Hope ရယ် Goal ရယ် Strategy ရယ် ရဲ့အား "The Pursuit of happiness"
- ကသမန
- May 11, 2020
- 1 min read

ကိုဗစ်ကာလမှာ ကိုယ့်ဟာကိုယ် မွဲနေပြီ ဒုက္ခရောက်ရပြီလို့ တွေးမိ ခံစားမိတဲ့ ဘော်ဒါအားလုံး ဒီရုပ်ရှင်ကြည့်ကြပါ। ကြည့်ပြီးသူများလည်းထပ်ကြည့်ကြပါ။
ကိုယ့်ဟာကိုယ် အဆင်ပြေမနေရတဲ့ကြားထဲကွာလို့ပြောကြရင်လည်းပြောကြပါ။
ဟုတ်တယ် အစကအဆုံးနီးပါး ဇာတ်ကောင် Chris Gardner မွဲချက်ကမြင်မကောင်းဘူး။
အဆင်မပြေတာရယ်
ကံဆိုးတာရယ်
ကြားရုန်းရတာရုန်းရတာ သူ့ကြည့်ရင်းကိုယ်ပါမောမောလာတယ်။
ကိုယ်တွေအခု အလုပ်အကိုင်တွေခက်ခဲ နေတယ်ဆိုတာ ဘာဟုတ်သေးလဲ.. ပေးစရာတွေရှိနေသေးတာဘာဟုတ်သေးလဲ။
ဒါနဲ့ ဒီလောက်ဖွတ်ထက်တောင်မွဲတဲ့ စိတ်ချမ်းသာစရာတစ်စက်မှမရှိတဲ့ရုပ်ရှင်ဘာလို့ကြည့်ခိုင်းနေလည်းဆို
ကြည့်ကြည့်ပါ ကြည့်ပြီး ရုပ်ရှင်ကပေးတာစိတ်ပျက်စရာ စိတ်ညစ်စရာလား
အဲ့ဒါရဲ့ပြောင်းပြန်လားဆိုတာသိရစေတဲ့ ဇာတ်ဝင်ခန်းတစ်ခန်းရောက်ရင်သိသွားကြပါလိမ့်မယ်။
ကိုယ်ပါ ကြည်နူးလို့ငိုချင်ချင်ဖြစ်အောင် သ
ရုပ်ဆောင်နိုင်တဲ့ Will Smith ကြီးလုပ်ပြတာကြည့်ကြည့်ပါ။
Hope ဆိုတာရယ် Goal ရယ် Strategy ရယ် ရဲ့အားတွေတွေ့ရမှာပါ။
လေမရှည်တော့ဘူးဗျာ ၂ နာရီ နီးပါးအချိန်ပေးရပေမဲ့ ထိုင်မွဲနေကြမဲ့အတူ အရောင်လေးဘာလေးထွက်လာဖို့ ကြည့်ပြီးအားယူကြပါစို့။
"The Pursuit of happiness"
Directed by Gabriele Muccino
အရောင်တွေပြန်တင်နိုင်ကြပါစေဗျာ
ချစ်ခင်လျက်
ကသမန
( You can watch on "Go Movies" )
Comments