Q&A on Coronaviruses (Covid-19) အမေးများတဲ့ မေးခွန်း (Part : 3)
- ကသမန
- May 7, 2020
- 1 min read

Q. ကိုရိုနာဗိုင်းရပ်စ်ဟာ ဖိနပ်တွေကနေတဆင့် ကူးပြောင်းနိုင်ပါသလား? ကြမ်းပြင်မှာ လေးဘက်သွားနေတဲ့ ကလေးတွေကို ဘယ်လိုကာကွယ်ရမလဲ?
ကူးပြောင်းနိုင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ ဖိနပ်အောက်ခြေမှာ ကပ်နေနိုင်ပါတယ်။ ဒါပေမဲ့ ဖိနပ်ကနေ ကူးစက်နိုင်ခြေတော့ နည်းနိုင်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုနဲ့ ပတ်သတ်ပြီး ဝူဟန်မြို့မှာလေ့လာထားတဲ့ အစီရင်ခံစာတစ်ခုအကြောင်း ရောဂါကာကွယ် ထိန်းချုပ်ရေး CDC ကဖော်ပြထားပါတယ်။ ဆေးဝန်ထမ်းတွေရဲ့ ဖိနပ်အောက်ခြေကို လေ့လာခဲ့ကြတာပါ။
အဲ့ဒီ့လေ့လာချက်အရ ဗိုင်းရပ်စ်ဟာ ကြမ်းပြင်တွေ၊ ကွန်ပြူတာ mouse တွေ၊ အမှိုက်ပုံးတွေနဲ့ တံခါးလက်ကိုင်တွေမှာ အများအပြားရှိနေတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။ ဒီအချက်ဟာ အရေးကြီးပါတယ်။ ဗိုင်းရပ်စ်ဟာ ဆေးရုံရဲ့ အရေးပေါ်ဌာနလို နေရာမှာ အများကြီး ရှိနိုင်တာမျိုးပါ။
ဒါကြောင့် ဖိနပ်အောက်ခြေမှာ ဗိုင်းရပ်ကရှိနေနိုင်ပါတယ်။ ဒါပေမဲ့ ကူးစက်နိုင်ခြေနည်းပါတယ်။ အကြောင်းက လူတွေဟာ ဖိနပ်အောက်ခြေကိုကိုင်ပြီး မျက်နှာကိုထိတာမျိုး လုပ်လေ့လုပ်ထမရှိလို့ပါ။
သင့်မှာ လေးဘက်ထောက်သွားတဲ့ ကလေးတွေ၊ ကြမ်းပြင်ကို ထိတွေ့မှုရှိတဲ့ အရွယ်တွေရှိရင်တော့ အိမ်ပြန်ရောက်ချင်း ဖိနပ်ကိုချွတ်ထားပြီး ကိုရိုနာဗိုင်းရပ်နဲ့ ဘက်တီးရီးယားပိုးတွေကို ကြမ်းပေါ် မပြန့်နှံ့အောင် ကာကွယ်ဖို့ အကြံပေးပါတယ်။
Q. လက္ခဏာမပြတဲ့ ကိုရိုနာဗိုင်းရပ်စ်ရှိသူဆီကနေ နှာမချေ၊ ခေါင်းမဆိုးပဲ တခြားသူတွေကို ဘယ်လိုကူးစက်နိုင်ပါသလဲ?
ရောဂါလက္ခဏာမပြတဲ့ သူတွေဆီကတဆင့် ကိုရိုနာဗိုင်းရပ်စ်ဟာ အလွယ်ပျံ့နှံ့နိုင်ပါတယ်။ သင်စကားပြောတဲ့ အခါထွက်လာတဲ့ တံတွေ့အနညးငယ်ရှိပါတယ်။ နှာခေါင်းကို ပွတ်တာ၊ ပါးစပ်ကိုကိုင်တွယ်မိတာ၊ မျက်လုံးကို ပွတ်မိတာတွေပါ၊ ပြီးတော့ မျက်နှာပြင်တစ်ခုခုကို လက်နဲ့ထိတွေမိမယ်။ အဲ့ဒီ့လိုနည်းလမ်းနဲ့ ဗိုင်းရပ်စ်ဟာ ရောဂါလက္ခဏာမပြတဲ့ သူဆီကနေ ပျံ့နှံ့နိုင်ပါတယ်။
Q. ပိုက်ဆံကိုင်တွယ်တာကနေ ကိုရိုနာဗိုင်းရပ်စ်ကူးနိုင်ပါသလား?
ဗိုင်းရပ်စ်တွေဟာ ပိုက်ဆံအပါအဝင် အရာဝတ္ထုတွေ မျက်နှာပြင်တွေမှာ နေနိုင်ပါတယ်။ ဒါပေမဲ့လဲ COVID-19 ကို ပိုက်ဆံကနေ ကူးစက်နိုင်ဖို့တော့ အခွင့်အလမ်းနည်းပါတယ်။
အခုကိုရိုနာဗိုင်းရပ်စ်အသစ်ဟာ စတီးနဲ့ ပလပ်စတစ် မျက်နှာပြင်ပေါ်မှာ ၇၂ နာရီကြာအောင် နေနိုင်ပါတယ်။ ကတ်ထူစက္ကူပေါ်မှာ ၂၄ နာရီနေနိုင်ပါတယ်။ ကြေးနီပေါ်မှာ ၄ နာရီနေနိုင်တယ်လို့ အမေရိကန် အမျိုးသားကျန်းမှာရေးဌာနက လေ့လာချက်အရ သိရပါတယ်။
ဒါဆို သင့်ကိုယ်သင် ဘယ်လိုကာကွယ်မလဲ? တိုက်ရိုက်ထိတွေ ငွေပေးချေတာမျိုးကို တက်နိုင်သေလာက် ရှောင်ကျဥ်ပါ။
သန့်ရှင်းရလွယ်တဲ့ ငွေပေးချေကဒ်တွေကို သုံးပါ။ ဒါပေမဲ့ ငွေပေးချေကဒ်တွေကို ထိတွေ့မိသူတိုင်းက ဗိုင်းရပ်စ်ကို ကဒ်ပြားပေါ် ချန်ထားခဲ့နိုင်တာကို သတိပြုပါ။
မဖြစ်မနေ ပိုက်ဆံကို ကိုင်တွယ်ရမယ်ဆိုရင်တော့ လက်ကို ဆပ်ပြာ၊ ရေတို့နဲံ သေချာဆေးပါ၊ မျက်နှာကို ထိတွေ့ကိုင်တွယ်တာကို ရှောင်ရှားပါ။
Q. တချို့သွေးအမျိုးအစားတွေဟာ တခြားသွေးအမျိုးအစားတွေထက် ကိုရိုနာဗိုင်းရပ်စ်ကို ပိုပြီးခုခံနိုင်ပါသလား?
အခု အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ ဗိုင်းရပ်စ် အပါအဝင် တခြားကိုရိုနာဗိုင်းရပ်စ်အမျိုးအစား အားလုံးကတော့ သွေးအမျိုးအစားနဲ့ မဆိုင်ပါဘူးလို့ WHO က ပြောထားပါတယ်။ လူတိုင်း ကူးစက်နိုင်ပါတယ်။ အခုဗိုင်းရပ်စ်ဟာ အသစ်ဖြစ်တာကြောင့် ကိုယ်ခံအားကို တည်ဆောက်မရနိုင်သေးတာပါ။
Q. ကိုရိုနာဗိုင်းရပ်စ်ကို အစားအသောက်ကနေ ကူးနိုင်ပါသလား? စားသောက်ဆိုင်တွေက သယ်လာတဲ့ အစားအသောက်တွေက စိတ်ချရရဲ့လား?
ကိုရိုနားဗိုင်းရပ်စ်ဟာ အစားအသောက်ကနေ ကူးစက်တယ်ဆိုတဲ့ အထောက်အ ထားတော့ မရှိသေးဘူးလို့ ရောဂါကာကွယ် ထိန်းချုပ်ရေး CDC ကပြောပါတယ်။
တကယ်လို့ ကိုရိုနာဗိုင်းရပ်စ်ဟာ အစားအသောက်ထဲက ပါခဲ့ရင်တောင် သင့်အစာအိမ်ထဲက အစာခြေရည်ကြောင့် ပျက်စီးစေနိုင်ပါတယ်။
အစားသောက် အပူပဲဖြစ်ဖြစ် အအေးပဲဖြစ်ဖြစ် စားလိုက်တာနဲ့ အစာအိမ်ထဲ တန်းရောက်သွားတာပါ။ အစာခြေရည်ဟာ အက်စစ်ဓာတ်အပြင်းစားဖြစ်တာကြောင့် ဗိုင်းရပ်စ်ကို သေစေပါတယ်။
ဒါပေမဲ့ လူတွေဟာ ကိုယ့်မျက်နှာကို အမှုမဲအမှတ်မဲ့ ထိတွေ့တက်ပါတယ်။ ဒါကြောင့် အစားအစာကို ဗူးတို့ အိတ်တို့ထဲက ဖောက်ပြီးသွားရင်တော့ လက်ကိုသေချာဆေးဖို့ အကြံပြုလိုပါတယ်။
Comentarios