းက သူရ ထိုင္မရ ထမရနဲ႔ ဘယ္လိုပံုစံနဲ႔ ေတြ႕ရမလဲ မသိဘူးျဖစ္ေနတယ္၊ ၾကံရာမရတဲ့အဆံုး ၾကံဳရာအေခြတစ္ေခြဖြင့္ၾကည့္ၿပီးေစာင့္ေနလိုက္တယ္၊ အခန္းထဲမဝါဝင္လာတယ္ ပစၥည္းေတြထားတယ္ အဝတ္အစားေတြလဲတယ္၊ ၿပီးေတာ့ ေရခ်ိဳးခန္းထဲဝင္သြားတယ္၊ သူ႔ကိုစကားတစ္လံုးမွ မေျပာဘူး၊သြားၿပီ၊ သူရေတြးထားတာက မဝါေဒါနဲ႔ဝင္လာၿပီး သူ႔မ်က္ႏွာကို ေဆးလိပ္ဗူးနဲ႔ ပိတ္ေပါက္ ၊ သူ႔ကိုကုတ္ဆြဲ ေနာက္ဆံုး အသင့္ဝယ္လာတဲ့ ကြာရွင္းစာခ်ဳပ္မွာ လက္မွတ္ထိုးခိုင္း ၊သူ႔ကို မ်က္လံုးစိမ္းႀကီးနဲ႔ၾကည့္ၿပီး သြား နင္ဒီည အျပင္မွာထြက္အိပ္ မနက္ၾကရင္ အၿပီးထြက္သြား ဆိုၿပီး ဇာတ္သိမ္း မယ္ေပါ့၊ အခုေတာ့ သူေတြးထားတာနဲ႔ နည္းနည္းကြာေနေတာ့ အေျခအေနကို ခန္႔မွန္းမရဘဲျဖစ္ေနတယ္၊ ႐ုပ္ရွင္ဆက္ၾကည့္ေနၿပီး ႐ုပ္တည္နဲ႔ ဆက္ေနမယ္လို႔ပဲဆံုးျဖတ္လိုက္တယ္၊


သူရ ကိုေတြ႕ရင္ ဘာေျပာၿပီး ဘယ္လို ေနရမလဲ မဝါစဥ္းစားမရ ၊ဘာမွမေျပာဘဲ လုပ္စရာရွိတာပံုမွန္အတိုင္း လုပ္တာ သူရအတြက္ပါပိုအစဥ္ေျပမယ္လို႔ေတြးမိတယ္၊ ေတာ္ၾကာ တခုခုေျပာလိုက္ရင္ သူရ အေၾကာက္လြန္ၿပီး ဇြတ္ဝန္ခံေနမွ သူဆက္ေျပာရခက္မွာ၊

မဝါ အခန္းထဲမဝင္ခင္ကတည္းက အခန္းထဲက ႐ုပ္ရွင္ၾကည့္ေနတဲ့အသံမ်ိဳး ၾကားေနရတယ္၊ ပံုမွန္ဆို သူရအေခြၾကည့္ရင္ အသံခပ္တိုးတိုးနဲ႔ပဲၾကည့္ေနၾက၊ တခုခုေတာ့တခုခုပဲ ၊ သူစဥ္းစားထားသလိုပဲ ဆက္လုပ္ဖို႔ တံခါးဖြင့္ၿပီး အခန္းထဲဝင္လိုက္ေတာ့ သူရ အိပ္ယာေပၚမွာ လွဲေနရင္း ႐ုပ္ရွင္ကိုျပဴးၾကည့္ေနတယ္၊ မဝါကို လွမ္းမၾကည့္ဘူး၊ မဝါလည္း ခပ္တည္တည္ပဲ ပစၥည္းေတြေနရာခ် အဝတ္လဲ ေနတုန္း ျမင္ျဖစ္ေအာင္ျမင္လိုက္တာက သူရ tv remote ႀကီးကို ေျပာင္းျပန္ႀကီးကိုင္ၿပီး တခုခုႏွိပ္ေနတာ၊ေနာက္မွ ေျပာင္းျပန္ျဖစ္ေနတာသိသြားၿပီး အတည့္လွဲ႕ ၿပီး အသံတိုးေနတာ၊ ႐ုတ္တရက္ ျဖစ္လာတဲ့ရယ္ခ်င္တဲ့စိတ္ကို မနည္းထိန္းၿပီး အဝတ္လဲေနရင္း ေရခ်ိဳးခန္းထဲ အျမန္ဝင္လိုက္ၿပီးမွ ခိုးရယ္မိတယ္၊ အဲ့ဒီခဏအတြင္းမွာ ပဲသူရကို နားလည္သလိုလိုျဖစ္သြားတာတစ္ခုရွိတယ္၊ မဝါအရမ္းရယ္ခ်င္ေနခ်ိန္ ရယ္လိုက မျဖစ္၊ မေနႏိုင္တဲ့အေျခအေနျဖစ္လာတဲ့အတြက္ ေရခ်ိဳးခန္းထဲဝင္ၿပီးေတာ့ ေတာင္ ခိုးရယ္ရတဲ့အျဖစ္နဲ႔ သူရ ေဆးလိပ္ေသာက္ခ်င္ လို႔ မေနႏိုင္တဲ့အဆံုးခိုးေသာက္ရတဲ့အျဖစ္ကို ေတြးမိၿပီး သူရ ကိုသနားသြားတာ၊ မဝါ မ်က္ႏွာသစ္၊ မွန္ၾကည့္ၿပီး ျပံဳးလိုက္တယ္၊ မွန္ထဲမွာေပၚေနတဲ့ သူ႔အျပံဳးေတြနဲ႔ သူရ ကို ထြက္ေတြ႕ မယ္လို႔ ဆံုးျဖတ္လိုက္တယ္၊


သူရ TV ၾကည့္ေနဆဲ၊ မဝါ ေရခ်ိဳးခန္းထဲက ထြက္လာတယ္၊ မဝါ သူရကို ျပံဳးၿပီးၾကည့္ေနတယ္၊ ပထမေတာ့ သူရ မဝါကို မၾကည့္ဘူး၊ ခဏေလာက္ၾကာမွ သူရ မဝါကို လွမ္းၾကည့္တယ္၊ မဝါ ျပံဳးျပေနတာ သူရေတြ႕ လိုက္ရေတာ့ သူရ ပါျပံဳးလာတယ္၊ မဝါ သူရ ေဘးက အိပ္ယာေပၚေျဖးေျဖး တက္လာၿပီး သူရ ရင္ခြင္ထဲ မ်က္ႏွာအပ္ၿပီး လွဲလိုက္တယ္၊ သူရ TV ပိတ္လိုက္ၿပီး လက္ထဲက remote ကို ေဘးကိုခ်၊ သူ႔ရင္ဘတ္ေပၚ အိပ္ေနတဲ့ မဝါ ကိုယ္လံုးေလး ကို တင္းေနေအာင္ဖက္ၿပီး မဝါ နဖူးေလးကို နမ္းတယ္၊ သူရစကားေျပာဖို႔ ပါးစပ္အလႈပ္မွာ မဝါ သူရနႈတ္ခမ္းေတြကို လက္နဲ႔ ပိတ္လိုက္တယ္၊ အဲ့ဒီ ညကစၿပီး သူရ နဲ႔ မဝါ တို႔ အိမ္မက္ေတြ ဆက္ၿပီးလွေနေတာ့မွာပါ၊


စာႂကြင္း ။ ။ မဝါ ေမြးေန႔ ေရာက္တဲ့အခ်ိန္မွာ သူရ ေဆးလိပ္ျပတ္သြားခဲ့ပါၿပီ။


>>> ေဆးလိပ္ေသာက္ျခင္းသည္ က်န္းမာေရးကိုဆိုးရြားစြာထိခိုက္ေစပါသည္။<<<


(ေတြ႕ျမင္ ၾကားသိ တဲ့ အျဖစ္အပ်က္ေတြကို စုစည္း ေရးသားထားျခင္းပါ၊ တစံုတရာ တ္ုက္ဆိုင္မႈ ့မ်ားရွိပါက တိုက္ဆုိင္မႈ ့သာျဖစ္ပါေၾကာင္း)


ခ်စ္ျခင္းမ်ားစြာျဖင့္


ကသမန

 
 
 

댓글


bottom of page