top of page

Q&A on Coronaviruses(Covid-19) အမေးများတဲ့ မေးခွန်း (Part : 5)




Q. အများပြည်သူ သယ်ယူပို့ဆောင်ရေးကို ရှောင်ရှားသင့်လား?

အများပြည်သူသယ်ယူပို့ဆောင်ရေး စနစ်အပေါ် အားထားနေရတယ်ဆိုရင်တော့ ဂရုတစိုက်ရှိဖို့လိုပါတယ်။ တကယ်လို့ သင်ဟာဖျားနေတယ် ဒါမှမဟုတ် ဗိုင်းရပ်စ်တွေ့ထားတဲ့နေရာမှာနေတယ်ဆိုရင်တော့ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို ရှောင်ရှားသင့်ပါတယ်။

လူအများအပြားနဲ့ ထိတွေ့နိုင်တဲ့နေရာတွေဟာ သင့်ကို ဗိုင်းရပ်စ်ကူးစက်နိုင်ခြေပိုများပါတယ်။ တကယ်လို့ ဘတ်စ်ကားစီးတယ်ဆိုရင် နှာချေချောင်းဆိုးတဲ့အခါမှာ တံတောင်ဆစ်နဲ့ကွယ်ထားပါ။ ကားက တန်းနဲ့ကွင်းတွေကိုင်ထဲအခါမှာ တစ်ရှူးကိုသုံးပါ။ လိုက်ပါစီးနင်းစဥ်မှာ သင့်မျက်နှာကို ထိတွေ့မိတာကို ရှောင်ပါ။ လက်သန့်ဆေးရည်ကို အသုံးပြုပါ။

အပြင်မထွက်ခင်နဲ့ အပြင်မှာရှိနေစဥ်နဲ့ ပြန်ရောက်တိုင်း လက်ကို မကြာခဏဆေးပေးပါ။

ကားမှတ်တိုင်လိုနေရာမျိုးမှာ စောင့်ဆိုင်းရင် တခြားသူတွေနဲ့ ၆ ပေအကွာမှာနေပါ။

တကယ်လို့ သင်မှာ နာတာရှည်ရောဂါမျိုးရှိရင်၊ တခြားသယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုပါ၊ လူထူတဲ့ သယ်ယူပို့ဆောင်ရေး စနစ်ဟာ သင့်ကို ကူးစက်နိုင်ခြေ သိသိသာသာပိုများစေပါတယ်။

Q. ကိုရိုနာဗိုင်းရပ်စ်ဟာ ကိုယ်ဝန်သည်အမျိုးသမီးတွေကို အန္တရာယ်ရှိစေလား?


အတိုချုုံးပြောရရင်တော့ အဲ့ဒီ့မေးခွန်းအတွက် လုံလောက်တဲ့ အချက်အလက်မရှိသေးပါဘူး။ ဒီဗိုင်းရပ်စ်ဟာ ပေါ်တာမကြာသေးလို့ပါ။

ကိုယ်ဝန်ဆောင်စဥ်ကာလမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့မိခင်ကနေ အချိန်မတိုင်ပဲ မွေးထားတာမျိုးတော့ မှတ်တမ်းရထားဖူးတယ်လို့ CDC က ပြောထားပါသေးတယ်။ အဲ့ဒီ့ရလဒ်ဟာ မိခင်မှာ ကူးစက်ခံထားရတာနဲ့ သက်ဆိုင်မှုရှိမရှိမသေချာသလို၊ နောက်ဆက်တွဲ အကျိုးဆက်တွေလဲ သေချာမသိရသေးပါဘူး။

Q. အသက်အရွယ်ကြီးသူတွေဆိုတာ ဘယ်အပိုင်းအခြားကို ခေါ်ပါသလဲ?


ကိုရိုနာဗိုင်းရပ်စ်ဟာ အသက်ကြီးသူတွေကို ဖျားနာမှုပိုပြင်းထန်နိုင်ပါတယ်။

အသက် ၆၀ အထက်သူတိုင်းဟာ လူထူတဲ့နေရာတွေကို ရှောင်ရှားသင့်ပါတယ်။ ဥပမာ ရုပ်ရှင်ရုံ၊ ဈေးဝယ်စင်တာနဲ့ ဘာသာရေးအခမ်းအနားလိုနေရာတွေပါ။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသက်ဆုံးရှူံးနိုင်ချေများတဲ့ ပျမ်းမျှအရွယ်ကတော့ အသက် ၈၀ ပါ။ ဒါပေမဲ့ အသက် ၆၀ အရွယ်ကစပြီး ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်တာပါ။

Q. ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ?


ဖျားနာတာ၊ ချောင်းခြောက်ဆိုးတာနဲ့ အသက်ရှူရခက်ခဲတာတွေပါ။

ရောဂါလက္ခဏာ တွေဟာ ၂ ရက်ကနေ ၂ ပတ်အတွင်း ပြသနိုင်ပါတယ်။ ဒါပေမဲ့ တချို့သူတွေမှာ ရောဂါလက္ခဏာလုံးဝမပြပဲ တခြားသူတွေကို မသိလိုက်ပဲ ဆက်ပြီးကူးစက်တာမျိုးဖြစ်နိုင်ပါတယ်။

ဖျားနာတာကို ခံစားရတဲ့ အတိုင်းအတာ ကွဲပြားမှုရှိပါတယ်။ တချို့လူနာတွေကတော့ အိမ်မှာပဲသီးသန့်ခွဲခြားနေပြီး ပျောက်ကင်းသွားတာလဲ ရှိပါတယ်။

Q. ကိုရိုနာကူးစက်ထားသူကို ပြုစုလို့ရမဲ့ လုံခြုံစိတ်ချတဲ့နည်းလမ်းက ဘယ်လိုပါလဲ?


သင်ရဲ့ မိသားစုဝင်တွေထဲက တစ်ယောက်ယောက်ဟာ ဖျားနာရင် ဒါဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်လား? ပုံမှန်ဖျားနာမှုလားဆိုတာကို သိဖို့ခက်ပါတယ်။ အဲဒီ့အခါမှာ သင်ကိုယ်တိုင်မကူးစက်ဖို့လဲ သတိပြုရမှာပါ။

ဒါကြောင့် ဖျားနာသူကို ဖြစ်နိုင်ရင် သီးသန့်အခန်းနဲ့ထားပါ၊ အခန်းတံခါးကို ပိတ်ထားပါ။

လူတစ်ယောက်ကပဲ ဖျားနာနေတဲ့သူကို ပြုစုပေးပါ။

ဖျားနာသူကို mask တပ်ထားဖို့ တိုက်တွန်းပါ။ mask ဟာ အသက်ရှူရတဲ့ အခက်အခဲမျိုးရှိခဲ့ရင် ပြုစုသူအနေနဲ့ mask သုံးသင့်ပါတယ်။


 
 
 

Comments


bottom of page