top of page

ကသမန point of view to " Bohemian Rhapsody "

Updated: Oct 11, 2020



" Bohemian Rhapsody " Directed by Bryan Singer

Biographical drama film about Freddie Mercury, the lead singer of the British rock band Queen. ဒီရုပ်ရှင်ကို ရုံတွေမှာတင်တဲ့အချိန်ကြည့်ဖိုကြိုးစားခဲ့ပြီး မကြည့်ဖြစ်ခဲ့တာ। အခု online ကကြည့်မိတော့ ကြိုက်တယ်। Trailer ကြည့်တည်းကကိုယ်ကြိုက်တတ်တဲ့ရုပ်ရှင်မျိုးဆိုတာသိတယ်။ ရုံမှာမကြည့်မိတာ သိပ်နာတာပဲ။

Biographical ရုပ်ရှင်အမျိုးစားဖြစ်တဲ့အပြင် တသ်ချိန်က လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ အဖွဲ့ရဲ့ ပင်တိုင်အဆိုရှင်အကြောင်းဆိုတော့ Based on true story ဆိုတာထက်တာဝန်ကြီးပြီး သတ္တိရှိရှိရေးရဲရိုက်ရဲမှရိုက်လို့ရမဲ့ဇာတ်။ ၂၀၁၀ တည်းကရိုက်ဖို့စီစဥ်ခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ၂၀၁၈ မှရိုက်ဖြစ်ခဲ့ပြီး နှစ်ကုန်ခါနီးမှာဖြန့်ချိခဲ့တယ်။ အစပိုင်းစီစဥ်တုန်းက Casting မှာ ယခုမင်းသား Rami Malek မဟုတ်ဘူး။ Sacha Baron Cohen က Freddie အဖြစ်သရုပ်ဆောင်မှာ။ ရိုက်ခါနီးမှ Rami Malek ပြောင်းလိုက်တာ Rami Malek အတွက်တကယ့်ကိုရှားပါးရတဲ့အခွင့်အရေးပဲ။ သူကလည်းထိုက်တန်စွာ Freddie အဖြစ်သရုပ်ဆောင်နိုင်ခဲ့တယ်။ ဒါရိုက်တာက Bryan Singer X-Men films တွေရိုက်ခဲ့တဲ့ Big Budget Superhero Films တွေလက်စွမ်းပြထားသူ။ ဒီရုပ်ရှင်ကိုတော့ Production budget $50 millions ပဲကုန်ကျပေမဲ့ $903 Millions grossing over ဖြစ်အောင်လက်စွမ်းပြအောင်မြင်ခဲ့တယ်။ ဒီရုပ်ရှင်ကြည့်မိတော့ အဓိကသဘောကျတာ Freddie အဖြစ်သရုပ်ဆောင်တဲ့ Rami သရုပ်ဆောင်တာ။ Freddie ရဲ့သူမတူထူးခြားတဲ့ ပုံစံ। အကျင့် ကိုပေါ်အောင်ပြနိုင်တယ်။ ဇာတ်ကတော့ Freddie ဘဝနဲ့ Queen Band ပေါက်ဖွားလာတာ। အောင်မြင်တာ। အကွဲအပြဲဖြစ်တာ। ပြန်ပြီး စည်းရုံးသွားတာ သိပ်ထူးထွေဆန်းပြားမှုမလိုပဲ လူတစ်ယောက်ရဲ့ Personal life ရယ် Band တစ်ခုရဲ့ဖြတ်သန်းမှုရယ်ပဲပါတာ။ ဒါပေမဲ့ သရုပ်ဆောင်ကောင်းတာရယ် သီချင်းတွေက ကိုယ်ငယ်ငယ်ကကြားခဲ့ သဘောကျခဲ့တဲ့ သီးချင်းတွေကြားရပြီး အဲ့သီချင်းတွေဖန်တီးခဲ့သူတွေဘယ်လိုဖန်တီးခဲ့သီဆိုခဲ့ အောင်မြင်ခဲ့တာကိုကြည့်ရတော့ သဘောကျနေမိတယ်။ (ငယ်ငယ်က TV ကြော်ငြာမှာ We will rock you သီချင်း ကော်ပီနဲ့ Coffee mix ကြော်ငြာကြီးပြန်ပြန်ကြားနေမိတာတော့ခံစားရတယ် ) Bohemian Rhapsody သီချင်းကိုသဘောကျတော့ ရုပ်ရှင်ထဲအဲ့သီချင်းနဲ့ပတ်သတ်တဲ့ story သိရတော့ပိုသဘောကျ ခံစားမိသွားတယ်။ တခုလေ့လာမိတာ အနုပညာသမားဆိုတာ ရူးသွပ်ရမယ်။ ရူးသွပ်တဲ့အထိ အသွေးအသားထဲ ခံစားနှစ်မြုပ်ပြီး ကိုယ်ယုံကြည်ရာအနုပညာကိုဖန်တီးနေရမယ်။ အကြောင်းပြချက်တွေပေးနေဖို့မလိုဘူး။ ကိုယ်ဘာခံစား ဖန်တီးချင်လဲ। ရအောင်ခံစားဖန်တီး။ U Nyi Htut ပြောတဲ့စကားတစ်ခုလိုပဲ" ပရိတ်သတ်ကြိုက်အောင်ပဲမလုပ်နဲ့। ပရိတ်သတ်ကသူတို့ကြိုက်အောင်လုပ်တာသိသွားရင် မကြိုက်တော့ဘူးတဲ့" ဒီစကားကိုမှတ်သားမိတာကြာပြီ। ဒီရုပ်ရှင်မှာ အဲ့ဒါပါသွားမြင်တယ်။ အရူးထပေါက်ပန်းလေးဆယ်လုပ်တာနဲ့ ခံစားသက်ဝင်ပြီး ထူးခြားအောင်လုပ်တာ မတူဘူး။ အနုပညာရှင်ရဲ့ အနုပညာပန်းတိုင်ရယ် အောင်မြင်မှူရယ်မှာ အဲ့အနုပညာရှင်ရဲ့ ကိုယ်ပိုင်ဘဝဆိုတာ ပေးဆပ်ရမှုတွေ ဒါဏ်ရာတွေ စွန့်လွတ်ရမှုတွေရှိတတ်တယ်ဆိုတာလည်းပိုသတိထားမိတယ်။ သိပ်အောင်မြင်တဲ့ ကမ္ဘာကျော်အဆိုတော်ကြီး Freddie သူချစ်တဲ့ မိိန်းကလေးနဲ့ကျအဆင်မပြေမှုတွေနဲ့ ဝေးကွာခဲ့ရတယ်။ လူ့ဘဝလူအကြောင်းဆိုတာ မှန်းရသိပ်ခက်တဲ့အတွက် ပုံသေတွက်လို့မရတဲ့အရာတွေအများကြီးရှိတယ်ဆိုတာပါတွေ့ရတယ်။ Musical films ကြိုက်သူတွေ Biographical Drama ကြိုက်သူတွေနဲ့ Queen ကြိုက်သူတွေကြည့်ရင် ကြိုက်မဲ့ ရုပ်ရှင်ကားကောင်းပါဗျာ။ ရုပ်ရှင်တွေချစ်လျက် ကသမန

Комментарии


bottom of page