top of page

Bill Gates နဲ့ CNN သတင်းဌာန အမေးအဖြေ for Covid-19



အမေရိကန်ပြည်ထောင်စုမှာ ဗိုင်းရပ်စပ်ကြောင့် ကန့်သတ်ချက်တွေကို ဘယ်လို ဘေးကင်းအောင် ဖြေလျော့နိုင်မလဲဆိုတဲ့ အပေါ် Bill Gates နဲ့ အမေးအဖြေ


အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံတဲ့အပေါ် တားမြစ်ချက်တွေကို ထိထိရောက်ရောက် လုံခြုံစိတ်ချအောင်ရအောင် ဖယ်ရှားနိုင်ဖို့က ရောဂါစစ်ဆေးမှုကို အင်တိုက်အားတိုက်လုပ်ဆောင်ဖို့နဲ့ ကူးစက်မှုအသစ်တွေကို ခြေရာခံနိုင်တဲ့စွမ်းရည်ကလဲ အရေးပါတဲ့အချက်ဖြစ်တယ်လို့ Bill Gates ကပြောလိုက်ပါတယ်။


အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်အများစုမှာ လူမှုအကွာအဝေးထားတာနဲ့ အိမ်ထဲမှာပဲ နေထိုင်တာကို ဖြေလျော့တော့မယ်ဆိုတဲ့ အပေါ် Bill Gates က မှတ်ချက်ပေးခဲ့တာပါ။ ကျန်းမာရေးသုတေသန ပြုလုပ်နေသူတွေကတော့ မေလ (၁) ရက်နေ့မတိုင်ခင် ပြည်နယ်တွေကို မဖွင့်သင့်ဘူးလို့ သတိပေးနေဆဲပါ။ အခုလို အခြေအနေအတွင်းမှာပဲ အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁ သန်းနီးပါးရှိလာနေပြီး အမေရိကန် ၅၄,၀၀၀ ကျော်သေဆုံးထားပါတယ်။


မိုက်ခရိုဆော့ဖ့်ရဲ့ တည်ထောင်သူ Gates ဟာ ကမ္ဘာ့ကပ်ရောဂါအပေါ် နှစ်နဲ့ချီလေ့လာထားခဲ့ပြီး အခုကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးမှာ ပါဝင်လာခဲ့တာပါ။ တချို့နေရာငယ်လေးတွေကို တားမြစ်ချက်တွေ ပြန်ဖယ်ပြီး ဖွင့်လှစ်ပေးလို့ ကြုံရတဲ့ အသေးစားပျံ့နှံ့မှုတွေလောက်တော့ ကိစ္စမရှိပါဘူးလို့ Gates ကသတိပေးခဲ့ပါတယ်။


လူအများစုကတော့ တိုင်းပြည်ကို မကြာခင်ပြန်ဖွင့်လှစ်ပေးလိုက်လို့ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုဟာ ဒုတိယလှိုင်းအဖြစ် ကူးစက်လာရင် အရင်လို အသက်ဆုံးရှူံးမှုများမှာကို စိုးရိမ်နေကြပါတယ်။ အမေရိကအနေနဲ့ကတော့ ဗိုင်းရပ်စ်ကြောင့် တားမြစ်ပိတ်ဆို့ထားရလို့ စီးပွားရေးအကျပ်အတည်းကို ပြန်လည်ကုစားရမှာနဲ့ ထပ်ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ချိန်ညှိကိုညှိရမှာပါ။


Bill Gates ကတော့ တကယ်လို့ ပြန်ဖွင့်တာနဲ့ ဗိုင်းရပ်စ်ကူးစက်တာက ပြန်ဖြစ်လာမှာပဲ၊ အနည်းဆုံးတော့ နယူးယောခ့် တစ်ခုလုံးပျံ့နှံ့မှာပါပဲ၊ ပြီးတော့ တခြားဖွင့်ထားတဲ့နေရာတွေကို လူတွေဟာသွားလာခွင့် ပြုလိုက်တာနဲ့ နိုင်ငံအနှံ့ကူးတော့မှာပါ၊ ဒါဆို ပြန်လည်ကုစားဖို့က နှေးကွေးလာမှာပါလို့ ဆိုပါတယ်။



ဘယ်လိုပြန်ဖွင့်ကြမလဲ?


အောင်အောင်မြင်မြင် ပြန်ဖွင့်နိုင်ဖို့ အဆင့်ဆင့်လုပ်ရမှာပါ၊ ကျန်းမာရေးနဲ့ စီးပွားရေးကျွမ်းကျင်သူတွရဲ့ ထောက်ခံလမ်းညွှန်ချက်တွေနဲ့ လုပ်ရမှာပါ၊ ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ရဲ့ လမ်းညွှန်ချက်လဲ လိုပါတယ်လို့ Gates ကပြောပါတယ်။ လူ့အသိုင်းအဝိုင်းအတွင်းမှာ ဘယ်အပိုင်းတွေကတော့ မဖြစ်မနေပြန်လည်ပတ်ဖို့လို့တယ်၊ ဘေးကင်းလုံခြုံရေး အစီအစဥ်တွေ အကောင်အထည်ဖော်ဖို့ ရောဂါစစ်ဆေးတာတွေ၊ တစ်ဦိးနဲ့တစ်ဦိး ဆက်သယ်မှုတွေကို ခြေရာခံနားလည်နိုင်တာမျိုးတွေကို သေသေချာချာ ဝေဖန်စဥ်းစားဖိို့လိုပါတယ်၊ ဒီအချက်တွေကသာ ဗိုင်းရပ်ပျံ့နှံတာကို နားလည်ထိန်းချုပ်နိုင်မှာလို့ ဆိုပါတယ်။


ကျတော်တို့ မသိကြတာက တဖြည်းဖြည်းချင်း အရင်တိုင်းဖြစ်အောင် ပြန်လုပ်ဖို့ဆိုရင် ဘယ်လုပ်ရပ်တွေက ထိရောက်မလဲဆိုတာပါ။ ကူးစက်မှုအများဆုံးနေရာတွေကို ထိထိရောက်ရောက်ကိုင်တွယ်ဖို့ လိုအပ်ပါတယ်၊ အရေးပေါ်ကြပ်မတ်ကုသဆောင်တွေမှာ လူတွေပြည့်လာပြီး သေဆုံးသူတွေများလာတဲ့အထိ စောင့်မနေပဲ အလျင်အမြန် ဘယ်နေရာတွေမှာ ဖြစ်နေလဲဆိုတာ စစ်ဆေးကုသနိုင်မှာသာ ထိရောက်ပါလိမ့်မယ် လို့ Gates ကပြောပါတယ်။


ကျန်းမာရေးနဲ့ စီးပွာရေးကျွမ်းကျင်သူတွေကတော့ အမေရိကန်ရဲ့ စီးပွားရေးပြန်လည်ပတ်နိုင်ဖို့အတွက် တားမြစ်ကန့်သတ်ချက်တွေကို ဘေးကင်းလုံခြုံစွာ ပြန်မဖွင့်နိုင်ခင် သန်းနဲ့ချီတဲ့ ရောဂါရှာဖွေစစ်ဆေးတာတွေ လုပ်ရမယ်လို့ အကြံပြုထားပါတယ်။


ရောဂါရှာဖွေရေးစက်နဲ့ နည်းလမ်းအသစ်ကတော့ အမေရိကန်ကို မကြာခင်ရောက်လာတော့မှာ ဖြစ်ပြိး တစ်ရက်ကို လူပေါ်င်း ၄ သိန်းကနေ ၅ သိန်းအတွင်း စစ်ပေးနိုင်တော့မှာဖြစ်ပြီး ဒါဟာ ရောဂါကို ခြေရာခံနိုင်ဖို့ လုံလောက်ရုံပါပဲလို့ Gates က ပြောပါတယ်။


အိမ်ဖြူတော် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအဖွဲ့ဝင် ဒေါက်တာ အန်တိုနီ ဖောက်စီရဲ့ ပြောကြားချက်အရ တစ်ပတ်အတွင်း လူဦိးရေ ၁ သန်းခွဲကနေ ၂ သန်းအထိ စစ်ဆေးပေးနိုင်မယ့် စွမ်းရည်ရှိပြီး နောက်ပိုင်းမှာ ၂ ဆတိုးစစ်လာနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ အခုထိတော့ အမေရိကန်ပြည်ထောင်စုမှာ လူပေါင်း ၄ သန်းလောက်ကို စစ်ဆေးရဖို့ရှိပါတယ်။


အမေရိကန်ပြည်ထောင်စုမှာ အခုစစ်ဆေးတဲ့ ရလဒ်တွေဟာ စစ်ဆေးရတဲ့ အရေအတွက်နဲ့ စနစ်ပိုင်းမှာ အမှားအယွင်းတွေ ရှိနေပါတယ်။ စစ်ဆေးချက်ပြတ်လပ်တာတွေ၊ ဘယ်သူတွေက တာဝန်ယူလုပ်ဆောင်နိုင်မလဲဆိုတာရယ်၊ ရလဒ်တွေကို ၂၄ နာရီထက်ပိုစောင့်ဆိုင်းရတာတွေပါလို့ Gates ကပြောထားပါတယ်။


စစ်ဆေးတာနဲ့ ခြေရာခံတဲ့ အပိုင်းမှာ တိုးတက်လာရင် စီးပွားရေးအတွက် ပြန်လည်ခွင့်ပြုတာတွေ လုပ်လို့ရမှာပါလို့ ဆိုပါတယ်။ ဘယ်အပိုင်းတွေကို ဦးစားပေးရမယ်ဆိုတဲ့ အပေါ်မှာတော့ ကျတော်တို့ နည်းနည်း တုံးအပါတယ်လို့ ပြောပါတယ်။


သောကြာနေ့က ဂျော်ဂျီယာပြည်နယ်ရဲ့ အုပ်ချုပ်သူက ဆံပင်အလှပြင်ဆိုင်တွေ၊ တက်တူထိုးပေးတဲ့နေရာတွေ၊ အားကစားရုံတွေ၊ ဘောလိန်းကစားတဲ့နေရာတွေကို ပြန်ဖွင့်ခွင့်ပေးခဲ့ပါတယ်။ လူမှုအကွာအဝေးထားနေရမယ်၊ ရောဂါဖြစ်ပွားသူတွေကို စစ်ဆေးခွဲခြားထားရမယ်ဆိုတဲ့ သတိပေးချက်တွေတော့ ရှိပေမဲ့ ကျန်းမာရေးသုတေသနလုပ်သူတွေ သတိပေးနေတဲ့ကြားက ကန့်သတ်ချက်တွေ ဖြေလျော့ခဲ့တာပါ။ ပြည်နယ်အများစုမှာ အခုလိုပြန်ခွင့်ပြုခဲ့တာဖြစ်ပြီး၊ ကော်လိုရာဒို၊ အိုကလာဟိုးမား၊ မွန်တားနား ပြည်နယ်တို့မှာလည်း အဲဒီ့လိုလိုက်လုပ်ဖို့ တာဆူနေပါတယ်။


Gates ကတော့ အခုလို အဆင့်လိုက်ပြန်ဖြေလျော့မယ်ဆိုရင် စီးပွားရေးအတွက် အရေးပါတဲ့အပိုင်းတွေဖြစ်တဲ့ ကျောင်းတွေ၊ ကုတ်ထုတ်လုပ်မှုတွေ၊ ဆောက်လုပ်ရေး လိုမျိုးတွေဖြစ်သင့်တယ်လို့ ဆိုပါတယ်။ အဲလို့နေရာတွေမှာ နှာခေါင်းစည်း မျက်နှာစည်းသုံးတာ၊ လူမှုအကွာအဝေးထားတာတွေနဲ့ ဘယ်လိုအလုပ်ဖြစ်အောင်လုပ်ရမလဲဆိုတာ လိုပါတယ်။ စာသင်ကျောင်းနဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပတ်လာပြီဆိုရင် ရောဂါပျံ့နှံနှုန်းကို ဆက်ပြီးခြေရာခံနေသင့်တယ်လို့ ပြောပါတယ်။


ဒါကလည်း အချိန်ပေးလုပ်ဆောင်ရမှာပါ။


မညီမျှတွေဟာ ပညာရေးမှာ ပိုကြီးလာနေတာပါ၊ တကယ်လို့ အခြေခံကျောင်းတွေမှာ ဘယ်လိုဆောင်ရွက်ရမလဲ သိပြီဆိုရင်၊ နောက်တစ်ဆင့်တက်နိုင်ပါပြီလို့ဆိုပါတယ်။



ဆက်လက်ကာကွယ်တာဆီးရေးအစီအမံများ


ဗိုင်းရပ်စ်အရေးမှာ ဂရုတစိုက်စီမံခန့်ခွဲနှိင်ဖို့က အရေးပါပါတယ်။ ကိုရိုနာဗိုင်းရပ်အတွက်ဆေးကို အမြောက်အမြားထုတ်နိုင်ဖို့ ၁ နှစ်ကနေ ၂ နှစ်လောက်အထိကြာနိုင်ပါတယ်လို့ Gates ကပြောပါတယ်။ သမ္မတ ထရမ့် အစိုးရကတော့ ၁ နှစ်ကနေ ၁ နှစ်ခွဲလောက်ကြာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကတော့ သိပ်မြန်လွန်းတယ်လို့ တကယ်လုပ်ဆောင်နေသူတွေက ပြောပါတယ်။


ဆေးထုတ်လုပ်မှုကို ခွင့်ပြုထားပြီဆိုပေမဲ့ အဆင့် ၃ ဖြစ်တဲ့ ဆေးရဲ့ ဆိုကျိုးသက်ရောက်မှုကို စစ်ဆေးရတာက အချိန်ယူရပါတယ်လို့ Gates ကပြောပါတယ်။


ကပ်ရောဂါနဲ့ ပတ်သက်ပြီ Bill Gates ကို အမြတ်ထုတ်နေတဲ့ဆိုတဲ့ ပြောဆိုချက်အပေါ်လဲ သူက မှတ်ချက်ပေးခဲ့ပါတယ်။ Bill Gates ရဲ့ ဖောင်ဒေးရှင်းအနေဟာ ဆယ်စုနှစ်နဲ့ချီပြီး ရောဂါဆိုးတွေကိုကာကွယ်နိုင်ဖို့အတွက် ဦးဆောင်ပြီး သုတေသနလုပ်ငန်းတွေလုပ်ခဲ့တလို ရံပုံငွေတွေကို အသုံးပြုခဲ့တာပါ၊ ဒါကြောင့် အဲ့လိုစွပ်စွဲချက်တွေဟာ အဓိပ္ပါယ်ရှိတယ်လို့ လူအများအပြားယုံကြည်မယ်လို့ သူမယုံကြည်ဘူးလို့ဆိုပါတယ်။


ကိုရိုနာဗိုင်းရပ်စ်အရေးမှာလဲ ကျတော့်အနေနဲ့ လူအများအပြားမကြာခင်မှာ နားလည်လာကြမှာပါလို့ Bill Gates ကပြောခဲ့ပါတယ်ဗျာ။


ဒါကတော့ CNN သတင်းဌာနက အမေးအဖြေကို ဆီလျော်အောင်ဖော်ပြခဲ့တာပါ။


 
 
 

Comments


bottom of page