Q&A on Coronaviruses (Covid-19) အမေးများတဲ့ မေးခွန်း (Part : 4)
- ကသမန
- May 10, 2020
- 1 min read

Q. ဆပ်ပြာဟာ ကိုရိုနာဗိုင်းရပ်စ်ကို ဘယ်လိုသေစေတာလဲ? ပိုးသန့်စင်ပေးတဲ့ အဝတ်လို့ပစ္စည်းမရှိရရင် ဆပ်ပြာနဲ့ရေကို သုံးပြီး မျက်နှာပြင်တွေကို သန့်ရှင်းလို့ရပါသလား?
ဟုတ်ကဲ့ ရပါတယ်၊ ဆပ်ပြာနဲ့ရေကို သုံးပြီး လက်ဆေးသလိုမျိုးနဲ့ပဲ ကိုရိုနာဗိုင်းရပ်စ်ကို သေစေနိုင်ပါတယ်။ ရေတစ်မျိုးထဲ သုံးတာကတော့ အထောက်အကူမပြုပါဘူး။
ဗိုင်းရပ်စ်ရဲ့ အပြင်ဘက်အလွှာဟာ အဆီလွှာဖြစ်ပါတယ်။ အဲ့ဒီ့အဆီလွှာပျက်ဆီးသွားရင် ဗိုင်းရပ်စ်ကို သေစေတာပါ။
တနည်းပြောရရင် ထောပတ်ဆီပေနေတဲ့ ပန်းကန်လိုပါပဲ။
ဆီပေနေတဲ့ ပန်းကန်ကို ရေတစ်မျိုးထဲနဲ့ ဆေးလို့မပြောင်နိုင်ပါဘူး။ ဆပ်ပြာကိုသုံးရမှာပါ။ ဆပ်ပြာနဲ့ အယ်လ်ကိုဟောဟာ အဆီလိုအရာတွေကို သန့်ရှင်းဖို့ အရမ်းကို အထောက်အကူပြုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရဲ့ အဆီလွှာပျက်သွားရင် ဗိုင်းရပ်စ်ဟာပျက်စီးသွားတဲ့အတွက် လူရဲ့ဆဲလ်နဲ့ မပူးကပ်နိုင်တော့ပါဘူး။
Q. ကိုရိုနာဗိုင်းရပ်စ်ဟာ ဆံပင်နဲ့ မုတ်ဆိတ်နှုတ်ခမ်းမွှေးတွေမှာ နေနိုင်ပါသလား?
နေနိုင်ပါတယ်။ ပိုးကပ်ညှိနေနိုင်တဲ့ အမွှေးအမျှင်တွေကို ကိုင်တွယ်မိပြီး ပါးစပ်၊ မျက်လုံးနဲ့ နားခေါင်းတို့ကို ကိုင်တယ်မိရင် ကူးစက်နိုင်ခြေများပါတယ်။ အဲ့လို့မဖြစ်ရအောင် ဆံပင်နဲ့ အမွှေးအမျှင်တွေကို ဆပ်ပြာ၊ ရေတို့နဲ့ လက်ဆေးသလို သန့်ရှင်းအောင်ထားဖို့လိုပါတယ်။
သင့်အရေပြားပေါ်မှာလဲ ကိုရိုနားဗိုင်းရပ်စ်ဟာ ကပ်ပါလာနိုင်လို့ သေချာဆေးကြောဖို့လိုပါတယ်။
Q. အိမ်တွင်းသုံးတဲ့ ဆေးမြီးတိုတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကုသတားဆီးနိုင်တယ်ဆိုတာ ဟုတ်ပါသလား?
အဲ့လိုပျောက်ကင်းနိုင်တဲ့ အထောက်အထားမရှိပါဘူး။ ကြက်သွန်ဖြူစားတာ၊ ရေကို ၁၅ မိနစ်ခြားတစ်ခါ သောက်တာ၊ ဗိုက်တာမင် စီကိုစားတာတွေဟာ ကိုရိုနားဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်ဆိုတဲ့ အထောက်အထား မရှိသေးတာပါ။
Q. ပိုးသန့်စင်ဆေးရည်တွေကို ခန္ဓာကိုယ်ပေါ်ဖြန်းတာမျိုးလုပ်သင့်သလား?
မလုပ်သင့်ပါဘူး။ တချို့ထုတ်ကုန်တွေဟာ မျက်နှာပြင်တွေပေါ်မှာ အလုပ်လုပ်တာဖြစ်ပေမဲ့ လူ့ကိုယ်ခန္ဓာကိုယ်ပေါ်မှာဆိုရင်တော့ အန္တရာယ်များပါတယ်။
အဲ့ဒီ့ ဓာတုပိုးသတ်ဆေးရည်တွေထဲမှာ အစွန်းချွတ်ဆေးတွေ၊ အီသနော ၇၅%၊ ပါရာဆက်တစ် အက်ဆစ် နဲ့ ကလိုရိုဖောင်းပါဝင်တာကြောင့် နံရံနဲ့ကြမ်းပြင်တွေလိုနေရာက ပိုးတွေကို သေစေပါတယ်။
ဒါပေမဲ့ ဗိုင်းရပ်စ်ဟာ ခန္ဓာကိုယ်ထဲ ရောက်နှင့်ပြီးသားဆိုရင် သင့်ကိုယ်ပေါ်ကို အဲ့လို့ဓာတုဆေးရည်တွေထိတွေ့တာဟာ ပိုးကိုမသေစေနိုင်ပါဘူးလို့ WHO ကပြောထားပါတယ်။ အဲ့ဒီ့ပိုးသန့်စင်ဆေးရည်တွေကို ခန္ဓာကိုယ်ထဲလဲ မထည့်သွင်းမိပါစေနဲ့လို့ သတိပေးထားပါတယ်။
Q. ကိုယ့်ကိုကိုယ် ဖျားနာပြီထင်ရင် ဘာလုပ်ရမလဲ?
အိမ်မှာပဲနေပါ။ ဆရာဝန်ကိုဖုန်းဆက်ပြီး ရောဂါခံစားနေရတဲ့ လက္ခဏာတွေကို ပြောပြပါ။ ဆေးခန်းပြနိုင်ဖို့ ချိန်းဆိုပါ။
Covid-19 ကတော့ စစ်ဆေးပြီးမှ သိနိုင်တာပါ။ သင့်မှာ Covid-19 ကူးစက်ခံရပြီလို့ထင်ရင်တော့ အိမ်မှာပဲ တစ်ဦးတည်းခွဲခြားနေထိုင်ပါ။
အိမ်ထဲမှာပဲနေရင်း ကိုရိုနာဗိုင်းရပ်စ်ပျောက်သွားတဲ့သူတွေ အများအပြားရှိပါတယ်။ ရောဂါကူးစက်ခံရပြီး ဖျားနာမှုအခြေအနေပိုဆိုးလားရင်တော့ ဆေးကုသစောင့်ရှောက်မှုကို ချက်ချင်းခံယူဖို့ လုပ်ပါ။ ဆေးရုံတက်ရဖို့ လိုအပ်နိုင်ပါတယ်။
ဒေသန္တရ ကျန်းမာရေးဌာနကိုဆက်သွယဖို့ သင့်ရဲ့ဆရာဝန်ကိုပြောဖို့လဲ လိုအပ်ပါတယ်။ ဒါမှသာ သင့်ရဲ့ဗိုင်းရပ်စ်ကူးစက်ခံထားရမှုအခြေအနေကို စောင့်ဆိုင်းကြည့်ရှူ့နိုင်မှာပါ။
Q. ကိုယ်ခံအားစနစ် အားနည်းနေရင် ခရီးသွားဖို့ အစီအစဥ်ဖျက်သင့်သလား?
ကိုယ်ခံအားစနစ်အားနည်းတဲ့ သူတွေမှာ ဖျားနာဖို့ပိုများပါတယ်။ တုပ်ကွေးဖြစ်ဖို့လည်း များနိုင်ပါတယ်။ ဖျားနာနေသူတွေကို ရှောင်ရှားဖို့က အရေးအကြီးဆုံးပါ။ ပုံမှန်ကျန်မားသူနဲ့ ကိုယ်ခံအားနည်းသူကြားမှာ ကူးစက်နိုင်ချေတော့ မကွာခြားပါဘူး။ ကိုယ်ခံအားနည်းသူကတော့ ဖျားနာတာကို ပိုပြီးပြင်းပြင်းထန်ထန် ခံစားရနိုင်တာပါ။
Commentaires